ဆီဆိုင်မြို့ နယ် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ် စစ်ရှောင် ၃ဦးဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် နမ့်တောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် စစ်ရှောင် ၃ဦး ထိခိုက်ဓစ်ရာရ ဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့နယ် နမ့်တောင်းရွာထဲကို ယမန်နေ့ (ဧပြီလ ၂၅) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့ စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်ရင်းမှနေ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးအပါအဝင် ကား ၁ စီးနှင့် ထော်လာဂျီ ၁ စီး ထိခိုက်ပျက်စီးသွားကြောင်း နမ့်တောင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ညသူတို့လက်နက်ကြီးနဲ့ ပစ်လာတာ အိမ်ကော၊ အိမ်ခြံဝန်းထဲက ကားကော၊ ထော်လာဂျီကောထိတယ်။ အိမ်ထဲကလူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ ဒါပေမဲ့ ရွာဘေးက ခြံလုပ်နေတဲ့ စစ်ဘေးရှောင်တွေတော့ ၃ ယောက်ထိတယ်။ အဲ့ထဲကလေး တစ်ယောက်ပါတယ်ပြောတယ်။ အခုသူတို့တွေကို တောင်ကြီးဆေးရုံပို့ ထားတယ်” ဟု ၎င်းကပြောသည်။

အလားတူ ဧပြီလ ၂၄ ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နောင်ကျောကျေးရွာအုပ်စုအတွင်း နေထိုင်သူ အသက် ၆၆ နှစ်အရွယ် မွိုးကဲ့အား တောင်ယာသွားနေစဉ် လက်နက်ကြီးထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဆီဆိုင်မြို့ကို မတ်လ ၂၅ ရက်မှစ၍ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ဌာနဆိုင်ရာရုံးများ ပြန်လည်ပတ်နိုင်ရန်အတွက် ဧပြီလ ၂၄ ရက်က ဌာနဆိုင်ရာဝန်းထမ်းများအား နေရပ်ပြန်ခိုင်းခဲ့သည်ဟု သိရသည်။

ထို့နောက် အခြားကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို ပြန်ခိုင်းမည်ဟု ဆီဆိုင်မြို့ဌာနဆိုင်ရာရုံးအဖွဲ့ဝင် တစ်ဦးကပြောသည်။

“ဌာနဆိုင်ရာတွေတော့ ပြန်ကိုပြန်ရတယ်။ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရဖို့။ ရေရရှိရေး၊ မီးလင်းရေး လုပ်ငန်းတွေ၊ ပျက်စီးသွားတဲ့အိမ်ခြေဦးရေ စာရင်းတွေကောက်ဖို့။ တောင်ကြီးကအင်ဂျင်နီယာတွေလည်း ပါတယ်။ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကြမယ်လို့ပြောတယ်” ဟု ဆီဆိုင်မြို့ဌာနဆိုင်ရာရုံးအဖွဲ့ဝင် တစ်ဦးကပြောသည်။

သို့သော် ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေသည့်အပြင် တိုက်ပွဲကြား စစ်လက်နက်အကြွန်း အကျန်များလည်း ရှိနေသကဲ့သို့ ယခုလိုစစ်ကောင်စီမှလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေသေးသောကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်မပြန်သေးကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...