မိုင်းရယ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တောင်ယာသွားဖို့အခက်ကြုံ

သျှမ်းပြည် မိုင်းရယ်မြို့နယ် စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့စစ်ရေးတင်းမာမှုကြောင့် တောင်ယာသွားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး အင်အားဖြည့်တင်းလာတာကြောင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ဒေသခံပြည်သူများ တောင်ယာ ကြံစိုက်ခင်းသို့ မသွားရဲဖြစ်နေကြသည်။

စစ်ကောင်စီမှ အင်းအား မကြာခဏဖြည့်တင်းမှုများပြုလုပ်နေခြင်းကြောင့် ကြံစိုက်ခင်းပိုင်ရှင်များ စိုက်ခင်းသွားမကြည့်ရသည်မှာ ၂ လရှိပြီဖြစ်ပြီး ခြံသွားသည့်အချိန်တွင် စစ်ပွဲ ဖြစ်မည်ကိုစိုးရိမ်ကြောင်း ဒေသခံများကပြောသည်။

“ ကြံစိုက်ခင်းမသွားတာ ၂ လလောက်ရှိပြီ။တကယ်လို့ စိုက်ခင်းသွားရင်လည်း မိုင်းနင်းမိမှာ ကြောက်တယ်။ပြီးတော့ စိုက်ခင်းသွားကြည့်နေရင်း စစ်ပွဲ ဖြစ်လာမှာစိုးတယ်။ ဒါကြောင့် မသွားရဲဘူး။” ဟု ကြံစိုက်ခင်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့မှ ကျေးသီးဘက် ဦးတည်သွားသည့် စစ်ယာဥ်တန်းများ

ထို့အပြင် ဟိုယကျေးရွာဖက်တွင် MNDAA မှ ပြည်သူများကို ခေတ္တရှောင်ခိုင်းထားပြီး စစ်ဖြစ်မည့်အလားလာရှိသဖြင့် ပို၍စိုးရိမ်နေရကြောင်း ၎င်း အမျိုးသားကဆိုသည်။

မိုင်းရယ်နှင့် ဟိုယ ကျေးရွာဘက်တွင် ကြံခင်း ၄ သောင်းဧက ရှိပြီး နိုဝင်ဘာလတွင် ကြံခုတ်ချိန်ရောက် ပြီဖြစ်ပြီး ပိုက်ဆံချေးငှားကာ အကြွေးယူပြီး စိုက်ထားရတာကြောင့် ကြံမခုတ်ရမည်ကိုလည်း စိုးရိမ်ကြောင်း သိရသည်။

“ ကြံခင်းပဲကို ဧက လေးသောင်းလောက်ရှိတယ်။ အကုန်နီးပါးက အကြွေးယူပြီးစိုက်ထားရတာ။ ကြံပင်မခုတ်ရပဲ စစ်ဖြစ်လာပြီး အကုန်ပျက်စီးသွားမှာ စိုးရိမ်တယ်။”လို့ ဟိုယ ဒေသခံတစ်ဦးက ပြောသည်။

မိုင်းရယ်ဖက်တွင် ကြံ၊ စပါးနှင့် ပြောင်းကို သာစိုက်ပျိုးကြပြီး ယခုနှစ်များတွင် ကြံကိုသာအဓိက စိုက်ပျိုးလာကြသည်။

ယခုလက်ရှိတွင် MNDAA သည် ဟိုယကျေးရွာအပြင်ဖက်တွင် ရှိပြီး မိုင်းရယ်မြို့တွင် စစ်ကောင်စီတပ်များနေရာယူထားကာ SSPP အဖွဲ့များလည်း ကင်းစောင့်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ည ၈ နာရီအချိန်တွင် စစ်တပ်က ကောင်းမွန်ရွာကို ဗုံးလာကြဲကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ ၄ ယောက်ရှိပြီး နေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...