လောက်ကိုင်မြို့ နေထိုင်ခွင့်ကတ် မလုပ်သူများကို MNDAA ဖမ်းဆီးပြီး လားရှိုးသို့ ပြန်ပို့

သျှမ်းပြည် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ကြောင်း စုံစမ်းသိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက် ပါမှသာ ဝင်ခွင့်ပြုပြီး ယခင်က ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“စာအုပ်လုပ်ရမယ်ဆိုတာ ကိုးကန့်က မူဝါဒ ချထားတာ။ နေထိုင်ခွင့် ၃ လ၊ ၆ လ၊ တစ်နှစ် အဲ့လိုမျိုး လုပ်ရတယ်။ မလုပ်တဲ့လူ ဖမ်းပြီးတော့ လားရှိုးဘက် ပြန်ပို့တယ်။ တုံချိန်ဘက်က သူတို့ရုံးမှာ သွားလုပ်ရတယ်။ သူတို့ထိန်းချုပ်တဲ့ နယ်မြေထဲကလူဆို စာအုပ်မလုပ်ရဘူး၊ တခြားနေရာက လာတဲ့လူမှန်သမျှ လူမျိုးတိုင်း အကုန်လုပ်ရတယ်”ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာယီနေထိုင်ခွင့်စာအုပ်ကို MNDAA ထံ သွားရောက်ပြုလုပ်ပါက ၃ လ၊ ၆ လ နှင့် တစ်နှစ်စာ နေထိုင်ခွင့်အတွက် တရုတ်ယွမ်ငွေ ၁၈၀၊ ၂၇၀ နှင့် ၃၉၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး တစ်သိန်းကျော်မှ နှစ်သိန်းခွဲခန့်) အသီးသီး ပေးဆောင်ရကြောင်း လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

အလားတူ ယာယီနေထိုင်ခွင့်စာအုပ် ပြုလုပ်ရန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း လိုအပ်ပြီး လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက် ပါရှိမှသာ ပြုလုပ်ပေးကြောင်း ဒေသခံများက ပြောဆိုသည်။

လောက်ကိုင်မြို့ MNDAA ထံ သွားရောက်ပြုလုပ်ရသည့် ယာယီနေထိုင်ခွင့်စာအုပ်

“မှတ်ပုံတင်လိုတယ်၊ အဓိက လောက်ကိုင်က အိမ်ရှင် ဒါမှမဟုတ် အလုပ်ရှင် အာမခံပေးဖို့လိုတယ်။ လောက်ကိုင်ဇာတိ မဟုတ်တဲ့လူလည်း မရဘူး၊ လောက်ကိုင်ကလူ အာမခံပေးမှပဲ ရတယ်။ စဖမ်းတာတော့ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက၊ ဖမ်းကြမ်းလို့လည်း အခု ဝိုင်းအုံပြီး လုပ်နေကြတာ”ဟု လောက်ကိုင်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လောက်ကိုင်မြို့တွင် ယာယီနေထိုင်ခွင့်စာအုပ်ကို MNDAA မှ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက စတင်လုပ်ပေးခဲ့ပြီး အချို့မှာ ထပ်မံသက်တမ်းတိုးကာ အလုပ်လုပ်နေကြကြောင်း သိရသည်။

MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္နီနှင့် ချင်းရွှေဟော်တို့မှာ ဒေသခံများမှာ လောက်ကိုင်မြို့သို့ ဝင်ရောက်လိုပါက ယာယီနေထိုင်ခွင့်စာအုပ် ပြုလုပ်ရန် မလိုဘဲ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ပြသရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် MNDAA တို့အကြား တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့သည့် ဇန်နဝါရီလ နောက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် တရုတ်လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။

၎င်းနောက် MNDAA ၏ လောက်ကိုင်မြို့ အုပ်ချုပ်ရေးကော်မတီမှ မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်လာပြီး မြို့အင်္ဂါရပ်နှင့် ပြည့်စုံစေရန် အိမ်နံပါတ် အသစ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များကို မြန်မာ-တရုတ် နှစ်ဘာသာ ပြန်ဆို၍ ပြန်လည်ပြုပြင် တပ်ဆင်သွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...