နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုယ်တိုင်သက်တမ်းတိုးရန် ခက်ခဲနေကြ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် PJ စာအုပ်ကို မြန်မာသံရုံးထံ ကိုယ်တိုင်သွားရောက် သက်တမ်းတိုးရာတွင် မကြာခဏ ရက်ရွှေ့မှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

Photo Credit to Thai PBS: ထိုင်းနိုင်ငံချင်းမိုင်ခရိုင် မယ်ဟေ့မြို့နယ်အတွင်း ကျန်းမာရေး ၊ မြို့နယ်အုပ်ချုပ်ရေးတို့ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများနေထိုင်သည့်စခန်းတခုအား စက်တင်ဘာလ ၁၇ ရက်နေ့က ၀င်ရောက်စစ်ဆေးနေစဉ်

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၄) ရက်က မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများ အနေဖြင့် ဖောဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းကုန်သူများကို မေလ ၁၅ ရက်နေ့အထိ ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာသံရုံးမှ ကြေညာလိုက်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် ကိုယ်တိုင်သွားလုပ်ဆောင်ရန် ရက်ချိန်းတိုကင် မကြာခဏ ပြောင်းလဲခံနေရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နန်းမွန်ခမ်း (အမည်လွှဲ) ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

work permit ရဖို့ စောင့်ဆိုင်းနေသူများ

“ ကျမစာအုပ်က သက်တမ်းကုန်သွားလို့ ပထမတစ်ကြိမ် သက်တမ်းတိုးတဲ့အခါတုန်းက ကျမကို ၆ လပိုင်းမှာ သွားလုပ်ဖို့ရက်ချိန်းတယ်။ တကယ်တော့ သက်တမ်းကုန်တဲ့သူကို မေလ ၁၃ ရက်မှာ နောက်ဆုံးထား လုပ်ခိုင်းနေတာ။ ကျမလည်း မဖြစ်ဘူးဆိုပြီး ဒုတိယတစ်ခေါက်ထပ်သွားပါသေးတယ်။ ရုံးပိတ်ရက်ကြီး ထပ်ချိန်းပေးလိုက်တယ်။ အဲ့နေ့ သွားလုပ်တော့လည်း ရုံးပိတ်မို့လို့ ရုံးမဖွင့်ဘူးတဲ့။ သူတို့ကရက်ချိန်းပေးပြီးတော့ အခုလည်း မေလ ၃၁ ရက်မှ လာလုပ်ပါလို့ ချိန်းပြန်တယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ရက်ချိန်းများ မကြာခဏ ပြောင်းလဲခြင်းကြောင့် အသွားအလာ ကုန်ကျစရိတ်လည်း ကုန်ကျများသည့်အပြင် အချိန်ကုန်ကျခြင်း၊ အလုပ်အကိုင် ပြတ်တောက်ခြင်း စသည့်ဖြင့် အခွင့်အရေးများလည်း ဆုံးရှုံးနေရကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား မှ သံရုံးရှေ့ သွားရောက်စောင့်ဆိုင်းစဥ်

ထို့အပြင် မြန်မာသံရုံးမှ နောက်ဆုံးသတ်မှတ်ထားသော မေလ ၁၅ ရက်နေ့တွင် အချိန်မှီ သက်တမ်းမတိုးနိုင်ပါက ထိုင်း လ.ဝ.က ရုံးမှ တစ်ရက်ကို ဘတ် (၅၀၀) ဒဏ်ငွေရိုက်ခြင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရုံးမှ အချိန်မှီ သက်တမ်းမတိုးရသည့် စာအုပ်များကို တရားမဝင်စာအုပ်အဖြစ် သတ်မှတ်ပြီး ပယ်ချလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပတ်စပိုစ့်လုပ်ဆောင်ပေးသူ စိုင်းမိန်း (အမည်လွှဲ)က ပြောသည်။

“ သူတို့ကိုယ်တိုင်သွားလုပ်ရင် ပိုက်ဆံသိပ်မကုန်ဘူးလေ။ အရင်က ဘတ် ၈၀၀ ဘဲကုန်တယ်။ အခုမှ သံရုံးက ၁၂၅၀ ဘတ်ဆိုပြီး ဈေးတက်သွားတာ။ ပတ်စပိုစ့်ကိုယ်တိုင်သွားလုပ်တဲ့သူတွေက ပိုက်ဆံသိပ်မကုန်တော့ သံရုံးကလည်း တိုကင်နံပါတ်တွေ အဝေးကြီးချိန်းပေးလိုက်တယ်။ အဲ့မှာ အချိန်မှီမလုပ်နိုင်တော့ ထိုင်း လ.ဝ.က ရုံးက တစ်ရက်ကို ဘတ် (၅၀၀) ဒဏ်ငွေရိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားရုံးက တရားမဝင်စာအုပ်ဆိုပြီး ပယ်ချလိုက်တယ်။ အဲ့တာ ပိုက်ဆံများများမပေးလို့ လုပ်စားနေတာ “ ဟု စိုင်းမိန်းက ပြောသည်။

လက်ရှိ ချင်းမိုင်မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်သွားလုပ်နေသူသည် ဦးရေ (၂၀၀၀) ခန့်ရှိနေပြီး နိုင်ငံကူးလက်မှတ်ကို အချိန်မှီ သက်တမ်းမတိုးနိုင်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပွဲစားထံမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှင် တစ်ယောက်လျှင် ဘတ် (၆၀၀၀)မှ (၇၀၀၀)အထိ ကုန်ကျသဖြင့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တချို့က မလုပ်နိုင်ကြပေ။

အလားတူ မြန်မာရွှေ့အလုပ်သမားအရေးဆိုင်ရာ Women Worker For Justice Group အဖွဲ့အစည်းမှ တာဝန်ခံ နန်းစောရင် က “ ကိုယ်ကိုယ်တိုင် သွားလုပ်မယ်ဆိုရင်တော့ သူတို့ကိုရှင်းလင်းအောင် မေးရဲမှ ပြောရဲမှ ရတယ်။ မဟုတ်ရင် သူတို့က ရက်ချိန်းကို ခဏခဏပြောင်းတယ်။ ဒီလိုဖြစ်လာရင်တော့ ကျမတို့အဖွဲ့အစည်းကနေ ဆက်သွယ်လာခိုင်းပြီး ကျမတို့အဖွဲ့အစည်းကနေ ကူညီဖြေရှင်းပေးလို့ရတယ် “ ဟု ၎င်းက ပြောသည်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် အချိန်ကာလ ၃ လ အတွင်း သက်တမ်းတိုးရမည့် အလုပ်သမား အရေအတွက် ၂ သန်းကျော် ရှိနေကြောင်း ထိုသို့ အချိန်မီ သက်တမ်း မတိုးပြီးနိုင်မည်ကို အလုပ်သမားများအနေဖြင့် စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...