Tuesday, January 27, 2026

နမ္မတူတွင် ပြည်တော်ပြန် တချို့ Quarantine ခံယူမှုမရှိ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းသို့ပြန်လာသည့် ပြည်တော်ပြန်များသည် COVID-19 ကော်မတီကို အကြောင်းမကြားဘဲ မိမိနေအိမ်သို တိတ်တဆိတ့် ပြန်နေနေကြကြောင်း သတင်းရရှိသည်။

Photo by U Htun Maesai/
ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာပြည် တာချီလိတ်သို့ပြန်မယ့် သူများ

ထိုင်း၊ တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန် များသည် Quarantine ဝင်ရောက်နေထိုင်ခြင်းမရှိဘဲ မိမိနေအိမ်သို့ တိတ်တဆိတ်ပြန်နေကြသဖြင့် နမ္မတူဒေသခံများ COVID-19ပျံ့နှံ့မှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း နမ္မတူမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ပြည်ပ ပြန်လာတဲ့သူ အများစုက ကျေးရွာကလူတွေများတယ်။ သူတို့က Quarantine မနေကြဘူး။ အိမ်တွေမှာ နေကြတယ်။ အဲ့ထဲက တယောက်ယောက် က ကိုဗစ်-၁၉ ဖြစ်ရင်တော့ အားလုံးထိပြီပဲ” ဟု ဦးဘဉာဏ် က ပြောသည်။

ပြည်ပ ပြန်လာသူ အများစုသည် နမ္မတူမြို့နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်သည့်နေရာမှ ပြည်သူများဖြစ်ကြောင်း၊ ထိုသူများကို သေချာ စိစစ်ကာ စောင့်ကြည့်ရန် လိုအပ်ကြောင်း လည်း ဦးဘဉာဏ် က ပြောသည်။

“ ပြည်ပ ပြန်တဲ့သူတွေက ရောဂါပိုးမပါလာရင်တော့ ဘာမှမဖြစ်ဘူး။ ပါလာရင်တော့ အားလုံး စိုးရိမ်ရတယ်။ ဒီရောဂါပိုးက ကိုယ်တယောက်တည်းမဟုတ်ဘူ အားလုံးကူးနိုင်တော့ ကျနော်တို့ မြို့ပေါ်လူလည်း ထိလာနိုင်တယ်” ဟု ဦးဘဉာဏ်က ထပ်လောင်းပြောသည်။

နမ္မတူမြို့နယ် အတွင်း ပြည်တော်ပြန် များကို ၁၄ရက် Home Quarantine အဖြစ် ထားရှိကြောင်း၊ သက်ဆိုင်ရာကို သတင်းပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း၊ ပြည်သူများကို ထိန်းချုပ်ရန် ခက်ခဲကြောင်းလည်း နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) နန်းစံဟွမ် က ပြောသည်။

“ Home quarantine အနေနဲ့ ကူညီရတာခက်တယ်။ ငွေကြေးကလည်း သိပ်မကူနိုင်ဘူးလေ။ နောက်ကျမတို့ကတော့ ကျေးရွာတွေကွင်းဆင်းပြီး ပြည်တော်ပြန်ဆိုရင် သတင်းပို့ပေးဖို့တွေ လည်း ပြောထားပါတယ်” ဟု နန်းစံဟွမ်က ဆိုသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၃ရက် တွင် တရုတ်ပြည်တွင် အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသားတဦးသည်နေမကောင်းသဖြင့် ကိုဗစ်-၁၉ သံသယရှိသူအဖြစ် နမ္မတူဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၇ဦးရှိပြီး သေဆုံးသူ ၅ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

0
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...