မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် တချို့ Quarantine မဝင်ရသေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမှပြန်ရောက်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်မှ တချို့သည် Quarantine မဝင်ရသေးကြောင်း သိရသည်။

Photo by SHAN- ၄၈ နာရီကြာ ကားစီးပြီးနောက် တရုတ်မှပြည်တော်ပြန်လာသူများ မေလ ၄ ရက်နေ့ညက တောင်ကြီးမြို့ ကားကြီးကွင်းသို့ ရောက်ရှိ

မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်ထဲမှ ၃၆၅ ဦးသည် မိုင်းလားမြို့တွင် ၂၁ရက် Quarantine ဝင်ထားပြီး ဖြစ်သော်လည်း ကျန်သည့် ၄၀ ကျော်သည် Quarantine ဝင်ထားခြင်း မရှိကြောင်း သိရသည်။

ထိုပြည်တော်ပြန်များသည် မိုင်းလား – ကျိုင်းတုံ မှတဆင့် တောင်ကြီးသို့ယမန်နေ့(ဧပြီ ၄ ရက်) ည ကရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် တောင်ကြီးမြို့ တွင် ခေတ္တ ရပ်နားကာ ကားလဲလှယ်ပြီး သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းတောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ပြောသည်။

Photo by SHAN- ၄၈ နာရီကြာ ကားစီးပြီးနောက် တရုတ်မှပြည်တော်ပြန်လာသူများ မေလ ၄ ရက်နေ့ညက တောင်ကြီးမြို့ ကားကြီးကွင်းသို့ ရောက်ရှိ

“လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတာနဲ့ သတ်မှတ်ထားတဲ့ ကားပေါ် တင်ပြီး နေရပ် အသီးသီးပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လမ်းတလျှောက် မဆင်းရအောင် အဆင်ပြေစေရဖို့အတွက်လည်း ထမင်းထုပ်ပါ တစ်ခါတည်း ထည့်ပေးပါတယ်” ဟု ဦးဖြိုးမင်းထိုက် က ပြောသည်။

ထို ပြည်တော်ပြန် ၄၀၀ ကျော်သည် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့၊ မကွေးတိုင်း နှင့် ဧရာဝတီတိုင်း တို့မှဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်း တို့ဖြစ်ကြောင်း သိရသည်။

“တတိယအကြိမ်မြောက် တောင်ကြီးကို ရောက်ရှိလာတဲ့ ပြည်တော်ပြန်တွေ ဖြစ်တယ်။ သက်ဆိုင်ရာနေရပ် အသီးသီးပြန်လည် ရောက်ရှိစေရေးအတွက်စုပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောသည်။

ပြည်တော်ပြန်များသည် မိုင်းလား မှ တဆင့် ကျိုင်းတုံ၊ တောင်ကြီး သို့ဝင်ရောက်လာပြီး တောင်ကြီးမှ တစ်ဆင့် သက်ဆိုင်ရာ ပြည်နယ်၊တိုင်းသို့ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။

မေလ ၆ ရက်နေ့တွင်လည်း တောင်ကြီးမြို့သို့ ပြည်တော်ပြန်များ ထပ်မံ ရောက်ရှိဉီးမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...