Tuesday, January 27, 2026

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်တွင် ပြည်တော်ပြန် ၇၅ ဦး လက်ခံရရှိ

မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၂) တွင် ပြည်တော်ပြန် ၇၅ဦး ယနေ့ စတင် လက်ခံခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo by Sai Noom Twe Tachileik / facebook

ထို ပြည်တော်ပြန် ၇၅ ဦးသည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျပြီး ပြန်လွှတ်လာသည့် သူ ၂၈ဦး နှင့် ထိုင်းနိုင်ငံတွင် လုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား ၄၇ ဦးတို့ ဖြစ်ကြောင်း မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဦးစိုင်းနွံတွံ့ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဒီနေ့ မနက် (၉ နာရီ မှ ၁၁နာရီ)ထိ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတား(၂) မှာ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရတဲ့ သူတွေ နဲ့ နေရပ် ပြန်ချင်တဲ့သူတွေ လက်ခံတယ်” ဟု ဦးစိုင်းနွံတွံ့ က ပြောသည်။

Photo by Sai Noom Twe Tachileik/ Facebook

ထိုသူအားလုံးကို တာချီလိတ် မိုးကုတ်ရိပ်သာ တွင် Quarantine ၄ ရက်ထားပြီး၊ ဓာတ်ခွဲခန်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးစိုင်းနွံတွံ့က ထပ်လောင်းပြောသည်။

“ ကျနော်တို့သူတို့ ကို ဓာတ်ခွဲခန်းစစ်မယ်။ ပိုးမရှိရင် သူတို့ နေရပ် ကို ပြန်လို့ရပြီ” ဟု ဦးစိုင်းနွံတွံက ဆိုသည်။

လက်ရှိမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်း အလုပ်သမားများလည်း မြန်မာ – ထိုင်းနယ်စပ် ဖြစ်သည့် မဲဆောက် – မြဝတီ မှ တရက်လျှင် ၁ ထောင်ကျော် ဝင်လာကြောင်း စုံစမ်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ

0
မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်...

တာချီလိတ် အမှတ် (၁) တံတား နှစ်နိုင်ငံ အစိုးရများ တရားဝင် ဆွေးနွေးညှိနှိုင်းမှသာ ဖွင့်လှစ်နိုင်မည်

0
မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးမှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရအချင်းချင်း တရားဝင် ဆွေးနွေးလာခြင်းမျိုးမရှိသေးကြောင်း၊...

မူဆယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန် (၃၀၀)ကျော် ထပ်မံဝင်ရောက်

0
သျှမ်းမြောက် မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် တရုတ်ပြည်မှ ပြန်ဝင်လာသူ (၃၀၀)ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက်နေ့တွင်လည်း ပြည်တော်ပြန် (၃၀၀)ကျော်ရှိပြီး ယနေ့ ထပ်မံဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်တော်ပြန်များကို ကူညီရေးဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ထပ်ဝင်လာတာ (၃၀၀)ကျော်၊ မနေ့ကလည်းဝင်တယ်၊ ကျနော်တို့ကတော့ ဒီ...

မြန်မာ-ထိုင်း ၂ နိုင်ငံ ညှိနှိုင်းမှုမရသေးတဲ့ ကုန်သွယ်ရေး စီးဆင်းမှု

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့ ထဲမှာ အစီးရေပေါင်း ရာနဲ့ချီရပ်ထားတဲ့ ရှည်လျားနေတဲ့ ကုန်ကားတန်း ကြီးဟာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဘက်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေပါတယ်။ ထိုကားတန်း အစီး ၆၀၀ ကျော်ထဲမှာ စက်သုံးဆီတင်ကားတွေ၊ စိုက်ပျိုးရေးထုတ်ကုန်ကားတွေ၊ အိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန် တင်ထားတဲ့ ကားတွေဖြစ်ပါတယ်။ ဒီ ထိုင်းဘက်ကလာတဲ့ကုန်ကားတွေဟာ စက်တင်ဘာ ၁၇...

မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် တချို့ Quarantine မဝင်ရသေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမှပြန်ရောက်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်မှ တချို့သည် Quarantine မဝင်ရသေးကြောင်း သိရသည်။ မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်ထဲမှ ၃၆၅ ဦးသည် မိုင်းလားမြို့တွင် ၂၁ရက် Quarantine ဝင်ထားပြီး ဖြစ်သော်လည်း ကျန်သည့် ၄၀ ကျော်သည် Quarantine...