မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

မန့်ဝိန်းဂိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင် အကန့်အသတ်ဖြင့် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မူဆယ်မြို့ ကုန်သည် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မူဆယ် မန့်ဝိန်းဂိတ်က ဒီနေ့ မနက် မှာဖွင့်လှစ်ပါတယ်။ အဓိကတော့ ကုန်ကားတွေ ဝင်၊ထွက်လို့ရပါပြီ။ အကန့်အသတ်တော့ရှိသေးတယ်” ဟု ၎င်းကုန်သည်အမျိုးသမီးက ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်တလျောက်ရှိ ဂိတ်များကို တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီ ၈ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ မြန်မာဘက်မှ ပြန်ဖွင့်သည့် နယ်စပ်ဂိတ်သည် ကုန်ပစ္စည်းများနှင့် ယာဥ်မောင်း အကန့်အသတ်ဖြင့်သာ ဝင်၊ထွက်သွားလာခွင့်ရကြောင်း၊ ပြည်သူများ ဝင်၊ထွက်သွားလာခွင့်မရသေးကြောင်း ကုန်သည်အသိုင်းအဝန်းက ပြောသည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် ကျယ်ဂေါင်- မန့်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဆေးဝါး၊ စက်မှု၊ လူသုံးကုန်၊ စားကုန်သောက်ကုန် ပစ္စည်းများကို ဝင်ထွက်ခွင့် ပြုကြောင်း သိရသည်။

ယခုလ (ဇန်နဝါရီ ၁၂)ရက်တွင်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက် -မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတားကိုဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး၊ မယ်ဆိုင်-တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စီစဥ်နေကြေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...