မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။

တာချီလိတ် နယ်စပ်ဂိတ်

ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နေပြည်တော်ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ကနေ တစ်ဆင့် တာချီလိတ်မှာ ရှိတဲ့ ချစ်ကြည်ရေးတံတား အမှတ် (၁) နယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၂၄ ရက်မှာ ပြန်ဖွင့်နိုင်ဖို့ အသင့်အနေအထားဖြစ်စေတဲ့ ညွှန်ကြားချက် ထုတ်ပြန်လာခဲ့ပါတယ်။

အဲ့ဒီ ချစ်ကြည်ရေး အမှတ် (၁) တံတား နယ်စပ်ဂိတ်ဟာ သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ နဲ့ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ ရှိတဲ့ တံတားဖြစ်ပါတယ်။

“ဖွင့်ဖို့တော့ နေပြည်တော်ကနေ ညွှန်ကြားစာ ပို့လာတယ်တဲ့။ ဒီလရဲ့ နောက်ဆုံးပတ်တွေမှာပဲ ဖွင့်သွားမယ်တဲ့။ အသေးစိတ်တော့ ဘယ်နေ့ဖွင့်မလဲ မသိသေးဘူး။ တံတားကို ဖွင့်မဲ့ ကိစ္စကလည်း ကျနော်တို့ အရမ်းကြီး မယုံရဲသေးဘူး။ တံခါးဖွင့်ပြီဆိုမှ ဖွင့်ပြီလို့ပဲ ယုံလို့ရမှာ။ အခုတော့ ဖွင့်မယ် မဖွင့်ဘူးဆို ယုံလို့မရသေးဘူး” လို့ တာချီလိတ်မြို့ခံ စိုင်းရွှေ က ပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်မှာ ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် မြန်မာ – ထိုင်း နယ်စပ်ဂိတ် တံတားပြန်လည်ဖွင့်လှစ်နိုင်ဖို့ မြန်မာနိုင်ငံဘက်ခြမ်း အနေနဲ့ သက်ဆိုင်ရာ ဝာာဝန်ရှိသူတွေကို စေလွတ်ပြီး မြေပြင် အခြေအနေကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

တာချီလိတ်ဆိုင်းဘုတ်

မြန်မာ – ထိုင်း နယ်စပ်ဂိတ် တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးဖို့ စေလွတ်တဲ့အပြင် နယ်စပ်ဂိတ် တံတားတလျှောက် သန့်ရှင်းရေးဝန်ထမ်းဉီးရေ ၁၀၀ ထက်မနည်း ခန့်အပ်တာဝန် ပေးထားတယ် လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ ဖွင့်တော့မယ်လို့တော့ ကြားတယ်။ သန့်ရှင်းရေးတွေ သွားလုပ်နေတာလည်းရှိတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးတွေလည်း စည်းဝေးလုပ်နေတယ်။ ဘယ်တော့ ဖွင့်မလဲတော့ မသိသေးဘူး။ ဖွင့်ဖို့တော့ မျှော်လင့်တာပေါ့။ ဖွင့်လို့ရှိရင် အသွားလာတွေ လွယ်ကူမယ်” လို့ တံတား ဖွင့်မယ့် အခြေအနေ နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သတင်းရင်းမြစ် တစ်ဉီးက ပြောပါတယ်။

မြေပြင်ကွင်းဆင်း စစ်ဆေးတဲ့ ဌာနဆိုင်ရာ ဝာာဝန်ရှိသူတွေဟာ စစ်ဆေးမှု အခြေအနေ နဲ့ ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ ရုံးချုပ်ကို မြေပြင်အခြေအနေ နဲ့ တကွ အစီရင်ခံစာတင်ပြီး ဆုံးဖြတ်ချက် တောင်းဆိုရတယ်လို့ ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ မယ်ဆိုင် နဲ့ တာချီလိတ်ဘက်မှာ ရှိတဲ့ နယ်စပ်ဂိတ် တံတားပြန်လည် ဖွင့်လှစ် ခြင်း နဲ့ သက်ဆိုင်တဲ့ တာဝန်ရှိ သူတွေကိုလည်း အစီရင်ခံစာ ပြန်တင်ရပြီး နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လိုတဲ့အကြောင်း ထိုင်းနိုင်ငံဘက်ခြမ်း ကိုလည်း အကြောင်းကြားစာ ပို့ရပါတယ်။

တာချီလိတ်

သို့သော် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နယ်စပ်ဂိတ် တံတားကို ပြန်ဖွင့်မယ် ဆိုတဲ့ သတင်းဟာလည်း နှစ်ဖက်နိုင်ငံက တာဝန်ရှိသူတွေ မယ်ဆိုင် တံတား အမှတ် (၁) မှာ တွေ့ဆုံခဲ့ပြီး ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်လျှော့ချရေး နဲ့ နိုင်ငံ အဝင်အထွက် ပြုသူတွေကို စိစစ်ဖို့ အဓိက ဆွေးနွေးခဲ့ ကြရာမှာ ယနေ့ထက်တိုင် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ် နိုင်ခြင်း မရှိခဲ့ပါဘူး။

အဓိက အကြောင်းပြချက်အနေနဲ့တော့ – တရုတ်ဘက် ကနေ မြန်မာ – တရုတ် နယ်စပ်ဂိတ် လမ်းကြောင်းတွေကို ဇန်နဝါရီလ ၈ ရက်နေ့မှာ တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် မိုင်းလားက နယ်စပ်ဂိတ်လမ်းကြောင်းတွေလည်း ပြန်လည်ဖွင့်လှစ်ခဲ့ရပါတယ်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်တဲ့ သျှမ်းပြည် မူဆယ်ဘက်မှာရှိတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကုန်တင်ကားတွေကိုသာ သွားလာခွင့်ပြုပြီး လူပုဂ္ဂိုလ် ဖြတ်သန်း သွားလာခွင့် မပြုသေးပါဘူး။

