ကြံစိုက်ပျိုးသူ
မိုင်းရယ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တောင်ယာသွားဖို့အခက်ကြုံ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့နယ် စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့စစ်ရေးတင်းမာမှုကြောင့် တောင်ယာသွားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး အင်အားဖြည့်တင်းလာတာကြောင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ဒေသခံပြည်သူများ တောင်ယာ ကြံစိုက်ခင်းသို့ မသွားရဲဖြစ်နေကြသည်။ စစ်ကောင်စီမှ...
ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...
သျှမ်းပြည်မှ ပြောင်းစိုက်ပျိုးတောင်သူများ နှစ်တိုင်းအရှုံးပေါ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ပြောင်းစိုက်ပျိုး တောင်သူမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေသော်လည်း အရဲစွန့်ပြီး စိုက်ပျိုးနေ ရကြောင်း တောင်သူများထံမှ သိရသည်။ ယခု ဒီဇင်ဘာလ သည် ပြောင်းချိုးသည့် ကာလအတွင်း ပြောင်းထွက်နှုန်းမှာ ယခင်နှစ်ထက် တစ်ဝက်လျှော့ကျကာ အထွက်နှုန်း နည်းလာသည့်အတွက် စိုက်ပျိုးကုန်ကျစရိတ် နှင့် တွက်ချေမကိုက်သဖြင့် ထပ်မံ အရှုံးပေါ်နေကြောင်း...





