ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

TNLA

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့ TNLA စစ်သားများ ဝင်ရောက်လာပြီး ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခြံဝင်းထဲ ခုန်ဝင်ပြီး၊ နေအိမ်တံခါးတွေကို လိုက်ထုနေတယ်၊ တချို့ကလည်း ဝင်လို့ မရတော့ အပြင် ကနေ အော်ခေါ်တာ၊ ယောက်ျားလေးတွေကို စစ်သားတွေ လုပ်ရမယ် ဆိုပြီးတော့ ဖမ်းခေါ်သွားတယ်၊ စုစုပေါင်း ၇/၈ ယောက်လောက်ရှိမယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေ့တွင် ဖမ်းဆီးခံရသူ ၈ ယောက်ထက်မနည်း ရှိနေပြီး လူငယ်များအပြင် သက်ကြီး အမျိုးသားများ လည်း ဖမ်းဆီးခံရမှု ရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် (ရပ်ကွက် ၉) ဘက်မှာလည်း TNLA စစ်သားများ ဝင်ရောက်ပြီး ဒေသခံများကို စစ်သားလုပ်ဆောင်ရန်အတွက် ဟုဆိုကာ အမျိုးသားများကို ဖမ်းဆီးခေါင်ဆောင်မှု ရှိခဲ့ကြောင်း လည်း အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

TNLA

“တိလင်ဘက်ကို နေ့ဘက်ရော ညဘက်ရော ဝင်တယ်၊ အစကတော့ ပလောင် (တအာင်း) ကိုပဲ ယူမယ်ဆိုပြီး တော့ မဆိုင်တဲ့သူတွေကိုလည်း ခေါ်သွားတယ်၊ အဲ့ဘက်မှာသျှမ်းတွေ အနေများတယ်လေ၊ တိလင်ဘက်က တော်တော်များများပါသွားတယ်၊ အတိအကျတော့ မသိရဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

TNLA တပ်ဖွဲ့သည် ဒေသခံများကို စစ်သားသစ် စုဆောင်းရေးအတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရပြီး တအာင်း(ပလောင်) လူမျိုးများအပြင် သျှမ်းလူမျိုးများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ်မှ အင်ကြင်းတောင်ဘက်ရှိ ဒေသခံများကိုလည်း တပ်သားသစ် အတွက် ဟု ဆိုကာ TNLA တပ်ဖွဲ့က ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

ထို့အတူပင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လ အထိ ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာအတွင်း TNLA တပ်သား သစ် စုဆောင်းမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းထိ ထွက်ပြေးနေရကြောင်း လည်း သတင်း သိရသည်။

ယင်းကဲ့သို့ ကျောက်မဲ မြို့နယ်အတွင်း TNLA တပ်ဖွဲ့မှ ဒေသခံများကို တပ်သားသစ် အတွက် ဖမ်းဆီးခေါ်ဆောင် မှုများ နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ပြောရေးဆိုခွင့် ခရီးလွန်နေသည့်အတွက် ဖြေကြားရန် မဖြစ်နိုင်ကြောင်း PSLF/TNLA ပြန်ကြားရေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရေးတွေနဲ့ ပတ်သက်ပြီး ပြောဆိုပိုင်ခွင့်က ဗိုလ်မှူးကြီး တားအိုက်ကျော်ကိုပဲ လွှဲအပ်ပေးထားတာပါ၊ အခုက ပြောရေးဆိုခွင့်က ခရီးလွန်နေလို့ ၊ နောက် ၃ ရက်လောက်မှ ပြန်ရောက်မယ်၊ ဖြေကြားပေးဖို့ အဆင်မပြေပါဘူး” ဟု PSLF/TNLA ပြန်ကြားရေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက်ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့သည်။

ယင်းကဲ့သို့ TNLA ၏ ထုတ်ပြန်ပြောဆိုချက်များ နှင့် ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တို့အနေဖြင့် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းဖို့ အစီအစဉ်ရှိကြောင်း သျှမ်းသံတော်ဆင့် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...