“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA ရဲဘော်များကို အောက်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ MNDAA တာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ အပါအဝင် ပြည်သူ (၂၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် စစ်ရေးအောင်မြင်မှု ရရှိခဲ့သည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အထိ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း တရုတ်၏ ဖိအားပေးမှုအောက်တွင် ၂၀၂၅ ဧပြီလကုန်ပိုင်း၌ စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေ ဖြစ်လာနေသည်။















Leave a Comments