နောင်ချိုမြို့နယ်အတွင်း ဆိုင်ကယ် ပေါ်တင်ခိုးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ ဒေသခံတစ်ဦး ဖုန်းဘေလ် ဝင်ဝယ်နေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် (၃) ဦးက ဆိုင်ကယ် ဝင်ရောက်ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။

CCTV တွင်တွေ့ရသည့်ဆိုင်ကယ်ခိုးသူများ

ဆိုင်ကယ်ခိုးယူသွားသည့် လူငယ် (၃) ဦးသည် လူငယ်များဖြစ်ပြီး ယမန်နေ့ (မေလ ၂) ရက် နေ့လည်တွင် ဒေသခံ တစ်ဦးက ဖုန်းဘေလ်ဝင်ဝယ်ချိန်တွင် ဝင်ရောက်ခိုးယူသွားကြောင်းသိရသည်။

“ ဟုတ်တယ်။ ခိုးယူသွားတဲ့သူကလည်း လူငယ်တွေပဲဖြစ်တာ။ လူငယ် (၃) ယောက်တဲ့။ အဲလူငယ်တွေလည်း မူးယစ်ဆေးဝါးသုံးကြတဲ့သူတွေဖြစ်တယ်။ ဆေးဖိုးလိုလို့ ပဲ ဝင်ရောက်ခိုးသွားတာထင်တယ်” ဟု နောင်ချိုမြို့ က ပရဟိတအသင်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အုမ္မသီးကျေးရွာမှ နောင်ချိုမြို့နယ် သွားလမ်းတွင် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

“ အဲ့နေရာမှာက ဓားပြမှုက မကြာခဏ ဖြစ်နေတယ်။ ပြီးတော့ ဓားပြတိုက်သူတွေကလည်း လူငယ်တွေပဲဖြစ်တယ် လို့ပြောတယ်။ သွားလာတာကတော့ စိုးရိမ်ရတယ်။ ကြောက်ရတယ်ပေါ့။ သိပ်ပြီးတော့မသွားရဲတော့ဘူး အဲလမ်းကို” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်အများစုသည် ဓားပြတိုက်မှု၊ ပစ်သတ်ခံရမှု၊ ခိုးယူလုယက်မှု၊ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပိုများပြားလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

နောင်ချိုဒေသခံ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ဒဏ်ရာရ၊ ကြံခုတ်ရာသီ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်

0
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ကြံသွားခုတ်သည့် အမျိုးသမီး ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကုန်းစံကျေးရွာဘက်ရှိ ကြံခင်းတစ်ခုတွင် ကြိုးဖြင့်ထောင်ထားသည့် မြေမြှုပ်မိုင်းကို ထိခိုက်မိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေ့စားလိုက်...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...