Thursday, December 1, 2022

တရုတ်ပြည် တင်ပို့မည့် ကြံကားများ မုံးကိုးမြို့တွင်းပိတ်မိနေ

Must read

တရုတ်နိုင်ငံသို့ တင်ပို့မည့်ကြံကားများသည် သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့တွင် ပိတ်မိနေသဖြင့် ကြံများစွန့်ပစ်နေရ ကြောင်းစုံစမ်းသိရသည်။

မုံးကိုး ကြံကားများပိတ်မိနေ

တရုတ်နိုင်ငံတွင်းသို့ ကြံကားများ တင်ပို့ရန်အတွက် ဂိတ်တွင် စစ်ဆေးမှု တင်းကြပ်များရှိပြီး အချိန်ကြန့်ကြာမှုကြောင့် ကြံများစွန့်ပစ်နေရပြီး ကားသမားများလည်း အခက်အခဲကြုံနေရကြောင်း ကြံကားသမားများက ပြောသည်။

“ ဂိတ်တွေက ကျန်းမာရေးစစ်ဆေးတယ်။ ကိုဗစ်တွေ စစ်ဆေးတယ်။ အဆင့်ဆင့်စစ်ဆေးတာ။ တရုတ်နိုင်ငံထဲပို့ဖို့ဆိုရင် တစ်ရက်တစ်ရက် အရမ်းကိုကြာတယ်။ ကျနော်တို့ ကားသမားတွေအတွက်တော့ အခက်ခဲအများကြီးရှိတာပေါ့။ လမ်းမှာစောင့်နေရတယ်။ တစ်ပတ်ကျော်လောက်စောင့်ရတယ်” ဟု မုံးကိုးရောက် ကြံကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ် – ၁၉ ကြောင့် မုံးကိုးမြို့ဘက်မှ တင်ပို့ရောင်းချမည့် ကြံများကို တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက်တင်ပို့ဆောင် ခွင့်မပြုသဖြင့် ကားသများ နှင့် ကြံပိုင်ရှင်များကလည်း အခက်ခဲရှိနေကြောင်းသိရသည်။

ထိုအပြင် တစ်ရက်ကို တရုတ်နိုင်ငံတွင်းသို့ ကြံကား အစီး(၄၀)ခန့် တင်ပို့ ခွင့်ရကြောင်းသိရသည်။

“ တစ်ရက်ကို ပုံမှန်ဆိုရင် ကား (၄၀) စီးလောက်၀င်လို့ရတယ်။ အများဆုံးတင်ရတဲ့နေဆိုရင် ကားအစီး (၅၀) လောက်ဝင်ခွင့်ရတယ်။ ကားတွေကိုလည်းလှဲရတယ်။ ကြံတွေကို တရုတ်နိုင်ငံဘက်က ကားပေါ်ပြန်တင်ပြီး ယူသွားရတာ။ ဒီဘက်ကို ကားက လုံးဝကို ဝင်ခွင့်မရဘူး” ဟု ၎င်း ကားသမားက ပြောသည်။

ဆက်လက်ပြီး ကြံပိုင်ရှင်များအတွက်လည်း အရှုံးပေါ်နေပြီး တရုတ်နိုင်ငံတွင်းသို့ တင်ပို့ရန်အတွက် ကားရှာရသည့် အတွက်လည်း အခက်ခဲများရှိကြောင်းသိရသည်။

“ ကြံက ခုတ်ထားပြီးပြီ အိမ်မှာကြာနေတာ။ ကားလည်းရှာရခက်တယ်။ ကျေးရွာဘက်ဆိုရင်လည်း ကြံကိုတင်ရောင်းဖို့ ကားရှာရခက်တယ်။ ကြံကခုတ်ထားပြီး ကြာသွားတော့ အလေးချိန်ကျသွားတယ်။ အလေးချိန်ကျတော့ ဈေးကျတယ်လေ။ သူတို့က အလေးချိန်ကိုတွက်ပြီးတော့ ငွေပေးတာလေ” ဟု ကြံပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ အခြေနေနှင့် နိုင်ငံရေးအခြေနေတွေကြောင့် တရုတ်နိုင်ငံဘက် ကုန်တင်သွင်းမှု အဖက်ဖက်ကို တင်းကြပ်ထားမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကုန်သည်များ၊ လယ်သမား၊ တောင်သူများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article