တာချီလိတ်ရောက် ရွှေ့ပြောင်းအလုပ်သမား ၁၈၈ ဦး ၁၄ ရက် စောင့်ကြည့်သွားမည်

မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတား ပိတ်ထားသော်လည်း ပြည်တော်ပြန် မြန်မာ ၂၀၀ နီးပါး ယနေ့ တာချီလိတ်မြို့သို့ထပ်မံ ဝင်ရောက်လာကြောင်း သတင်းရရှိသည်။

Photo Credit to Chiang Rai News- ဧပြီ ၅ ရက် ည က မယ်ဆိုင်ရောက် ထိုင်းမှရွှေပြာင်းအလုပ်သမားတချို့

မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား သည် COVID-19 ဖြစ်ပွားပြီးနောက် မတ် ၂၅ ရက် မှစတင် ပိတ်လိုက်သော်လည်း ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ရှိနေဆဲဖြစ်ပြီး ၄င်းတို့အား ၁၄ ရက် စောင့်ကြည့်သွားမည်ဟုသိရသည်။

ဧပြီလ ၆ ရက် ယနေ့မနက်ကလည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၈၈ ဦး မယ်ဆိုင်သို့ ထပ်မံရောက်ရှိလာပြီး နှစ်ဘက်အာဏာပိုင်းများ ညှိနှိုင်းကာ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားမှ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထို ပြည်တော်ပြန်များကို တာချီလိတ်တွင် ၁၄ရက်ကြာ သီးခြားစောင့်ကြည့်သွားမည် ဖြစ်ကြောင်း တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က ပြောသည်။

“၁၈၈ ယောက် တံတား ၂ ကနေ ပြန်ဝင်လာပြီးတော့ လက်ခံပေးပါတယ်။ ၁၄ ရက်စောင့်ကြည့်ထားပါမယ်၊ မိုးကုတ်ရိပ်သာ မှာထားပါ့မယ်” ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ကပြောသည်။

မယ်ဆိုင်- တာချီလိတ်တံတားအမှတ် ၁

အဆိုပါ ပြည်တော်ပြန် ၁၈၈ ဦးကို နိုင်ငံတော်က ညွှန်ကြားထားသည့်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ လိုက်နာကာ စားနပ်ရိက္ခာ အပြည့်အစုံ နှင့် ရေ မီး ပြည့်စုံအောင် ထားပေးမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည် မတ် ၂၅ ရက်က ထိုင်းနိုင်ငံဘန်ကောက်မြို့ မှ မြန်မာနိုင်ငံတာချီလိတ်မြို့သို့ ပြန်လာသည့် အသက် ၂၄နှစ် အရွယ် (ကျောက်မဲမြို့သား) အမျိုးသားတဦးသည် COVID-19 အတည်ပြု လူနာ အဖြစ် တွေ့ရှိခဲ့သည်။

ထို့နောက် ပြည်ပ မှ ပြန်လာသည့် ပြန်တော်ပြန်များကို သက်ဆိုင်ရာ အာဏာပိုင်များမှ နေရပ်ကို ချက်ချင်းမပြန်စေတော့ဘဲ နယ်စပ်ဒေသတွင် ၁၄ရက်စောင့်ကြည့်သည့် အစီစဉ် ပြုလုပ်လာကြသည်။

မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁) ဦး တွေ့ရှိပြီဖြစ်ပြီး ၁ ဦး သေဆုံးကာ ၁၉ ဦးမှာ ကျန်းမာရေး အခြေနေ တည်ငြိမ်လျှက်ရှိပြီး ကျန်ရှိသည့် လူနာ တစ်ဦးမှာ အထူးကြပ်မတ်ခန်းမှာ ထားရှိကြောင်း ပြည်ထောင်စု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...