Monday, July 22, 2024

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

Must read

ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသို့ ကြံတင်ပို့နေသည့်ပုံ

ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။

“ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊ လူအင်အားထည့်ထားတယ်လေ။ တရုတ်ဘက်ကို ရောင်းထားတဲ့ ကြံအတွက်ကလည်း ပိုက်ဆံပြန်မရရှိသေးဘူးလေ။ ပိုက်ဆံမရရှိသေးတော့ ထပ်စိုက်ဖို့ အခက်ခဲဖြစ်နေတယ်” ဟု ရွှေလီမြစ်ဝှမ်းမှ ကြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသို့တင်ပို့ပေးလိုက်သည့် ကြံများအတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ငွေလွှဲပေးမည် ဟု တရုတ်ဘက်က ပြောဆိုသော်လည်း လက်ရှိအချိန်ထိ တရုတ်ဘက်မှ ငွေမလွှဲပေးသေးကြောင်း ကြံပိုင်ရှင်များက ပြောသည်။

ထို့အပြင် အချို့သော ပြည်သူများကလည်း ကြံကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုဗစ် ၁၉ နှင့် နိုင်ငံရေး အခြေနေကြောင့် ယခင်နှစ်တွေက ကြံပိုင်ရှင်များ အများပြားဆုံးရှုံးထားရသည့်အတွက်ကြောင့် ယခုနှစ်အတွက် ငွေပြန်လွှဲပေးစေလိုကြောင်း ကြံပိုင်ရှင်များက ပြောသည်။

“ အခုအချိန်ထိ ပိုက်ဆံရမယ်လို့ ယုံကြည်ပြီးတော့ ကြံတွေကို ဖြတ်ပြီးတော့ တရုတ်ကို ပို့ပေးနေသေးတာလည်းရှိတယ်။ တစ်ချို့လည်း မပို့ပေးတော့ဘူး။ သူတို့ပြောတာ ငွေလွှဲပေးမယ်ဆိုတာ လွှဲလာခိုင်းစေချင်တယ်။ အခုက လကုန်တော့မယ်မလွှဲလာပေးဘူးလေ။ ပြီးခဲ့ ၂ နှစ်တုန်းကလည်း ကျနော်တို့ အများကြီးရှုံးထားပြီး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ စပြီး တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်တွေကို ပိတ်ထားသည့်အတွက်ကြောင့် ကြံပိုင်ရှင်များက ကြံကို ရွှေလီမြစ်ဝှမ်းတွင်းသို့ အများပြားစွန့်ပစ်ခဲ့ရသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်မှ စပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ကိုဗစ် သုည မူဝါဒကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် Lockdown ဖြေလျှော့ပေးခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကုန်တင်ကားများအတွက် ရှန်တိန် (ကားအစားထိုးမောင်း) စနစ်ကို ဖျက်သိမ်းပေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article