Tuesday, January 27, 2026

ကိုးကန့် ဒေသရောက် ပြည်တော်ပြန် တချို့ သက်ဆိုင်ရာ ဌာနဆိုင်ရာက လာခေါ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရောက်ရှိနေသည့် တရုတ်ပြည်တော်ပြန် ၅၀၀ ကျော်ကို သက်ဆိုင်ရာ တိုင်းအစိုးရ မှ လာရောက်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by ကုမုဒြာ/ ချင်းရွှေဟော် နယ်စပ်ဂိတ်ပုံ

တရုတ်ပြည်တော်ပြန် ၁၂၀၀ကျော်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ဒေသခံ အများစုဖြစ်ပြီး၊လက်ရှိ ပြန်သွားဦးရေ မှာ (၅၁၅)ဦးရှိကြောင်း လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကျနော်တို့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကနေ လားရှိုး အထိ ပို့ပေးတယ်။ လားရှိုးရောက်ရင် သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းအစိုးရ တွေက ဆက်လက် လုပ်ဆောင်သွားတာပါ”ဟု လောက်ကိုင်ဒေသ အစိုးရ ဝန်ထမ်းတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ပြည်တော်ပြန်များကို ဧပြီ ၂၈ ရက်နှင့် ဧပြီ ၂၉ ရက်နေ့တွင် လောက်ကိုင်မြို့ မှ လားရှိုးမြို့ထိ ပို့ဆောင်ပေးခဲ့ပြီး ထိုသူများကို သက်ဆိုင်ရာတိုင်းအစိုးရအသီးသီးမှ လာရောက်ခေါ်ဆောင်သွားကြောင်း ကြာင်းသိရသည်။

“ယာယီစခန်းမှာ သီးသန့်ထားပြီးတော့ လူစုပေးတယ်။ ပြီးတော့ သူတို့ ပြန်နိုင်ဖို့အတွက် ကားစီစဉ်ပေးပြီး ကားခတော့ ပြည်တော်ပြန်တွေဘက်က ပေးရတယ်”ဟု လောက်ကိုင် အစိုးရဝန်ထမ်း ကပြောသည်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရချင်းရွှေဟော်နယ်စပ်မြို့မှ တရုတ်နိုင်ငံမှ ပြည်တော်ပြန်၂၅၀၀၀ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး သိရသည်။ ထိုနည်းတူ မူဆယ်ဂိတ် ဘက်တွင်လည်း တရုတ်ပြည်တော်ပြန်များ ဝင်ရောက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...