Thursday, January 29, 2026

ဆီဆိုင်မြို့ နယ် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် စစ်ရှောင် ၃ဦးဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် နမ့်တောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် စစ်ရှောင် ၃ဦး ထိခိုက်ဓစ်ရာရ ဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့နယ် နမ့်တောင်းရွာထဲကို ယမန်နေ့ (ဧပြီလ ၂၅) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့ စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်ရင်းမှနေ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးအပါအဝင် ကား ၁ စီးနှင့် ထော်လာဂျီ ၁ စီး ထိခိုက်ပျက်စီးသွားကြောင်း နမ့်တောင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ညသူတို့လက်နက်ကြီးနဲ့ ပစ်လာတာ အိမ်ကော၊ အိမ်ခြံဝန်းထဲက ကားကော၊ ထော်လာဂျီကောထိတယ်။ အိမ်ထဲကလူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ ဒါပေမဲ့ ရွာဘေးက ခြံလုပ်နေတဲ့ စစ်ဘေးရှောင်တွေတော့ ၃ ယောက်ထိတယ်။ အဲ့ထဲကလေး တစ်ယောက်ပါတယ်ပြောတယ်။ အခုသူတို့တွေကို တောင်ကြီးဆေးရုံပို့ ထားတယ်” ဟု ၎င်းကပြောသည်။

အလားတူ ဧပြီလ ၂၄ ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နောင်ကျောကျေးရွာအုပ်စုအတွင်း နေထိုင်သူ အသက် ၆၆ နှစ်အရွယ် မွိုးကဲ့အား တောင်ယာသွားနေစဉ် လက်နက်ကြီးထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဆီဆိုင်မြို့ကို မတ်လ ၂၅ ရက်မှစ၍ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ဌာနဆိုင်ရာရုံးများ ပြန်လည်ပတ်နိုင်ရန်အတွက် ဧပြီလ ၂၄ ရက်က ဌာနဆိုင်ရာဝန်းထမ်းများအား နေရပ်ပြန်ခိုင်းခဲ့သည်ဟု သိရသည်။

ထို့နောက် အခြားကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို ပြန်ခိုင်းမည်ဟု ဆီဆိုင်မြို့ဌာနဆိုင်ရာရုံးအဖွဲ့ဝင် တစ်ဦးကပြောသည်။

“ဌာနဆိုင်ရာတွေတော့ ပြန်ကိုပြန်ရတယ်။ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရဖို့။ ရေရရှိရေး၊ မီးလင်းရေး လုပ်ငန်းတွေ၊ ပျက်စီးသွားတဲ့အိမ်ခြေဦးရေ စာရင်းတွေကောက်ဖို့။ တောင်ကြီးကအင်ဂျင်နီယာတွေလည်း ပါတယ်။ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကြမယ်လို့ပြောတယ်” ဟု ဆီဆိုင်မြို့ဌာနဆိုင်ရာရုံးအဖွဲ့ဝင် တစ်ဦးကပြောသည်။

သို့သော် ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေသည့်အပြင် တိုက်ပွဲကြား စစ်လက်နက်အကြွန်း အကျန်များလည်း ရှိနေသကဲ့သို့ ယခုလိုစစ်ကောင်စီမှလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေသေးသောကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်မပြန်သေးကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...