Tuesday, April 23, 2024

နောင်ချိုမြို့နယ်အတွင်း ဆိုင်ကယ် ပေါ်တင်ခိုးနေ

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ ဒေသခံတစ်ဦး ဖုန်းဘေလ် ဝင်ဝယ်နေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် (၃) ဦးက ဆိုင်ကယ် ဝင်ရောက်ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။

CCTV တွင်တွေ့ရသည့်ဆိုင်ကယ်ခိုးသူများ

ဆိုင်ကယ်ခိုးယူသွားသည့် လူငယ် (၃) ဦးသည် လူငယ်များဖြစ်ပြီး ယမန်နေ့ (မေလ ၂) ရက် နေ့လည်တွင် ဒေသခံ တစ်ဦးက ဖုန်းဘေလ်ဝင်ဝယ်ချိန်တွင် ဝင်ရောက်ခိုးယူသွားကြောင်းသိရသည်။

“ ဟုတ်တယ်။ ခိုးယူသွားတဲ့သူကလည်း လူငယ်တွေပဲဖြစ်တာ။ လူငယ် (၃) ယောက်တဲ့။ အဲလူငယ်တွေလည်း မူးယစ်ဆေးဝါးသုံးကြတဲ့သူတွေဖြစ်တယ်။ ဆေးဖိုးလိုလို့ ပဲ ဝင်ရောက်ခိုးသွားတာထင်တယ်” ဟု နောင်ချိုမြို့ က ပရဟိတအသင်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အုမ္မသီးကျေးရွာမှ နောင်ချိုမြို့နယ် သွားလမ်းတွင် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

“ အဲ့နေရာမှာက ဓားပြမှုက မကြာခဏ ဖြစ်နေတယ်။ ပြီးတော့ ဓားပြတိုက်သူတွေကလည်း လူငယ်တွေပဲဖြစ်တယ် လို့ပြောတယ်။ သွားလာတာကတော့ စိုးရိမ်ရတယ်။ ကြောက်ရတယ်ပေါ့။ သိပ်ပြီးတော့မသွားရဲတော့ဘူး အဲလမ်းကို” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်အများစုသည် ဓားပြတိုက်မှု၊ ပစ်သတ်ခံရမှု၊ ခိုးယူလုယက်မှု၊ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပိုများပြားလာကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article