ကိုဗစ်-၁၉ ကာလ တောင်ကြီးတွင် Mask Campaign ပြုလုပ်

သျှမ်းပြည်အစိုးရအဖွဲ့ မှ ဦးဆောင်ပြီး Mask တပ်ခြင်း ယဉ်ကျေးမှု ဖြစ်ပေါ်စေရန်အတွက် Mask Campaign (နှာခေါင်းစည်း) တပ်ဆင်ခြင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by SHAN

အဆိုပါ Mask Campaign ကို မေလ ၇ ရက် ယနေ့ မနက် ၇ နာရီမှာ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် အားလုံး တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။

“ mask ယဉ်ကျေးမှု ဖြစ်ပေါ်ဖို့ ပါ။ ကျနော်တို့ မြို့ပြတွေမှာ အများဆုံး ကူးစက်နိုင်မှု ဖြစ်နိုင်ချေများတယ်။ မြို့ပြမှာ လူတန်းစားပေါင်းစုံတယ်။ ဈေးလည်းစုံတယ်။ အလုပ်သမားလည်း စုံတယ်” ဟု သျှမ်းပြည်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

Photo by SHAN

မြို့ ပြတွင် လူမျိုးစုံသည့် အတွက် mask ယဉ်ကျေးမှုကို ကိုဗစ် -၁၉ ကာလ သာမက ကိုဗစ်အလွန်ကာလတွင်လည်း ထို ယဉ်ကျေးမှုကို စာသင်ကျောင်းများ၊ အလုပ်ရုံများနှင့် စက်ရုံများတွင် ဆက်လက်တည်ဆောက်သွားရန် ရည်ရွယ်သည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဟု ဦးစိုးညွန့်လွင် က ပြောသည်။

ယနေ့ ပြုလုပ်သည့် Mask Campaign ကို ပျံကျဈေးနေရာများမှာ အဓိက ပြုလုပ်သွားသည်ကို တွေ့မြင်ရသည်။

“မျက်နှာဖုံးက တစ်ခါတည်းပဲ ပေးနိုင်တာပါ။ ကျန်းမာရေး ပညာကို အဓိက ပေးချင်တာပါ။ မျက်နှာဖုံးတပ်ဆင်သင့်တယ်။ လက်ဆေးသင့်တယ်။ မျက်နှာဖုံး တပ်ထားရင်လည်း ၃ ပေလောက် နေပေးပါလို့ အဓိက ပညာပေးချင်တာပါ” ဟု သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မီဒီယာများကို ဖြေကြားသည်။

Photo by SHAN

လူသွားလူလာများသည့် ဈေးများတွင် ဈေးသည်များအတွက် Mask Campaign လုပ်ပေးသည့်အပေါ် ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိသော်လည်း လိုအပ်ချက် အများကြီးရှိသေးကြောင်း၊ စီမံခန့်ခွဲမှုပိုင်း အားနည်းသည်ကိုတွေ့မြင်ရကြောင်းလည်း တောင်ကြီးမြို့ Fight Covid-19 volunteer groupက နန်းခင်ဘုန်းသွယ် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ Mask ဝေတဲ့နေရာမှာ Volunteerတွေကိုလည်း ပူးပေါင်းပေးဖို့ဖိတ်ခေါ်ထားပေမယ့် စီမံခန့်ခွဲမှုအပိုင်းအားနည်းတာတွေ့ရတယ်။ လူတွေစုပြုံသွားပြီး ဈေးသွားဈေးလာတွေနဲ့မသင့်တော်ဘူး။ ကြိုတင် တာဝန်စနစ်တကျခွဲထားပေးပြီးဝေခိုင်းလိုက်ရင် လူလည်း မအုံတော့ဘူး ထိရောက်မှုလဲရှိမယ်” ဟု နန်းခင်ဘုန်းသွယ် က ဆိုသည်။

ယနေ့ မီးပုံးပျံကွင်း ရှေ့ ဘက်ခြမ်းတွင် သျှမ်းပြည် အစိုးရက ဈေးသည်တွေအတွက် Mask များယူလာသော်လည်း တကယ်ပေးသည့် အချိန်မှာ လာကူဝေပေးသည့် volunteerတွေလက်ထဲလည်း လုံလုံလောက်လောက်မရကြောင်း၊ ဝတ်စုံဆင်တူနှင့် တချို့လူများသည် ဝေရမည့် Mask များကို အိပ်ထဲထည့်သွားသည်ကိုတွေ့ရကြောင်း နန်းခင်ဘုန်းသွယ်က ပြောသည်။

Photo by SHAN

“ လူအင်အားပဲများနေပြီး ဈေးသည်အယောက်စေ့အောင် မပေးနိုင်တာတွေ့ရပါတယ်။ နောက်များမှာ ထပ်လုပ်မယ်ဆိုရင် စနစ်တကျနဲ့ ပစ္စည်းရော လူအင်အားရော waste မဖြစ်ရအောင် စီမံနိုင်ရင်တော့ ကောင်းပါတယ်” ဟု နန်းခင်ဘုန်းသွယ် က ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်အောင် Mask Campaign ကို သျှမ်းပြည် အရှေ့ပိုင်း နှင့် မြောက်ပိုင်း မှာလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ တစ်ပတ်တစ်ကြိမ် တစ်လ ပြုလုပ်သွားရန် အစီစဉ် ရှိကြောင်း သိရသည်။

ယနေ့ သျှမ်းပြည် အစိုးရ Mask Shan Campaign (မျက်နှာဖုံး၊ နှာခေါင်းစည်း) တပ် လှုပ်ရှားမှု နှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ်မှု ရှိနေသည် ကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တွေ့မြင်ရသည်။

တချို့မှာ သျှမ်းပြည် အစိုးရကိုယ်တိုင် ထုတ်ပြန်သည့် လူစု၊ လူဝေး မနေကြရန်၊ ၅ဦးထက် မပိုရ စသည့် အချက်ကို အစိုးရ ကိုယ်တိုင် ချိုးဖောက်နေသည် ဟုလည်း ထောက်ပြ ပြောဆို ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...