မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ

မြန်မာ – ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ​မယ်ဆိုင်မြို့

ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်သည် လေထုညစ်ညမ်းမှု ပထမအဆင့် ဖြစ်နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ယင်းကဲ့သို့ လေထုညစ်ညမ်းမှု ပမာဏများပြား မှုကြောင့် မြန်မာ – ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဒေသခံများ ကျန်းမာရေး ပြင်းထန်စွာ ထိခိုက်မှု ရှိသည့်အပြင် စီးပွားရေးများလည်း ထိခိုက်လာကြောင်း မယ်ဆိုင်ဒေသခံ နန်းဖောင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုရင် အပြင်ထွက် ဈေးဝယ် ပစ္စည်းဝယ်ဖိုလည်းတော်တော်ကိုခက်ခဲတယ်။ဘာကြောင့်လဲ ဆိုရင် အပြင် ထွက်တာနဲ့ အသက်ရှုရခက်မှန်း တအား သိသာတယ်၊ မျက်စိတွေလည်းစပ်ပြီး အသားအရည်တွေလည်း ယားကျိကျိ ဖြစ်ကုန်တာ၊ စိတ်တွေလည်း ညစ်ပါတယ်၊ ဝင်ငွေရှာဖို့လည်း မဖြစ်နိုင်ဘူး” ဟု နန်းဖောင်း ပြောသည်။

မယ်ဆိုင် လေထုညစ်ညမ်းမှု အခြေအနေ

ထိုင်းနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုနှုန်း အမြင့်ဆုံးကို ၁ မီတာကို ၅၀ Microgram (Mcg) အဖြစ် သတ်မှတ်ထားသော်လည်း ယနေ့တွင် လေထုညစ်ညမ်းမှုနှုန်းသည် ၆၀၀ Mcg အထိ သတ်မှတ်နှုန်းထက် ၁၀ ဆ မြှင့်တက်လာကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့အပြင် သျှမ်းပြည် တာချီလိတ်မြို့မှ ပြည်သူများလည်း လေထုညစ်ညမ်းမှု ဒဏ်ကို ခံစားနေရပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း တာချီလိတ် ဒေသခံ စိုင်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တာချီလိတ်မှာဆိုရင် ပတ်ဝန်းကျင် တခုလုံး မှုန်ဝါးပြီးတော့ အသက်ရှုပ်ကြပ်တယ်၊ အိမ်ထဲမှာပဲ နေနေရင်တောင် ချောင်းဆိုး နှာချေတာတွေ ဖြစ်လာတယ်၊ တချို့က ချောင်းဆိုးရင် သွေးပါပါတယ်၊ ရောင်းဝယ်ဆိုလည်း အရင်ကလောက် မဖြစ်တော့ဘူး၊ ကုန်တွေလည်း မပို့ဖြစ် မသွင်းဖြစ်တော့ဘူးလေ၊ အရမ်းကို ခံရခက်နေပြီ” ဟု စိုင်းစိုင်းက ပြောသည်။

မြန််မာ-ထိုင်းနယ်စပ်ဂိတ် အခြေအနေ

လေထုညစ်ညမ်းမှုကြောင့် နှာစေး ချောင်းဆိုး ဖျားနှာသူများ လည်းရှိကြပြီး တချို့သည် ဆေးရုံတက်ရသည့် အထိ ဖြစ်ကြောင်း စိုင်းစိုင်းက ဆက်ပြောသည်။

ထို့အပြင် လေထုညစ်ညမ်းမှုကြောင့် တာချီလိတ် လေဆိပ်သို့ ဆင်းသက်မည့် လေယာဥ်များသည် လည်း ဆင်းသက်ခြင်း မပြုနိုင်ဘဲ နောက်ကြောင်း ပြန်လှည့်ရမှုလည်း ရှိနေကြောင်း ယမန်နေ့ (မတ် ၂၇)ရက်တွင် တာချီလိတ် လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မြေပြင်ကနေ အချက်ပြ မီးအနီရောင်နဲ့ ဆင်းသက်ဖို့ နေရာပြပေမယ့် လေထု ညစ်ညမ်းမှုက တအား ထူနေတော့ လေယာဥ်က မဆင်းနိုင်ဘူး ဖြစ်နေတယ်၊ ဆင်းဖို့နေရာကို အကြိမ်ကြိမ် လှည့်ပတ် မောင်းကြည့်ပြီး မရတဲ့ အဆုံး နောက်ကြောင်းကိုပဲ ပြန်လှည့်မောင်းသွားတယ်၊ အဲ့လို နောက်ကြောင်း ပြန်လှည့်မောင်းသွားတာက Air KBZ က ဟဲဟိုးမှာ ဆင်းတယ်၊ Air ThanLwin က ရန်ကုန်ကို ပြန်သွားဆင်းတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့အချိန်ထိ တာချီလိတ်မြို့ရှိ လေဆိပ်သို့ လေယာဥ်မဆင်းနိုင်သည့်အတွဥ် ကျိုင်းတုံမြို့လေဆိပ်သို့ သွားရောက်စီးနေရကြကြောင်း တာချီလိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် အတွင်း လေထုညစ်ညမ်းမှု အများဆုံး ခံနေရသည့် ဒေသအဖြစ် ကျိုင်းတုံမြို့နယ်၊ တာချီလိတ် မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ် နှင့် မိုင်းတုံမြို့နယ်တို့မှ ဖြစ်ကြောင်းလည်း သိရသည်။

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအတွက် ပြင်ဆင်ကာကွယ်မှုများ အနေဖြင့် Mask တပ်ခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်းတို့အပြင် အရေးကြီး ကိစ္စရပ်မဟုတ်ပါက အပြင်ထွက် သွားလာခြင်းမှာ မပြုကြရန်လည်း ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...