Tuesday, January 27, 2026

COVID 19 ကြောင့် သျှမ်းပြည်သူများ သဘောထားကွဲလွှဲမှုများလာ

ကူးစက်မြန် COVID 19 ကမ္ဘာ့ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရကနိုင်ငံကို lock down ချလိုက်ပြီး နိုင်ငံအတွင်းရှိ လူစုလူဝေးဖြစ်စေမည့် နေရာများကိုလည်း ခေတ္တပိတ်ထားရန်ကြေငြာရာ အလုပ်လက်မဲ့ ဖြစ်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ နှင့် ရောဂါပြန့်ပွားကူးစက်မည်ကို စိုးရိမ်မှု ဖြစ်နေသည့် လူမှု အသိုင်းအဝိုင်းကြား သဘောထားကွဲ လွှဲမှုများ ဖြစ်လာနေပါသည်။

Photo by U Htun Maesai – တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ

မြန်မာ့နိုင်ငံရေး စီးပွားရေးအခက် အခဲကြောင့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား သန်းချီ ၊ သျှမ်းပြည်သူ သိန်းချီ ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်းရှိ မိမိနေရပ်သို့ ပြန်သွားသည့် ရွှေ့ပြောင်းအလုပ်သမား နန်းအွန် က သူကြုံတွေ့ရသည့်အခက် အခဲ ကို ယခုကဲ့သို့ပြောသည်။

“ကျမ ဒီ သင်္ကြန် အိမ်ပြန်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ အိမ်မပြန်ရတာလဲ နှစ်နဲ့ချီပြီလေ။ ဒါပေမယ့် ကူးစက်ရောဂါ ကြောင့် အလုပ်အကိုင်က မရှိတော့လို့ စောစောပြန်ဖို့ ဆုံးဖြတ်လိုက်တာ။ ထိုင်းမှာ တုန်းက လဲ ကျမ တို့က အနေ ဆင်းရဲ အစားဆင်းရဲ ရုန်းကန် အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ ရပ်အတွင်းရွာ အတွင်း ကူညီပံ့ပိုးနိုင်ဖို့ အိမ်ကို အမြဲ ပိုက်ဆံ ပို့တယ်။ အခု ရွာပြန်လာတော့ အိမ်ပေးမပြန်ဘူး။ ရပ်ကွက်လူကြီး ကိုသွားပြောရတယ် ။ ရွာပြင်လယ်တဲထဲမှာနေခိုင်းတယ်။ လုံခြုံမှုမဲ့ နေတယ်လို့ခံစားရတယ်။ ဘယ် လောက်ဝမ်းနည်းဖို့ကောင်းလဲ ကျမ အရမ်းဝမ်းနည်းမိတယ်။”

ယနေ့ မတ်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေငြာထားသည်။ ရောဂါပိုးရှိသူများသည် နိုင်ငံရပ်ခြားမှနေရပ်သို့ပြန်လာသူများသာဖြစ်ကြောင်းလည်း ကြေငြာချက်တွင်ဖော်ပြထားသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းက အုပ်စုဥက္ကဌ တဦးက မတ်လ ၂၅ ရက်နေ့က ရွာအုပ်ချုပ်ရေးမှူများနှင့် ရွာသားများအားခေါ်ယူကာ ဤကဲ့သို့ပြောသည်။

“အခု ငါတို့နိုင်ငံမှာ ရောဂါ ကူးစက်တဲ့ သူတွေက နိုင်ငံခြားပြန်တွေဘဲ။ သိထားတဲ့ စရင်းအရ ဆို အမေရိကန်ပြန် ၊ ဘိလပ်ပြန် တွေ ။ အခု ကလဲ တရုတ်ကနေ ထိုင်းကနေ ပြန်လာတဲ့သူတွေတအားများနေတယ်။ တချို့ရွာတွေ မှာဆိုရင်သူတို့အတွက်လုပ်ထားပေးတဲ့ ရွာပြင်တဲမှာမနေချင်ကြဘူး။ တချို့တွေက နေအိမ်ကိုပြန်လာနေကြတယ်။ ဟိုဟိုဒီဒီလျှောက်သွားကြတယ်။ ထုတ်ပြန်ထာကတဲ့အတိုင်း အိမ်မှာချည်း ၁၄-၁၅ ရက် မနေဘူး။ ”

ထိုသို့ ရပ်ဝေးမှ နေရပ်ပြန်လာကြသူများအနေဖြင့် မိမိကိုယ်ကို ၁၄ ရက် မထိန်းချုပ်ပါက အရေးယူမည်ဖြစ်ကြောင်းလည်း အုပ်စုဥက္ကဌကပြောသည်။

“ဒါကြောင့် ကျနော်တို့အုပ်စုက ရွာသားတွေကိုပြောထားချင်တာက နိုင်ငံရပ်ခြားကနေလာမယ့်ဧည့်သည် တွေကို မိမိအိမ်သား မိသားစုဝင်ဖြစ်နေပါစေ ရွာထဲပေးမဝင်သေးဘဲနဲ့ ရပ်ရွာ အုပ်ချုပ် သူကို သတင်း အရင်ပို့ရမယ်။ ရွာအပြင် လယ်ယာ တဲ ထဲမှာ ၁၅ ရက်နေ ရမယ် ၊ တားမြစ်ချက်ကို ချိုးဖေါက် ရင် ပစ်ဒဏ်ချ မယ်။ ငွေ ဒဏ် ဖြစ်စေ အလုပ်ကြမ်းဖြစ်စေ နှစ်ခုလုံးဖြစ်စေ ကြီးလေးတဲ့ပစ်ဒဏ် ပေးမယ်။ ဒါတရွာလုံး ရောဂါ ကင်းဝေး ဖို့ဘဲ။ ” – ဟု အုပ်စုဥက္ကဌက ပြောသည်။

