Thursday, January 29, 2026

မူဆယ် မြို့ဝင် တိုးဂိတ် ဗုံးပေါက်ကွဲခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ အဝင် တိုးဂိတ် ၌ ယနေ့ ည ၈နာရီခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by Thaung Tun/ Facebook

ဖြစ်စဉ်မှာ မူဆယ်မြို့ အဝင် တိုးဂိတ် တွင် အမည်မသိ လက်နက်ကိုင် ၂ဦးသည် ဆိုင်ကယ် မောင်းနှင်လာပြီး အိတ်ကို တိုးဂိတ် ငွေကောက် ကောင်တာ အတွင်းသို့ ပစ်ချခဲ့သည်၊ ထိုပစ်ချလိုက်သည်ကို သိသိချင်း ငွေကောက်နေသူက ထွက်ပြေးသဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်း မျက်မြင်အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကုန်ကားတွေ များနေတော့ တိုးဂိတ်ကို ပိတ်ထားတာ။ အဲ့မှာ လူ ၂ ဦးဆိုင်ကယ် မောင်းလာပြီး အိတ်အနက်ရောင်ကို လာပစ်ချသွားတယ်။ ငွေကောက်နေတဲ့ ကလေးက ထွက်ပြေးပြီးသတင်းပို့နေချိန်မှာပဲ ပေါက်ကွဲသွားတာ။လူမထိဘူး” ဟု အဆိုပါ မျက်မြင်အမျိုးသားက ဆိုသည်။

ပေါက်ကွဲမှု ပြင်းထန်သော်လည်း လူထိခိုက်မှု တစုံတရာမရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် တိုးဂိတ် တခုလုံး ပျက်စီးသွားကြောင်းလည်း မူဆယ်မြို့ မှ အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတဦးက ပြောသည်။

Photo by Thaung Tun/ Facebook

“ဒီချိန်က အားလုံး မျက်နှာဖုံး၊နှာခေါင်းစည်း ( Mask) တပ်တော့ ဘယ်လို ပုံစံဆိုတာ ပြောရခက်တယ်။ ဒါပေမယ့်ကျနော်တို့ CCTVပြန်ကြည့်နေကြပါတယ်” ဟု ၎င်း တာဝန်ရှိသူ က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အချိန်ကာလ ဖြစ်သည့် အလျောက် ဗုံးပေါက်ကွဲမှုကလည်း ဆက်တိုက်ဖြစ်နေသည့် အပေါ် စိုးရိမ်ထိတ်လန့်နေကြောင်း လည်း မူဆယ်ဒေသခံများက ပြောသည်။

Photo by Thaung Tun /Facebook

“ အခုကာလက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်တဲ့ ကာလဖြစ်တယ်။ လူတွေကတော့ အပြင်မထွက်ပေမယ့်ဒီကလူတွေက ဗုံးလည်းလန့်ရ၊ ရောဂါလည်း လန့်နေရတယ်။ သတိတော့ရှိရတာပေါ့” ဟု မူဆယ်ဒေသခံ စိုင်းမောဝ် က ပြောသည်။

လွန်ခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း မူဆယ်မြို့ ဆက်သွယ်ရေးရုံးအနီးရှိ MPTရုံးခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ဧပြီ ၂၃ရက်တွင်လည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး ပေါက်ကွဲခံခဲ့ရသည်။

မူဆယ်မြို့ သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး လက်ရှိ အချိန်ကာလတွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ မူဆယ်မြို့တွင် တထောင်ကျော် သောင်တင်နေသည်။

.
.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News