Saturday, May 4, 2024

တာချီလိတ်တွင် ပြည်တော်ပြန် ၂ဦး စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၁၄ရက် စောင့်ကြည့်ခံရသည့် ပြည်တော်ပြန် ၂ ဦးကို စောင့်ကြည့်လူနာ အဖြစ် တာချီလိတ်ပြည်သူ့ဆေးရုံ ၌ သီးခြား ထားရှိကြောင်း သိရသည်။

အဆိုပါ ၂ဦးသည် ဧပြီ ၆ရက်က မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား(၂) မှ ပြန်တော်ပြန်ပို့ခံရသည့် သူများဖြစ်ကြပြီး တာချီလိတ်မြို့ ရှိ မိုးကုတ် ဝိပသာနာ ရိပ်သာတွင် ၁၄ရက် စောင့်ကြည့်ခံထားရသူများဖြစ်သည်။

“လောလောဆယ် ဆေးရုံမှာ သံသယ လူနာ ၃ ယောက်ရှိတယ် ၁ ယောက်က Negative ဖြစ်ပြီးသား ကျန် ၂ ယောက်က ဒီနေ့မှ ဓာတ်ခွဲနမူနာပို့သွားတယ်”ဟု တာချီလိတ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုင်းနိုင်ငံမှ ပြည်တော်ပြန်လာသူ ၁၉၅ ဦးထဲမှ ၂ ဦးဖြစ်ကြောင်း ဒေါက်တာ ရွှေဝင်း က ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံတာချီလိတ်မြို့သို့ ပြန်လာသည့် အသက် ၂၄ နှစ်အရွယ် ( ကျောက်မဲမြို့နေ) အမျိုးသားတစ်ဦးသည် COVID-19 အတည်ပြု လူနာအဖြစ် တွေ့ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article