Tuesday, January 27, 2026

မြန်မာ-ထိုင်း ၂ နိုင်ငံ ညှိနှိုင်းမှုမရသေးတဲ့ ကုန်သွယ်ရေး စီးဆင်းမှု

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့ ထဲမှာ အစီးရေပေါင်း ရာနဲ့ချီရပ်ထားတဲ့ ရှည်လျားနေတဲ့ ကုန်ကားတန်း ကြီးဟာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဘက်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေပါတယ်။

ထိုင်းမှမြန်မာပြည်သို့ ဝင်ရန် စောင့်ဆိုင်းနေသည့် ကား

ထိုကားတန်း အစီး ၆၀၀ ကျော်ထဲမှာ စက်သုံးဆီတင်ကားတွေ၊ စိုက်ပျိုးရေးထုတ်ကုန်ကားတွေ၊ အိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန် တင်ထားတဲ့ ကားတွေဖြစ်ပါတယ်။

ဒီ ထိုင်းဘက်ကလာတဲ့ကုန်ကားတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာဘက်ခြမ်းကို ဝင်မယ့်ကားတွေဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေ ဆွေးနွေးချက်အရ နယ်စပ်ကုန်သွယ်ရေး အတွက် ကုန်ကားတွေကို တနေ့ ၁၆၈ စီး ကုန်ပို့ဆောင်ခွင့်ပြုမယ်လို့ သဘောတူညီ ချက်ရရှိခဲ့ကြပြီးထုတ်ပြန်ထားပေမယ့် ထိုင်းဘက်ခြမ်းကတာဝန်ရှိတွေက မြန်မာနံပတ်တပ်ဆင်ထားတဲ့ မော်တော်ယာဉ် ကို တရက် ၆ စီးသာ သွားလာခွင့်ပြုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းဟာ တနေ့တခြားအရှိန်မြင့်တိုးလာနေ တဲ့အတွက် ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်တားဆီးတဲ့အနေနဲ့ မြန်မာနံပတ်တပ် မော်တော်ယာဉ်ကို ၆ စီးသာ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ထိုင်း ဘက်က ညီမျှမှု မရှိဘူး။ ထုတ်ပြန်ထားတာ ကတော့ (၁၆၈) စီး၊ တကယ်သွားလာခွင့် ပြုတော့ (၆) စီးဘဲ။ ကျနော်တို့လည်း စက်တင်ဘာ (၁၇) ရက် စပြီးတော့ ထိုင်းဖက်ကလာတဲ့ ကားတွေကိုလည်း တစ်ရက်ကို (၆)စီး နှုန်းနဲ့ဘဲသွားလာခွင့်ပြုထားတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်တင်ကားဖြတ်သန်းခွင့် အဟန့်အတားကြောင့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် ဒေသခံ နဲ့ ထိုင်းကုန်သည်တွေကြား စိုးရိမ်မှု များစွာရှိ နေခဲ့ကြပါတယ်။

တရက်ကိုကုန်တင်ကား ၆ စီးသာဖြတ်သန်းခွင့်ပြုထားတဲ့အတွက် တာချီလိတ်မှာ ကုန်ပစ္စည်းများ ပြတ်လုနီးပါးရှိနေပြီး၊ ကုန်စည် စီးဆင်းမှု ကြန့်ကြာမှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း တာချီလိတ်ကုန်သည် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။

“တချို့ကုန်စည်တွေကတော့ ပစ္စည်းပြတ်လုနီးပါးရှိနေပြီ။ ကုန်သည်တွေကလည်း များတယ်။ ကုန်ပစ္စည်းတွေကလည်း ဝယ်လို့မရတော့ဘူး။ ကုန်ပစ္စည်းတွေတကယ်ပြတ်သွားမှာကို စိုးရိမ်တယ်”လို့ တာချီလိတ် ကုန်သည် နန်းဟွမ်က ပြောပါတယ်။

ကုန်စည်စီးဆင်းမှု ကြန့်ကြာတဲ့အတွက် တာချီလိတ်မှာ ကုန်ပစ္စည်းတချို့ ဈေးနှုန်း စတင်မြင့်တက်လာနေကြောင်း နန်းဟွမ် က ပြောပါတယ်။

တာချီလိတ်မြို့ ဒေသခံတွေဟာ စားသောက်ကုန်၊ အိမ်သုံးကုန် နဲ့တကိုယ်ရည်သုံးပစ္စည်းတွေကို ထိုင်းနိုင်ငံ ကို မှီခိုကြရပါတယ်။

