Wednesday, January 28, 2026

သျှမ်းပြည်မှ ပြောင်းစိုက်ပျိုးတောင်သူများ နှစ်တိုင်းအရှုံးပေါ်

သျှမ်းပြည်မြောက်ပိုင်း ပြောင်းစိုက်ပျိုး တောင်သူမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေသော်လည်း အရဲစွန့်ပြီး စိုက်ပျိုးနေ ရကြောင်း တောင်သူများထံမှ သိရသည်။

ပြောင်း

ယခု ဒီဇင်ဘာလ သည် ပြောင်းချိုးသည့် ကာလအတွင်း ပြောင်းထွက်နှုန်းမှာ ယခင်နှစ်ထက် တစ်ဝက်လျှော့ကျကာ အထွက်နှုန်း နည်းလာသည့်အတွက် စိုက်ပျိုးကုန်ကျစရိတ် နှင့် တွက်ချေမကိုက်သဖြင့် ထပ်မံ အရှုံးပေါ်နေကြောင်း သီပေါမြို့ဒေသခံ ပြောင်းစိုက်ပျိုးတောင်သူ စိုင်းဆိုင်မွမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တရုတ်နယ်စပ်ဒေသတွင် ပြောင်းဝယ်ယူသော တရုတ်ကုမ္ပဏီများ မရှိသဖြင့် လက်ရှိ ပြောင်းဈေးနှုန်း တစ်ပိဿကို ၉၀၀ ကျပ်သာ ပေးဝယ်ယူနေကြောင်း သိရသည်။

“ပြောင်းမျိုးစေ့က ကျနော်တို့ ပွဲစားဆီမှာ ဝယ်ရတယ်လေ။ ပြောင်းမျိုးစေ့ကလည်း ဗမာပြည်ဘက်ကလာတဲ့ ပြောင်းစေ့ဆိုတော့ အရည်အသွေး နည်းနည်း ညံ့တယ်။ အရင်နှစ်က တစ်ဧကကို ပြောင်း ၅၅ ပိဿအိတ်၊ ၂၀ အိတ်ရတယ်ဆိုပေမယ့် ဒီနှစ်ကတော့ ၁၅ အိတ် လောက်ဘဲရတော့တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ သျှမ်းပြည်တောင်သူများသည် ပြောင်းကို မြို့နယ်အလိုက် ပွဲစားငယ်များ၌ ရောင်းချပေးရပြီး အောက်မြန်မာပြည်မှ မန္တလေးမြို့ ပြောင်းပွဲစားရုံထံသို့ တင်ပို့ရောင်းချပေးနေရကြောင်း သိရသည်။

သျှမ်းပြည်မှ ပြောင်းစိုက်ပျိုးတောင်သူမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေသော်လည်း စားဝတ်နေရေးအတွက် အရဲစွန့်ပြီး စိုက်ပျိုးနေကြောင်း သိရသည်။

“ နယ်စပ်မှာ ပိတ်လိုက်၊ ဖွင့်လိုက် နဲ့ ဖြစ်နေတော့ ပြောင်းဈေးလည်း ပုံမှန်မရဘူး။ အရင်(နိုဝင်ဘာလ)က ပြောင်း တစ်ပိဿကို ၁ ထောင်ကျော်ရတယ်၊ အခု ဂိတ်က ပြန်ပိတ်သွားတော့ ပြောင်းဈေး ပြန်ကျသွားပြီ။ တစ်ပိဿကို ၉၀၀ ကျပ် ပေးပြီး ပြန်ဝယ်တယ်။ ကျနော်တို့ ပြောင်းစိုက်လာတာ ဆယ့်နှစ်ချီနေပြီလေ၊ ရှုံးနေလဲ အရဲစွန့်ပြီး စိုက်ရတာပေါ့ “ ဟု ၎င်း တောင်သူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးကာလတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး ဒေါ်လာငွေမှာ တန်ဖိုး အဆမတန် မြင့်တက်လာသည့်အတွက် ငွေကြေးဖောင်းပွလာရာ နှောင်နှစ် ပြောင်းစိုက်ပျိုးတဲ့ တောင်သူများမှာလည်း စားရိတ်ပိုကုန်ကျလာနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...