တာချီလိတ် အမှတ် (၁) တံတား နှစ်နိုင်ငံ အစိုးရများ တရားဝင် ဆွေးနွေးညှိနှိုင်းမှသာ ဖွင့်လှစ်နိုင်မည်

မြန်မာ – ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးမှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်ဂိတ်

အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရအချင်းချင်း တရားဝင် ဆွေးနွေးလာခြင်းမျိုးမရှိသေးကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ကိုဗစ် ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များအား ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

“နှစ်ဘက်သဘောတူ ဆုံးဖြတ်ချက်ကိုစောင့်ရမှာပါ။ နှစ်ဘက်သဘောတူမှဖွင့်လို့ရမှာပါ။ နှစ်နိုင်ငံ တရားဝင်သတင်းဌာနတွေက ကြေညာမှအတည်ပါခင်ဗျ။ လိုင်းပေါ်မှာက ခန့်မှန်းတွေပါ မှန်ရင်လည်းမှန်သွားနိုင်တာပေါ့။ အခုထိတော့ နှစ်နိုင်ငံ မဆွေးနွေးရသေးပါဘူး။ ထိုင်းဘက်ကကမ်းလှမ်းချက်ကို နှစ်ဘက်အသီးသီး အထက်ကိုတင်ပြထားဆဲပါ” ဟု မြန်မာ-ထိုင်းနယ်စပ်အရေးဆောင်ရွက်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်

ကိုဗစ် ကာလအတွင်း ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ နှင့် တဖက်ထိုင်းနိုင်ငံရောက်ရှိနေသော မြန်မာနိုင်ငံသားများ ပြန်လည်နေရပ်ပြန်နိုင်ရေးအတွက် လူလွှဲဆောင်ရွက်ခြင်းလုပ်ငန်းများ ညှိနှိုင်းရန် လိုအပ်နေကြောင်း စသည့် ကိစ္စများအား နှစ်ဖက် ညှိနှိုင်း ဆွေးနွေးပြီးမှသာ တံတားဖွင့်မည့်အချိန်အား သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း တာချီလိတ် အခြေချ (စစ်ဗျုဟာမှူး) ဗိုလ်မှူးကြီး မင်းမင်းထွန်း က ထိုင်းဘက်ခြမ်းသို့ အကြောင်းပြန်ထားကြောင်း သိရသည်။

ယနေ့ ဧပြီ (၂၅) ရက်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့ရှိ နယ်စပ်ဂိတ် ပြန်လည်မွမ်းမံအပြီးမှာ သန့်ရှင်းရေးများ ပြုလုပ်နေသည်။

ထိုင်းဘက်ခြမ်းမှ နယ်စပ်ဂိတ်များကို သန့်ရှင်းရေး ပြုလုပ်ခြင်း နှင့် ပတ်သက်ပြီး နယ်စပ်နေထိုင်သူ တစ်ဦးက “ဖွင့်ဖြစ်ဖို့တော့ နီးလာပါပြီ” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာ – ထိုင်းနယ်စပ်ဂိတ်ဖြစ်သည့် တာချီလိတ် ချစ်ကြည်ရေး တံတား အမှတ်(၁) ကို ၂၀၂၀ ခုနှစ် မတ် (၂၃) ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွက် စတင်ပိတ်ထားလိုက်သည်မှာ (၂) နှစ်ကျော်သွားပြီဖြစ်သည်။7m

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...