ဒီလို တင်းမာနေတဲ့အခြေအနေကြောင့် တာချီလိတ်မြို့မှာ စားသောက်ကုန်တွေ၊ စက်သုံးဆီ တွေ မပြတ်လပ်အောင် မြန်မာပြည်ရဲ့ ပြည်မ ဘက်ကနေယူဆောင်လာနိုင်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ ကြိုးစားဆောင်ရွက်နေတယ်လို့ မြန်မာဘက်ကဆိုကြောင်း ကုန်သည်ကြီးများအသင်းဝင်တွေကပြောပါတယ်။
“ လူသုံးကုန် ပစ္စည်းတွေကတော့ မပြတ်လပ်ပါဘူး။ ရုတ်တရက် အဲ့လို ဖြစ်သွားတော့ နဲနဲ ရှုပ်သွားတယ်။ အခြေခံ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ ထူးခြားမှုမရှိဘူး” တာချီလိတ်ကုန်သည်ကြီးများ အသင်း မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

သက်ဆိုင်ရာ ကလည်း သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ကို တင်ပို့မယ့် ကုန်စိမ်းတွေ ကုန်စည်တွေကို တရားမဝင် ငွေမကောက်ဖို့၊ အခွန်အခမကောက်ဖို့လည်း ညွှန်ကြားထားပါတယ်။
လတ်တလောဖြေရှင်းချက်အရ တာချီလိတ်မှာ သုံးစွဲဖို့ စက်သုံးတွေဆီကို တောင်ကြီးမြို့ကနေ သယ်ဆောင်လာနေကြောင်း လည်း တာချီလိတ်မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင် ဒုဥက္ကဌ ဦးနေဝင်း က ပြောပါတယ်။

“ သူတို့ကိုစောင့်ပြီးမှလည်းအလုပ်မလုပ်နိုင်ဘူးလေ။ ကျနော်တို့ နိုင်ငံကနေပြီးတော့ ယူလာလို့ရနေတာဘဲ။ တောင်ကြီးကနေပြန်ယူလာရတာ အခက်ခဲတော့မရှိဘူး။ ဈေးလည်း သိပ်မကွာဘူး ။အချိန်တော့ပေးရမှာပေါ့ ” လို့ ဦးနေဝင်း ကပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ အပြန်အလှန် ကန့်သတ်မှု ရှိနေချိန်မှာ ထိုင်းနိုင်ငံဘက်က ကုန်စိမ်းဈေးသည်တွေလည်း ဆုံးရှုံးမှုတွေကြုံတွေ့နေရပါတယ်။
တာချီလိတ်ဘက်ကို တင်သွင်းမယ့် အသီးအရွက်တွေ၊ စားသောက်ကုန်တွေ ပုပ်ပျက်သွားရင်ဆုံးရှုံးမှုတွေရှိလာမှာဖြစ်ကြောင်း ၊ ဒီအတွက် ထိုင်းကုန်သည်တွေ က စိုးရိမ်သောက ဖြစ်နေကြောင်း စက်တင်ဘာ ၁၈ ရက် ထိုင်းနိုင်ငံထုတ် The Nation သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၉ အောက်တိုဘာ ကနေ ၂၀၂၀ သြဂုတ်လအထိ ထိုင်း-မြန်မာ မယ်ဆိုင်နယ်စပ် ကုန်သွယ်ရေးရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၁၂.၂ ဘီလီယံ ရှိကြောင်း၊ မြန်မာနိုင်ငံကိုတင်သွင်းတဲ့ထိုင်းထုတ် ပစ္စည်းတွေကတော့ စာသောက်ကုန်၊ လောင်စာဆီ၊ အရက်၊ ဘိလပ်မြေ၊ အဖျော်ယမကာ၊ သံမဏိထုတ်ကုန်တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘက်ကနေ ထိုင်းနိုင်ငံကို့ တင်သွင်းတာ ၁.၄ ဘီလီယံ တာရှိပြီး၊ တင်သွင်းတဲ့ ပစ္စည်းတွေကတော့ ကုန်ကြမ်း ထုတ်ကုန်တွေဖြစ်တဲ့ သံယဇာတတွေဖြစ်တဲ့ သတ္တုရိုင်း၊ အလူမီနီယံတွေ စတာတွေဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ The Nation သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်ဘက်က ရှည်လျားတဲ့ ကားတန်း ဟာ တာချီလိတ်ဘက်ကိုလာဖို့အတွက် ဘယ်လောက်ထိ စောင့်ဆိုင်းရဦးမယ်ဆိုတာ မသေချာ မရေရာဖြစ်နေဆဲပါ။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ

0
မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...