CATEGORY

သတင်း

တန့်ယန်းမြို့ လုယက်မှုဖြစ် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် လုယက်ဓားပြတိုက်ယူမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်မှု မြှင့်တက်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်မှ ပြန်လာသည့် အမျိုးသား လူငယ်တစ်ဦးသည် တန့်ယန်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရွှေမောင်းကျောင်း အပေါ်ဘက်လမ်းအနီးတွင်...

မူဆယ်မြို့ PDF မိသားစုဝင်တစ်ဦးကို စစ်ကောင်စီ မှ ဓားစာခံ အဖြစ်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် PDF တပ်သား၏မိသားစုဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ အမဖြစ်သူကို စရဖက ယမန်နေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ...

နောင်ချိုမြို့နယ်အတွင်း ဆိုင်ကယ် ပေါ်တင်ခိုးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ ဒေသခံတစ်ဦး ဖုန်းဘေလ် ဝင်ဝယ်နေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် (၃) ဦးက ဆိုင်ကယ် ဝင်ရောက်ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ်ခိုးယူသွားသည့် လူငယ် (၃) ဦးသည် လူငယ်များဖြစ်ပြီး ယမန်နေ့ (မေလ ၂) ရက် နေ့လည်တွင် ဒေသခံ တစ်ဦးက...

တရုတ်ပြည် တင်ပို့မည့် ကြံကားများ မုံးကိုးမြို့တွင်းပိတ်မိနေ

တရုတ်နိုင်ငံသို့ တင်ပို့မည့်ကြံကားများသည် သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့တွင် ပိတ်မိနေသဖြင့် ကြံများစွန့်ပစ်နေရ ကြောင်းစုံစမ်းသိရသည်။ တရုတ်နိုင်ငံတွင်းသို့ ကြံကားများ တင်ပို့ရန်အတွက် ဂိတ်တွင် စစ်ဆေးမှု တင်းကြပ်များရှိပြီး အချိန်ကြန့်ကြာမှုကြောင့် ကြံများစွန့်ပစ်နေရပြီး ကားသမားများလည်း အခက်အခဲကြုံနေရကြောင်း ကြံကားသမားများက ပြောသည်။ “ ဂိတ်တွေက ကျန်းမာရေးစစ်ဆေးတယ်။ ကိုဗစ်တွေ စစ်ဆေးတယ်။ အဆင့်ဆင့်စစ်ဆေးတာ။ တရုတ်နိုင်ငံထဲပို့ဖို့ဆိုရင်...

ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ်...

နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာက စက်သုံးဆီဆိုင်မှ လူငယ် (၂) ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၃)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆမ္မဆယ်ကျေးရွာအတွင်းရှိ ဆီဆိုင်ပိုင်ရှင်၏ သားနှင့် မြေးဖြစ်သူ အမျိုးသမီးကို လက်နက်အပြည့်စုံဖြင့်...

လူမှုကွန်ရက်ပေါ်တင်သည့် သတင်းကြောင့် မူဆယ်မြို့ အမျိုးသမီး တစ်ဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အမျိုးသမီးတစ်ဦး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ထားသည့် သတင်းကြောင့် စစ်ကောင်စီ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၂) ရက် မွန်းလွဲပိုင်း ၄ နာရီတွင် မူဆယ်မြို့ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီလက်အောက်ခံ စရဖက ကား...

သျှမ်းနိုင်ငံရေးခေါင်းဆောင် SNLD ထူထောင်သူဖြစ်တဲ့ ဦးခွန်ထွန်းဦး ကွယ်လွန်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ယနေ့ ဧပြီ (၃၀) ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရပါတယ်။ “စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သူ မကြာခဏ နေမကောင်းဖြစ်တယ်။ ဆေးရုံ (၂) ကြိမ်လောက်တက်ရတယ်။ ပြီးခဲ့ပတ်တုန်းက သိပ်နေမကောင်းဘူး။ ဒီပတ်က တစ်ပတ်လုံး...

တရားဥပဒေ အထက်က စစ်ကောင်စီ 

“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။ ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို  ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ   ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့  သူမက ဆိုပါတယ်။ စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက်...

ကျောက်မဲမြို့နယ်တွင်း ဓားပြတိုက်မှုဖြစ်/ အိမ်ရှင်တစ်ဦး ခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး အိမ်ရှင်တစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဧပြီ၃၀ )ရက် နံနက် ၂ နာရီတွင် ကားနှစ်စီးနှင့် ဓားပြတိုက်သူတစ်စုတို့သည် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် ၁၉ ရှိ နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး မိသားစုဝင်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံ...

Latest news