Friday, April 26, 2024

ပြည်တော်ပြန်

မူဆယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန် (၃၀၀)ကျော် ထပ်မံဝင်ရောက်

သျှမ်းမြောက် မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် တရုတ်ပြည်မှ ပြန်ဝင်လာသူ (၃၀၀)ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက်နေ့တွင်လည်း ပြည်တော်ပြန် (၃၀၀)ကျော်ရှိပြီး ယနေ့ ထပ်မံဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်တော်ပြန်များကို ကူညီရေးဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ထပ်ဝင်လာတာ (၃၀၀)ကျော်၊ မနေ့ကလည်းဝင်တယ်၊ ကျနော်တို့ကတော့ ဒီ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်တွင် ပြည်တော်ပြန် ၇၅ ဦး လက်ခံရရှိ

မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၂) တွင် ပြည်တော်ပြန် ၇၅ဦး ယနေ့ စတင် လက်ခံခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို ပြည်တော်ပြန် ၇၅ ဦးသည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျပြီး ပြန်လွှတ်လာသည့် သူ ၂၈ဦး နှင့် ထိုင်းနိုင်ငံတွင် လုပ်လုပ်သည့်...

မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် တချို့ Quarantine မဝင်ရသေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမှပြန်ရောက်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်မှ တချို့သည် Quarantine မဝင်ရသေးကြောင်း သိရသည်။ မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်ထဲမှ ၃၆၅ ဦးသည် မိုင်းလားမြို့တွင် ၂၁ရက် Quarantine ဝင်ထားပြီး ဖြစ်သော်လည်း ကျန်သည့် ၄၀ ကျော်သည် Quarantine...

မြန်မာ-ထိုင်းတံတား ၂ ပြည်တော်ပြန် ယခုချိန်ထိ မရှိသေး

သျှမ်းပြည်အရှေ့ပိုင်း မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) တွင် ပြန်ဝင်လာမည့် ပြည်တော်ပြန်များ ယနေ့ မေလ ၁ ရက်နေ့မှာ စာရင်းပေးထားခြင်း မရှိသေးကြောင်း သိရသည်။ တာချီလိတ်တွင် ရှိသည့် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)...

ကိုးကန့် ဒေသရောက် ပြည်တော်ပြန် တချို့ သက်ဆိုင်ရာ ဌာနဆိုင်ရာက လာခေါ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရောက်ရှိနေသည့် တရုတ်ပြည်တော်ပြန် ၅၀၀ ကျော်ကို သက်ဆိုင်ရာ တိုင်းအစိုးရ မှ လာရောက်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ တရုတ်ပြည်တော်ပြန် ၁၂၀၀ကျော်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ဒေသခံ အများစုဖြစ်ပြီး၊လက်ရှိ ပြန်သွားဦးရေ မှာ (၅၁၅)ဦးရှိကြောင်း လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း တဦးက...

နမ္မတူတွင် ပြည်တော်ပြန် တချို့ Quarantine ခံယူမှုမရှိ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းသို့ပြန်လာသည့် ပြည်တော်ပြန်များသည် COVID-19 ကော်မတီကို အကြောင်းမကြားဘဲ မိမိနေအိမ်သို တိတ်တဆိတ့် ပြန်နေနေကြကြောင်း သတင်းရရှိသည်။ ထိုင်း၊ တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန် များသည် Quarantine ဝင်ရောက်နေထိုင်ခြင်းမရှိဘဲ မိမိနေအိမ်သို့ တိတ်တဆိတ်ပြန်နေကြသဖြင့် နမ္မတူဒေသခံများ COVID-19ပျံ့နှံ့မှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း...

တာချီလိတ်တွင် ပြည်တော်ပြန် ၂ဦး စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၁၄ရက် စောင့်ကြည့်ခံရသည့် ပြည်တော်ပြန် ၂ ဦးကို စောင့်ကြည့်လူနာ အဖြစ် တာချီလိတ်ပြည်သူ့ဆေးရုံ ၌ သီးခြား ထားရှိကြောင်း သိရသည်။ အဆိုပါ ၂ဦးသည် ဧပြီ ၆ရက်က မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား(၂) မှ ပြန်တော်ပြန်ပို့ခံရသည့် သူများဖြစ်ကြပြီး...

တာချီလိတ်ရောက် ရွှေ့ပြောင်းအလုပ်သမား ၁၈၈ ဦး ၁၄ ရက် စောင့်ကြည့်သွားမည်

မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတား ပိတ်ထားသော်လည်း ပြည်တော်ပြန် မြန်မာ ၂၀၀ နီးပါး ယနေ့ တာချီလိတ်မြို့သို့ထပ်မံ ဝင်ရောက်လာကြောင်း သတင်းရရှိသည်။ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား သည် COVID-19 ဖြစ်ပွားပြီးနောက် မတ် ၂၅ ရက် မှစတင် ပိတ်လိုက်သော်လည်း ပြည်တော်ပြန်...

COVID 19 ကြောင့် သျှမ်းပြည်သူများ သဘောထားကွဲလွှဲမှုများလာ

ကူးစက်မြန် COVID 19 ကမ္ဘာ့ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရကနိုင်ငံကို lock down ချလိုက်ပြီး နိုင်ငံအတွင်းရှိ လူစုလူဝေးဖြစ်စေမည့် နေရာများကိုလည်း ခေတ္တပိတ်ထားရန်ကြေငြာရာ အလုပ်လက်မဲ့ ဖြစ်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ နှင့် ရောဂါပြန့်ပွားကူးစက်မည်ကို စိုးရိမ်မှု ဖြစ်နေသည့်...

Latest news