Thursday, February 5, 2026

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက် စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရောင်နီဦးဝင်းထဲက တိုက်ခန်းတွေမှာ နေနေကြတဲ့ တရုတ်နိုင်ငံသားတွေကို ရဲတွေက ဝင်ဖမ်းသွားတာ။ အချိန်နဲ့ လူဦးရေကတော့ သေချာ မသိရသေးဘူး၊ ဖမ်းခံရတာကတော့ များတယ် ၁၀၀ ကျော်လောက် ရှိမယ်”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများသည် ကျားဖြန့်အွန်လိုင်းလုပ်ငန်းနှင့် ပတ်သက်မှု ရှိနိုင်ပြီး တာချီလိတ်မြို့အတွင်းတွင်လည်း စစ်ကော်မရှင် လက်အောက်ခံရဲများက ကားများဖြင့် လှည့်ပတ်စစ်ဆေးမှု ရှိနေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“သူတို့တွေ ဝင်ဖမ်းတာ ၁၀၀ ကျော် ပါသွားတယ်၊ တရုတ်နိုင်ငံသားတွေကြီးပဲ မနက်ပိုင်းလောက် ဝင်ဖမ်းတာ။ ဒီတိုင်း ဖမ်းတာပဲ တွေ့လိုက်တာ ဘယ်လောက်များလဲဆိုတာ အတိအကျတော့ မသိရဘူး။ ပြီးတော့ ဒီရက်ပိုင်း မြို့တွင်းထဲမှာလည်း ရဲတွေက ကားတွေနဲ့ ပတ်ပြီး သွားသွားလာလာ လုပ်နေတာ အရမ်းတွေ့ရတယ်”ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထွက်ပြေးလာသူများ ဖြစ်နိုင်သည့်အပြင် လာအိုနိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် ရွှေ့ပြောင်းလာကြသည့် တရုတ်နိုင်ငံသားများ ဖြစ်နိုင်ကြောင်းကို တာချီလိတ်မြို့ ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်တွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာ အနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး နှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း (၃၃၀) ဦးတို့ကို စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၃၀) ထပ်ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၃၃၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက်ပိုင်းတွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ဖမ်းမိဟု စစ်တပ်ပြော

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၂၃၃) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ (၂၉) ရက်မှ (၃၁) ရက်အတွင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ ကျိုင်းလွန်းကျေးရွာအုပ်စုရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...