သျှမ်းပြည် တောင်ပိုင်း ၃ လအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှု ၆၆ ဦးထိရှိလာ

သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၃လ အတွင်း စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် သေဆုံးမှု ၆၆ ဦးထိ ရှိနေပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၇၉ ဦးထိ ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ထုတ်ပြန် ထားသည်။

ထိုသေဆုံးသွားသည့် သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများသည် သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်၊ညောင်ရွှေ၊ဟိုပုံး နှင့် ပင်လောင်း မြို့မှ အရပ်သားများဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် တောင်ပိုင်း ၃ လ အတွင်း တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှု ၂၉၀၀ ကြိမ်နှင့် အထက် ပစ်ခတ်ခဲ့ပြီး လေ‌ကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှု ၄၆၀ နှင့် အထက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ များ ထိခိုက် သေဆုံးမှုများ နှင့် အဆောက်အအုံထိခိုက်ပျက်စီးမှု ၆၀၀ ကျော်ရှိခဲ့သည်။

ထို့အတူ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ရှိ ဒေသခံများ စစ်ဘေးရှောင်နေသူ ငါးသောင်းနှစ်ထောင်ကျော်၊ ပင်လောင်းမြို့နယ်တွင် တစ်သောင်းခွဲ ၊ ဟိုပုံးမြို့နယ်တွင် တစ်ထောင် နှင့် ညောင်ရွှေမြို့နယ်တွင် နှစ်ထောင်တစ်ရာကျော် စုစုပေါင်း ၇၁၁၅၀ ကျော်အထိရှိလာကြောင်း PYO ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“အဲ့ ၇သောင်းကျော်ထဲမှာတော့ ကရင်နီကဟာတွေကတော့ ၂သောင်းကျော်‌လောက်ပါတယ်။အကုန်လုံးကတော့ ကမ့်တွေနဲ့ နေတာမျိုးမဟုတ်ဘူး။ဘာသာရေးအဆောက်အဦးတွေ၊ဆွေမျိုးအိမ်တွေနဲ့ တောတွေထဲမှာပဲ နေကြတာတွေ များတာပေါ့။ ကျောက်ဆောင်တို့ ဂူတွေထဲမှာပဲသည်းထိုးပြီး နေနေရတာပေါ့။ အမိုးအကာတွေ လိုနေတဲ့ ဟာတွေတောင် အများကြီး ကျန်သေးတယ်။ ”ဟု ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစစ်ဘေးရှောင်များသည် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေး ခိုလှုံနေရပြီး တောထဲနှင့် ဂူများတွင်ထွက်ပြေးတိမ်းရှောင်နေကြရကာ အကူညီရရန်အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသည်။

“တောတောင်တွေထဲမှာရှိတဲ့ဟာတွေ ကျတော့ မပို့ပေးနိုင်တာတွေရှိတယ်။ တောင်ကြီးထိ တက်ယူလည်း စစ်ဆေးရေးဂိတ်တွေက အရမ်းတင်းကြပ်တော့ အဆင်မပြေတာတွေရှိတယ်။အခုတော့ သူတို့ပါလာတာလောက်နဲ့ ရှေ့ဆက်နေကြရတာပေါ့။လာမယ့် ရာသီတွေ အတွက်တော့ စားနပ်ရိက္ခာတွေက စိုးရိမ်နေရတာပေါ့။”ဟု ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၅၆၂ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၂၅ ဦး၊ စာသင်ကျောင်း ၁၂ လုံး၊လမ်းတံတား ၂ စင်း၊‌ဆေးရုံ/ဆေးခန်း ၄ လုံးနှင့် ဈေး ၁ ခု ပျက်စီးသွားခဲ့ပြီ စုစုပေါင်း ထိခိုက်ပျက်စီးမှု ၆၀၆ ထိရှိနေကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပစ်ဆို့ဟန်းတား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...