မိုးမောက်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် လေကြောင်း ဗုံးကြဲမှုကို စိုးရိမ်နေရ

ကချင်ပြည် မိုးမောက်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေပြီး၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ် ကျောက်စခန်းကျေးရွာ မှ မိုး‌မောက်မြို့သို့ ဧပြီလ ပထမပတ်တွင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ကျော်သည် စားနပ်ရိက္ခာများ လိုအပ်နေပြီး၊ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုချိန်ထိတော့ စစ်ဘေးရှောင်လာလည်း စိုးရိမ်နေရတယ်။စစ်ကောင်စီတွေ လေယာဉ်နဲ့ ဗုံးလာကြဲမှာကိုလည်း ကြောက်နေရတယ်။ အခုက စားနပ်ရိက္ခာတွေ လိုအပ် နေတာပေါ့။ ရက်ပိုင်းလောက်ပဲ လောက်မယ်။ ဆန်တွေ ဆီတွေလည်း အများကြီးမပါလာဘူး။ ကူညီတဲ့ အဖွဲ့အစည်းတွေလည်းမရှိဘူးလေ။”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်စခန်းကျေးရွာတွင် ပိတ်မိသူများလည်းရှိနေပြီး မြို့သို့ ထွက်ပြေး တိမ်ရှောင်လာသူများကိုလည်း လမ်းပိုင်းတွင် ဖမ်းစီးမှုများရှိနေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်.

“တချို့ ရွာမှာ ကျန်နေတဲ့ ဟာတွေလည်း လာချင်တာရှိတယ်။လမ်းမှာ‌ ဖမ်းတာတွေရှိနေတော့ ကျနော်တို့လည်း ကူညီလို့မရဘူး သွားခေါ်လို့လည်း မရဘူ။ခက်ခဲတာပေါ့။ အခုက ပြေးနေလည်း တယောက်တစ်ပေါက် ပြေးနေ ကြတာပေါ့။ကျနော်ရွာက လူကို ဖမ်းခံရတာလည်း ၅ ယောက်ရှိတယ်။”ဟု စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်စခန်းကျေးရွာတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဧပြီလ ပထမပတ်တွင် မိုးမောက်မြို့ ရှိ မန္တလေးစာသက်တိုက်၊နမ့်တင်းဘုန်းကြီးကျောင်းနှင့် စာသင်တိုက်တို့တွင် လာရောက် စစ်ရှောင်နေကြပြီး စစ်ဘေးရှောင် စုစုပေါင်း ၂၀၀ ကျော်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် မိုးမောက်မြို့ရှိ မန္တလေးစားသင်တိုက်တွင် စစ်ကောင်စီမှ လေကြောင်း ဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြေင့် ဗန်းမော်မြို့တွင် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာများသည် ကျောက်စခန်း ကျေးရွာ အပြင် ကြံခင်း ၊ခါနန် ၊အလင်းကောင် ရပ်ကွက် နဲ့ မံပုံ စသည့်ကျေးရွာများသည် လက်ရှိတွင် ဗန်းမော်မြို့ သို့ ယာယီခိုလှုံနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...