မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များ အခွန်ကောက်မှုကြောင့် ပြည်သူတွေ ခက်ခဲနေ

သျှမ်းပြည် မူဆယ် – နမ့်ခမ်း ထုန့်မောဝ် (ရွှေလီမြစ်) တစ်လျောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ အခွန်ကောက်ယူမှု အဆမတန်များလာသည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြကြောင်း စုံစမ်းသိရသည်။

TNLA

ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ထုန့်မောဝ်ဒေသရှိ ပြည်သူများ အခွန်ပေးဆောင်ရန် အမိန့်စာ ပေးပို့ ခြင်း လုပ်ဆောင်ခဲ့သည့် အတွက် အချို့အိမ်ခန်း၊ ဆိုင်ခန်းပိတ်ကာ နေရာပြောင်းရွှေ့နေထိုင်ရသည် အထိ ဖြစ်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပိုဆိုးလာတာက အခုတစ်ပတ်အတွင်းမှာ TNLA နဲ့ KIA တပ်ဖွဲ့က ထုန့်မောဝ်ဒေသက အိမ်တွေကို ၂၀၂၃ အတွက် ဆိုပြီး အခွန်လာကောက်တယ်၊ အခုနှစ်အတွင်းမှာ ဒီထုန့်မောဝ်တစ်လျောက် လက်နက်ကိုင် တပ်ဖွဲ့တွေ အခွန် ကောက်တာ ဆက်တိုက်ပဲဖြစ်နေတယ်။ ဒီဒဏ်တွေကို မခံနိုင်လို့ တချို့လည်း တခြားနေရာပြောင်းရွှေ့နေထိုင်ကြ ပြီ” ဟု ထုန့်မောဝ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထုန့်မောဝ် ဒေသခံများသည် လက်နက်ကိုင် အဖွဲ့အသီးသီးတို့၏ အခွန် ဆက်ကြေးများကို နှစ်စဥ်နှစ်တိုင်း ပေးဆောင်ရသည့်အပြင် စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေသည့်အတွက် စီးပွားရေးပိုင်း ဝင်ငွေ ရပ်တည်ရေးပိုင်းများ ထိခိုက်မှုရှိလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းတွင် TNLA တပ်ဖွဲ့မှ ထုန့်မောဝ်ဒေသအတွင်း အခွန်ကောက်ယူမှုများသည် တစ်ကြိမ်လျှင် ဆိုင်ခန်း နှင့် အိမ်များကို အနည်းဆုံး ၃ သိန်းကျပ်မှ စတင်ကာ ဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။

Photo by owner

“ဖြစ်နိုင်ရင် မဟာမိတ်ဖြစ်နေတဲ့ SSPP/SSA တာဝန်ရှိသူတွေကို တိုက်တွန်းချင်တယ်၊ သျှမ်းလူမျိုးတွေ ရှိတဲ့နေရာ ဆိုရင် သျှမ်းတပ်ပဲ ကောက်စေချင်တယ်၊ အခုဟာကျ ဘယ်အဖွဲ့ကလာလာ ကျနော်တို့က ပေးဆောင်နေရတာ ဆိုတော့ ကျနော်တို့ပဲ ခက်တာပေါ့၊ နယ်မြေခွဲဝေ သတ်မှတ်မှု လုပ်ပြီးတော့ အခွန်ကောက်စေချင်တယ်၊ အဲ့လို ဖြစ်ရင် ပိုကောင်းတယ်” ဟု ကုန်စုံဆိုင် ဖွင့်ထားသည့် ထုန့်မောဝ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက်ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့သည်။

“TNLA ဘက်ကနေ အခုလို ထုတ်ပြန်လိုတာက လုံးဝ တရားမျှတမှု မရှိဘူး၊ SSPP ကို သူတို့ အမျိုးဆီ အခွန် မကောက်ဖို့ တားမြစ်ပြီး သူတို့ကျတော့ ကျနော်တို့ သျှမ်းလူမျိုးတွေဆီကို လာပြီးတော့ အခွန်ကောက်နေတယ်၊ ကျနော်တို့ သျှမ်းလူမျိုးတွေက အဘက်ဘက်က တောင်းနေတဲ့ အခွန်တွေ ဆက်ကြေးတွေကို ပေးနေရတယ်” ဟု ထုန့်မောဝ်ဒေသခံ အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

KIA တပ်ဖွဲ့မှလည်း နမ့်ခမ်းမြို့နယ်အတွင်း စီးပွားရေး လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် KIA တပ်ဖွဲ့မှ မျှဝေပေးထားသည့် ဘဏ်အကောင့်ထဲတွင် အခွန်ငွေ ဆက်ကြေးများ ပို့ပေးရန် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ TNLA ၏ ထုတ်ပြန်ပြောဆိုချက်များ နှင့် ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တို့အနေဖြင့် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းဖို့ အစီအစဥ်ရှိကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (TNLA) တပ်ဖွဲ့က ထုတ်ပြန်လာတဲ့ စာက မြို့နယ် ခရိုင်အဆင့်က ထုတ်ပြန်တာပဲ ဖြစ်ပါတယ်၊ ဗဟိုကနေ ထုတ်ပြန်လာတာ မဟုတ်ပါဘူး၊ ဒါကြောင့် ဆွေးနွေးလို့ ရနိုင်သေးတယ်၊ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အစီအစဥ် ရှိတယ်၊ ကျနော်တို့ ပြည်သူကို ကာကွယ်ရမယ့် တာဝန် ကျနော်တို့မှာ ရှိတယ်၊ လူမျိုးရေး ခွဲခြားရေး မရှိဖို့လည်း သူတို့နားလည်သင့်တယ်” ဟု ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ၂ နှစ်တာ ကာလအတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခွန် ကောက် ဆက်ကြေးတောင်းမှုများ ပိုမို များပြားလာပြီး အိမ်ဆိုင်အပါအဝင် တခြား ရပ်ကွက်တွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များကိုလည်း တိုးချဲ့ အခွန်ကောက်ယူလာကြောင်း သိရသည်။

ထို့အပြင် လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမကြီးတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးတို့က နေရာ ယူကာ ကားသမားများကို တားမြစ်ပြီး အခွန်ဆက်ကြေး တောင်းနေကြသည်။

ထုန့်မောဝ်ဒေသတစ်လျှောက် အခွန်ကောက်ယူမှု ၊ SSPP/SSA ကို လိပ်မူပြီး တအာင်းလူမျိုးကို အခွန်ကောက်ရန် တားမြစ်မှုများ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...