Wednesday, January 28, 2026

မူဆယ်ရောက် တရုတ်ပြည်တော်ပြန်များ နေထိုင် စားသောက်မှု ခက်ခဲနေ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ သို့ရောက်ရှိနေသည့် တရုတ် ပြည်တော်ပြန် တထောင်နီးပါးသည် အခက်အခဲများ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

 

Photo by မူဆယ်ဒေသခံတဦး

မြန်မာ-တရုတ် နယ်စပ်မူဆယ်မြို့ရှိ နန်းတော်ဂိတ်မှတဆင့် တရုတ်ပြည်တော်ပြန်များ သည် နေ့စဉ် ပြန်လည်ဝင်ရောက်လာပြီး၊ လားရှိုးမှတဆင့် ပြည်တော်ပြန်များကို သက်ဆိုင်ရာ ဒေသ အသီးသီးသို့ ပြန်လည် လွှဲပြောင်းပေးကြောင်း သိရသည်။

နေ့စဉ် ဝင်ရောက်လာသည့် ပြည်တော်ပြန်များ တနေ့ထက် တနေ့ပိုများပြား လာသဖြင့်စီစဉ်ထား ပေးသည့်နေရာထိုင်ခင်းများတွင်ပြည့်နှက်နေသည်သာမက စားဝတ်နေရေး အတွက် လည်း အခက်အခဲရင်ဆိုင်နေရသည် ဟု မူဆယ်မြို့ရောက် ပြန်တော်ပြန်များက ပြောသည်။

တရုတ်ပြည်တော်ပြန်များသည် သက်ဆိုင်ရာ၏ ညွှန်ကြားချက်ဖြင့် သာ နေထိုင်ရပြီး၊ မိမိသွားလိုသည့် ခရီးကိုလည်း သက်ဆိုင်ရာများကိုယ်တိုင် စီမံပေးကြောင်း ပြည်တော်ပြန် တဦးဖြစ်သည့် ကိုရန်စိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by မူဆယ်ဒေသခံတဦး

“ကျနော်တို့ အခု ဒီမှာနေနေတာ ၃ရက်ရှိပြီ။ ဒီမှာက လူအရမ်းများတယ်။ အလှူရှင်တွေကလည်း မနက်စာလောက်ပဲကျွေးနိုင်မယ်။ ကျနော်တို့ ဘာသာ ဝယ်စားရတယ်။ ငွေလည်း မကျန်တော့ဘူး” ဟု ကိုရန်စိုးက ဆိုသည်။

ပြည်တော်ပြန် အများစုသည် တရုတ်နိုင်ငံ တွင် ကြံခုတ်သည့် လုပ်ငန်းကို လုပ်ကိုင်ရပြီး၊ ကိုဗစ်-၁၉ ကာလကြောင့် လစာအနည်းငယ်သာရရှိလာကြသဖြင့် ငွေကြေး ကုန်လုနီးပါး ဖြစ်နေကြောင်း၊ မိမိနေရပ်သို့အမြန်ဆုံးပြန်ချင်ကြောင်း ကိုရန်စိုးက ပြောသည်။

“ ဒီမှာ ဆက်နေရင်ငွေကလည်း မကျန်တော့ဘူး။ ကားခလည်း ကိုယ့်ဘာသာကိုယ်ပေးရမယ်ဆိုတော့ ချန်ထားရတယ်” ဟု ကိုရန်စိုးက ပြောသည်။

Photo by မူဆယ်ဒေသခံတဦး

လက်ရှိ တွင်ထမင်း တနပ်လျှင် ၁၅၀၀ ကျပ် ၊ ၂၀၀၀ ကျပ် ဝန်းကျင်ဝယ်စားနေရကြောင်း၊ ကလေးများနှင့် ကိုယ်ဝန်သည် အမျိုးသမီးများလည်းရှိနေသည့် အတွက် နေထိုင်မှု သည် အရမ်းခက်ခဲနေကြောင်း၊ နေရပ်ကို အမြန်ပို့ပေးစေချင်သည် ဟုလည်း ပြည်တော်ပြန် မဇာခြည် က ပြောသည်။

“ အခုက လူတွေ လည်း များ၊ ကိုယ်ဝန်သည်ရော ကလေးတွေရောရှိတော့ နေရတာ အရမ်းခက်တယ်။ နောက် အိပ်ဖို့ကလည်း ဖြစ်သလို အိပ်ရတော့ အဆင်မပြေဘူး။ အားလုံးရော ထားတာ” ဟု မြင်းခြံ ဒေသမှ တရုတ်ပြည်သို့ အလုပ်လာလုပ်သည့် မဇာခြည် က ဆိုသည်။

အဆိုပါ ပြည်တော်ပြန်များကို သက်ဆိုင်ရာမှ ကျန်းမာရေး စစ်ဆေးမှုများ၊ အလှူရှင်များမှ အစားအသောက်များ လှူဒါန်းပေးကြောင်းလည်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သို့သော် ပြည်တော်ပြန်များပြောပြချက် အရ တရုတ်ပြည်တော်ပြန်များသည် လူဦးရေ များမှုကြောင့် မလောက်ငှကြောင်း၊ကျန်းမာရေး စစ်ဆေးမှုများလည်း လာရောက်ပြုလုပ်ပေးခြင်းမရှိကြောင်းလည်း စုံစမ်းသိရသည်။

“ ကျနော်တို့က ယူနန်ပြည်ထဲ ကနေ လာ တယ်။ ဒီမှာ နေတာ ၃ရက်ရှိပြီ ကျန်းမာရေး လာစစ်တာတွေ မရှိဘူး။ ဖြစ်သလို ထားထားတယ်။ အဆင်တော့မပြေဘူး” ဟု ဧရာဝတီ တိုင်းသို့ပြန်မည့် ပြည်တော်ပြန် ကိုစိုးမင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ရှိ နန်းတော် (အလယ်ပေါက်ဂိတ်) သို့ပြန်လာသည့် ပြည်တော်ပြန်များသည် တရက်လျှင် ၅၀၀ရှိပြီး၊ ဧပြီ ၃ရက် မှ မေ ၁၁ရက်ထိ ပြည်တော်ပြန် ဦးရေ ၁သောင်း ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိ မူဆယ်မြို့ တွင် ရောက်ရှိနေသည့် ပြည်တော်ပြန်များသည် မိမိအစီစဉ်ဖြင့် ပြန်ချင်ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။