လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး လားရှိုးမြို့ရှိ စစ်တပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ထဲသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် ယနေ့နံနက်ပိုင်းတွင် စတင်ပြီးနောက် “၁၀၂၇ စစ်ဆင်ရေး”အတွင်း MNDAA ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများထဲမှ လောက်ကိုင်တွင် ထိန်းသိမ်းခံထားရသူ စစ်သုံ့ပန်း (၂၀၀) နီးပါးကို MNDAA ဘက်မှ ထပ်မံ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုးကန့်ဘက်က စစ်သုံ့ပန်း ၂၀၀ ကျော် ထပ်လွှတ်ပေးတယ်။ တိုင်းရုံးထဲကို ဒီနေ့ လာပို့သွားတာ လောက်ကိုင်ဘက် ဖမ်းထားတဲ့စစ်သားလို့ ပြောတယ်။ လားရှိုး နမ့်ပေါင်ဘက်က သံလွင်စံပြရွာမှာလည်း သုံ့ပန်းတွေ ချုပ်ထားတာ ရှိသေးတယ်၊ အဲ့ဒီက ပါ မပါတော့ မသိဘူး။ တခါတလေ လောက်ကိုင်ကော သံလွင်စံပြဘက်ကော နှစ်နေရာလုံးက လွှတ်ပေးတာရှိတယ်” ဟု လားရှိုးဒေသခံ အဆိုပါ အမျိုးသားက ပြောသည်။

ယခင်က MNDAA ဘက်မှ ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးပိုင်း စစ်သားများကိုသာ ပြန်လွှတ်ပေးခဲ့သော်လည်း ယခုတစ်ခေါက်တွင် အသက်ငယ်ရွယ်သူများလည်း ပြန်လွှတ်လာကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၅ ဧပြီလတွင် တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA တပ်ဆုတ်ခွာပြီးနောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် စစ်ကောင်စီသုံ့ပန်းများကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် MNDAA ဘက်မှ စစ်သုံ့ပန်း (၇၀) ခန့်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတွင်လည်း စစ်တပ်အရာရှိ အပါအဝင် စစ်သုံ့ပန်း (၂၀၀) ကျော်ကို လွှတ်ပေးခဲ့သည်။

အလားတူ ဇန်နဝါရီလကုန်ပိုင်းတွင် MNDAA ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်း (၅၀၀) ကျော်နှင့် ပေါင်းလိုက်ပါက ၂၀၂၆ နှစ်ဝက်အတွင်း စစ်တပ်ထံ စစ်ကောင်စီတပ်သား သုံ့ပန်း (၁၀၀၀) ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်တပ်ဗိုလ်ချုပ်အချို့ အပါအဝင် စစ်သုံ့ပန်း ထောင်နှင့်ချီ MNDAA ထံ လက်နက်ချ အဖမ်းခံခဲ့ကြပြီး ၎င်းတို့ထဲမှ စစ်သုံ့ပန်းစုစုပေါင်း (၃၀၀၀) ကျော်ကို MNDAA ဘက်မှ ပြန်လွှတ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...