Friday, May 3, 2024

တရုတ်ပြည်တော်ပြန်များကို ကိုးကန့် ဒေသတွင် Quarantine ပြုလုပ်ပေးမည်မဟုတ်

Must read

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တွင် တရုတ်ပြည်တော်ပြန်များကို Quarantine ၂၁ရက် ပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

Photo by ကိုးကန့် ဒေသခံ တဦး

တရုတ်ပြည် မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ မှ ယာယီလက်ခံပေးပြီး၊ Quarantin၂၁ရက် စောင့်ကြည့် သွားခြင်းကို မပြုလုပ်တော့ကြောင်း လောက်ကိုင်ဒေသ အစိုးရ ဝန်ထမ်းတဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ဒီနေ့ ပဲ ၂၁ ရက် ပြည့်တဲ့သူ အားလုံး ပို့ပြန်ထားပြီ။ ထပ်ဝင်လာရင် ကျနော်တို့ ယာယီပဲ လက်ခံပေးထားမယ်။ ၂၁ ရက် ထားဖို့က ကျနော်တို့ဘက်က အဆင်မပြေတော့ဘူး” ဟု လောက်ကိုင်ဒေသ အစိုးရ ဝန်ထမ်း တစ်ဦး ကပြောသည်။

ယနေ့ မေလ ၁၁ ရက် မနက် ၇ နာရီမှာ ပြည်တော်ပြန် ၃၀၀ ကျော် Quarantine ၂၁ရက် ပြည့်ပြီး အားလုံး ပို့ပြန်ထားပြီ ဖြစ်ကြောင်း သိရသည်။

Photo by ကိုးကန့် ဒေသခံ တဦး

လောက်ကိုင် ဒေသတွင် ယာယီ စခန်း ၂ ရက်ခန့်သာ လက်ခံပေးပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တစ်ဆင့် လားရှိုးကို ပို့ဆောင်ပေးပြီး သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ရထားနှင့် ပြန်သွားကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ ခဏလေးပဲ ထိန်းထားပေးတော့မယ်။ ခုက ဝမ်းရောဂါလည်း ကြောက်ရတယ်။ လူတအားများတော့ ထိန်းရတာ မလွယ်ဘူး။” ဟု လောက်ကိုင်ဒေသမှ အစိုးရ ဝန်ထမ်း တစ်ဦး ကပြောသည်။

မေလ ၁၀ ရက်နေ့က တရုတ်ပြည်မှ ကိုးကန့်ဒေသ ရှိ ချင်းရွှေဟော်တွင် ပြန်လည်ဝင်ရောက်လာသည့် ပြန်တော်ပြန် ၄၀၀ ကျော် နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ် မှ ၁၀၀ ကျော် ပြန်လည်ဝင်ရောက်လာပြီး ၎င်း တို့အားလုံးကို ၂ ရက်သာ လက်ခံထားပြီး ပို့ပြန်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကန့်ဒေသမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်သည် နှစ်သောင်း ကျော်ရှိပြီး၊ အများစုသည် မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် စစ်တိုင်းတိုင်း တို့ ဖြစ်ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article