တဖက်မှာလည်း မြန်မာ – ထိုင်းနယ်စပ် လမ်းကြောင်း တခုဖြစ်တဲ့ မြဝတီ – မဲဆောက် လမ်းကြောင်းဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ မှာ တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ နယ်စပ်ဂိတ်အကြောင်း ကျွမ်းကျင်တဲ့ လေ့လာသုံးသပ်သူ အများစုက မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံ သဘောတူညီချက်ရရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခြေအနေ အရပ်ရပ်ကို ကောင်းမွန်သေချာအောင် စိစစ် ပြီး တာချီလိတ် – မယ်ဆိုင် နယ်စပ်ဂိတ်လမ်းကြောင်းလည်း မကြာခင် ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

“ တကယ့် အခြေနေကို ကြည့်မယ်ဆိုရင်လည်း ဘာမှမကွာခြားဘူး။ ဖွင့်ဖို့ အကြိမ်ကြိမ်လုပ်နေတာ။ ဒါကြောင့် ပြည်သူတွေလည်း အရမ်းကို မမျှော်လင့်ရဲတော့ဘူး။ တံတားတကယ်ဖွင့်မှပဲ အဆင်ပြေတော့မယ်။ ကျနော်တို့ ဒီဘက်ကတော့ အရမ်းကို သိပ်မမျှော်လင့်ရဲတော့ဘူး” လို့ တာချီတ်လိတ်မြို့နေ စိုင်းရွှေ (နာမည်လွဲ) ပြောပါတယ်။

ပြန်လည်ဖွင့်ခြင်း မဖွင့်ခြင်းနဲ့ သံသရာ လည်နေတဲ့ အမှတ် (၁) တာချီလိတ် – မယ်ဆိုင် နယ်စပ်ဂိတ် လမ်းကြောင်းဟာ မြန်မာ – ထိုင်း နှစ်ဖက်နိုင်ငံပြည်သူများအတွက် အဓိက အရေးပါတဲ့ နယ်စပ်လမ်းကြောင်း တစ်ခု ဖြစ်နေပါတယ်။

အဘယ်ကြောင့် ဆိုလျှင် ထိုင်းနိုင်ငံ ဘက်ခြမ်း မယ်ဆိုင် ဒေသခံ ပြည်သူတွေ အနေနဲ့ စားသောက်ကုန်တွေ၊ ဆောက်လုပ်ရေး ဆိုင်ရာ ကိရိယာတန်ဆာ ပစ္စည်းတွေ နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို မြန်မာ – ထိုင်းနယ်စပ်ရှိ သျှမ်းပြည် ဘက်ကိုပဲ ရောင်းချရတာ ဖြစ်ပါတယ်။

တာချီလိတ်က ဒေသခံတွေ အနေနဲ့လည်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းကနေ တင်ပို့လာတဲ့ စားသောက်ကုန်တွေ၊ အခြေခံ လူသုံးကုန် ပစ္စည်းတွေကို အားထားနေရတာပါ။ နယ်စပ် တံတားဂိတ် ပိတ်ထားတဲ့ ၃ နှစ်တာ ကာလပတ်လုံးမှာ တာချီလိတ်က ပြည်သူတွေ အနေနဲ့ ကုန်စည်ဈေးနှုန်း မြင့်တက်မှုဒဏ်တွေကို ခံရသလို တခါတရံ ကုန်ပစ္စည်း ရှားပါး ပြတ်လပ်တာလည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“မယ်ဆိုင်ဘက်လူဆိုရင် အရမ်းကို မျှော်လင့်နေတယ်။ တံတားမှာ ဆိုင်ကယ် ကယ်ရီ လုပ်နေတဲ့ သူတွေဆို သူတို့ အရမ်းမျှော်နေတယ်။ တာချီလိတ်ဘက်ကလူတွေ မမျှော်ဘူးလာဆိုရင် မျှော်တာ ပေါ့။ ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ ၊ ဆေးဝါးတွေက အဲ့ဘက်ကပဲ ယူရတာကိုး၊ ပြီးတော့ ဒီဘက် ကလေးတွေ အများစုလည်း အဲ့ဘက်ကိုပဲ ကျောင်းသွားတက်တယ်လေ၊ ဒါကြောင့် ဒီတံတားပြန်ဖွင့်ရင် အရာရာအတွက် ကောင်းပါတယ်” လို့ တံတားကို ပြန်ဖွင့်ရန် မျှော်လင့်နေတဲ့ တာချီလိတ်က ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဉီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဘက်ခြမ်း မယ်ဆိုင်ဘက်ကို ကျောင်းတက် ပညာရှာ နေတဲ့ တာချီလိတ်က ကလေးသူငယ်တွေ ကျောင်းသား/သူတွေလည်း ကျောင်းတက်ရတဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရှိနေကြတဲ့ မြန်မာ – ထိုင်းနယ်စပ် အမှတ် (၁) တံတားပြန်လည်ဖွင့်ခြင်း မဖွင့်ခြင်းဟာ နှစ်ဖက်နိုင်ငံ ရှိ ကလေးငယ်များ၊ ကျောင်းသား/သူများ၏ ဘဝတက်လမ်းအတွက် ဖြစ်စေသလို နှစ်ဖက်နိုင်ငံ ပြည်သူများ၏ စီးပွားရေး ရောင်းဝယ် ဖောက်ကားရေး စိုပြေချော့မွေ့လာစေဖို့ အဓိက သော့ချက်လည်း ဖြစ်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...