သျှမ်းမြောက် မူဆယ် – နမ့်ခမ်း စစ်ရှောင် (၈၀၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁ လ နီးပါး ရှိလာပြီဖြစ်သည့်အတွက် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ်တွင်းရှိ စစ်ရှောင်များသည် ကျောင်းခမ်းဘုန်းကြီးကျောင်း (၅၀၀) ကျော်၊ ကွန်ဟိုင်းဘုန်းကြီးကျောင်း မြောက်ဘက် (၈၈၀) ၊ တောင်ဘက် (၉၂၂)၊ ဒီဇင်ဘာ (၁၃) ရက်က စစ်ကောင်စီသည် လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဇေယျသုခဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၃၀၀) ကျော် ၊ မန့်နား (၁၁၄) ၊ ဟတ်ဟင်ကျေးရွာ (၂၅၀) ကျော်၊ ဟိုဆိုင်းကျေးရွာ (၂၇၀) ကျော်၊ နောင်ခင်ကျေးရွာ ၼွင်ၶိင် (၇၀) ကျော်၊ ခေးခွန်ကျေးရွာ (ဝၢၼ်ႈၶေးၶုၼ်ႇ) (၇၀) နှင့် မန့်ကွန်ကျေးရွာ မၢၼ်ႈၵုၼ် (၂၃၆) ဦး စုစုပေါင်း (၃၆၄၆) ဦး ရှိထားကြောင်း စုံစမ်းသိရှိရသည်။

Photo – Credit ( မူဆယ် မြို့လယ်ကျောင်းရှိ စစ်ရှောင်စခန်း)

အလားတူ မူဆယ်မြို့နယ်အတွင်း တင်းဟိန်း ၊ နောင်လောင်း၊ မန့်ဟျှိုး၊ မန့်ဟောင်တုံ ၊ မူဆယ် ကန်ဝိန်းကျောင်း (မြို့လယ်ဘုရားကျောင်း) စသည့် နေရာမှာ စစ်ရှောင်များ ၁၀၀၀ ကျော်ရှိကြပြီး ကောင်းနောင်ရပ်ကွက်ရှိ ဇရပ်မှာ သံဃာ (၁၁၅) ပါး ၊ ကမ္မဌာန်းကျောင်း နှင့် နမ့်ခုမ်ဘုန်းကြီးကျောင်းတွင် သံဃာ (၈၀) ပါး၊ ပေါက်နေမှာရှိသည့် ဗလီတွင် စစ်ရှောင် (၇၀) ကျော်၊ ခရစ်ယာန်ဇရပ် (၃၀) ကျော်၊ ဂေါ်ရခါးတိုင်းရင်းသား (၁၆၀) ကျော်၊ ပန်ဆိုင်း (၉၀) ကျော် စုစုပေါင်း (၁၆၉၃) ဦးရှိပြီး၊ လွိုင်ဟိုဆေ ဒေသရှိ မန့်ဆွမ်းကျေးရွာ (၁၀၆၉) ၊ မန့်အိုင်တိုင်း (မၢၼ်ႈဢၢႆႇတႂ်ႈ) (၄၀၂)၊ နောင်မွန်း (၃၃၆) ၊ နမ့်ဟီး (၁၃၃) ၊ နားလုံ (၅၂) ၊ နောင်ဆွမ်း (၂၀၀) ၊ မန့်စန့် (၁၁၀) ၊ ကုန်ကျိုင်း (၅၀) ၊ မန့်ဟွေ့ (၁၅)၊ မန့်မွမ်း (၆၂)၊ နောင်နုတ် (၆) ၊ မန့်ဝိန်းလုံ (၂၄၆)၊ ဆွန်ခါး (၇၇) နှင့် ဖာစန့် (၇၀) ဦး စုစုပေါင်း စစ်ရှောင် (၂၈၂၈) ရှိထားပြီး မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ဘေးရှောင် စုစုပေါင်း (၈၁၆၇) ဦးရှိထားကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“စစ်ရှောင်စခန်းနေရာတိုင်း လိုလို အခက်အခဲတွေ ရင်ဆိုင်နေရပြီ၊ ထင်းရှားပါး လာတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး အားလုံး ရှားပါးလာတယ်။ တစ်ချို့ ပစ္စည်းတွေ ပိုက်ဆံရှိတိုင်းလဲ တစ်ဖြေဖြေး နဲ့ ဝယ်လို့မရတာတွေ ဖြစ်လာတယ်။ တိုက်ပွဲ ဆက်လက်ပြင်းထန်မယ်ဆိုရင် စစ်ရှောင်သာမက စစ်ရှောင်လက်ခံထားတဲ့ ဒေသတွေမှာလည်း ရိက္ခာရှားပါးမှု ပြဿနာတွေ ကြုံလာနိုင်တယ်။ UN – UNICEF တွေဆီမှာ အကူအညီရရင် ပိုကောင်းတယ်” ဟု သျှမ်းမြောက် ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်သည့်အပြင် တိုက်ပွဲကြောင့် လိုအပ်သည့် စားနပ်ရိက္ခာများ ပို့ဆောင်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီသည် မူဆယ်မြို့ပေါ်သို့ လေယာဥ် ပျံဝဲမှု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်တိုက် ပြုလုပ်လာသည့်အတွက် ဒေသခံများ လေကြောင်းဗုံးကြဲလာမည်ကို စိုးရိမ်နေလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ၁၄ ရက်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ မူဆယ် – နမ့်ခမ်း ကားလမ်း ဖြတ်သန်းသွား လာခွင့် ပိတ်ထားကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...