ထိုင်းပြန်များ ၁၄ ရက် ခေတ်တနေထိုင်ရန် ရွာပြင်တွင်ယာယီတဲများထိုးထားပေးပုံ

ကမ္ဘာ့နိုင်ငံအသီးသီး၏ ထုတ်ပြန်ချက်အရ ခိုရိုနာ ရောဂါကူးစက်ခံရသူများမှာအသက် ၆၀ ကျော်အရွယ်များ ပိုမိုပြားကြောင်းသိရသည်။

လင်းခေး ခရိုင်အတွင်းက ကျန်းမာရေးဝန်ထမ်း ဆရာမ နန်းဆီနွန်းက စိုးရိမ်မှု မလွန်ကဲဖို့၊ သတိရှိရှိနှင့် ကိုင်တွယ်ဖြေရှင်းဖို့ ၊ အိမ်တွင်းအောင်းဖို့သာ လိုကြောင်းတိုက်တွန်းပြောကြားသည်။

“ဒီရောဂါ က လူတိုင်းကူးစက်နိုင်ပေမယ့် ကူးစက်ခံရရင် လူတိုင်းသေမယ် ဆိုတာတော့မဟုတ်ပါဘူး။ အများအားဖြင့် ကိုယ်ခံအား နည်းတဲ့ သက်ကြီးမိဘတွေ ရောဂါ အခံရှိသူတွေ အတွက်သာစိုးရိမ်ရတယ်။ သာမာန်လူငယ်တွေမှာကိုယ်ခံအားကောင်းလို့ ရောဂါကူးစက်ခံရရင်တောင်မှမသေနိုင်ပါဘူး။ အဓိက ကတော့ အိပ်ရေး ၀၀ အိပ်မယ်၊ အဟာရ ပြည့်တဲ့ အစားအစာတွေစား မယ် အိမ်တွင်းအောင်းမယ်ဆိုရင် လွန်လွန်ကဲကဲ ကြောက်နေဖို့ မလိုပါဘူး၊ သတိ ရှိရှိ နဲ့ လက်တွဲပူးပေါင်း ကိုင်တွယ်ဖြေရှင်းဖို့ဘဲ လိုတယ်။ ”- ဟု ဆရာမ က ရှင်းပြသည်။

ဆရာမ က ဆက်ပြီး – “Mask တွေ Hand Gel တွေလည်းအလုအယက်ပြေးဝယ်ကြဖို့မလိုပါဘူး။ လူတွေအလု အယက်ပြေးဝယ်လေလေ စျေးတွေ ကြီးလာလေလေဘဲ။ လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးပေးရင်လုံလောက်ပါပြီ။ ” – ဟုထပ်လောင်းပြောကြားသည်။

မတ်လ ၂၇ ရက် ယနေ့အထိ သျှမ်းပြည်အတွင်း COVID 19 သံသယရှိသူအဖြစ်စောင့်ကြည့်ခံနေရသူ ၅၀ ဦးရှိပြီဖြစ်ပြီး ၄င်းတို့မှာ တရုတ်နိုင်ငံမှ ပြန်လာသူ ၂၆ ဦး၊ ထိုင်းမှပြန်လာသူ ၁၈ ဦး၊ အင်္ဂလန်မှပြန်လာသူ ၁ ဦး၊ အိန္ဒိယမှပြန်လာသူ ၁ ဦး နှင့် သျှမ်းပြည်တွင်းသာနေထိုင်သူ ၉ ဦး တို့ဖြစ်ကြောင်း သျှဲန်ပိုင်သတင်းဌာနက ဖော်ပြထားသည်။ သို့သော် ရောဂါပိုးကူးစက်သူတော့ မရှိသေးကြောင်း၊ သံသယရှိသူအနေအထားမှ သေဆုံးသွားသူ သာရှိကြောင်း ဖော်ပြထားသည်။

ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ဒေသ္တာရ အဆင့် အထိ ကွင်းဆင်းပညာပေးမှု ပြုလုပ်နေသည့် အပြင် ရောဂါကူးစက်ခံရသည်ဟုယူဆသည့် သူများလည်း သီးသန့်ခွဲထုတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ရှိနေကြောင်း သိရသည်။

လက်ရှိထိုင်းနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနေပြီး သေဆုံးသူမှာ ၅ ဦးရှိပြီဖြစ်ပါသည်။ ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းအစိုးရကလည်း မတ်လ ၂၆ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ အရေးပေါ် ကြေငြာချက် ထုတ်ပြန်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 သည် နိုင်ငံပေါင်း ၁၉၆ နိုင်ငံတွင် ကူးစက်နေပြီး မတ်လ ၂၇ ရက် ယနေ့အထိ ကူးစက်ခံရသူ ၅ သိန်းကျော်၊ သေဆုံးသူ ၂ သောင်းကျော်ရှိပြီဖြစ်ကြောင်း worldometer ၀က်ပ်ဆိုက်တွင် ဖော်ပြထားသည်။ သေဆုံးသူများ ၁ ၀က်ကျော်မှာ ဥရောပနိုင်ငံအတွင်းဖြစ်ပြီး လက်ရှိတွင်အမေရိကန်နိုင်ငံက ကူးစက်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...