CATEGORY

သတင်း

မူးယစ်ဆေးသုံးသည်လင်းခေးမြို့ ၁၀ ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် ယာဘမူးယစ်ဆေးဝါးများ ပေါများလျှက်ရှိရာ ဆေးစွဲနေသည့်ကျောင်း သားတချို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဆေးစွဲသူလူငယ် ၁၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ဘဝ ပြန်လည်ထူထောင်ပေးရန်အတွက် ဟုပြောဆို သွား ကြောင်း နီးစပ်သည့်ဒေသခံ များပြောပြချက်အရသိရသည်။ “ဦးလေးတို့ကလေးရဲ့ဆိုင်ကယ် မြို့အဝင်လမ်းမှာလာယူပါ-...

တရုတ်ပို့မည့်နွားတင်ကားများ ကျောက်မဲမြို့နယ်အတွင်း ပတ်ခတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် နွားများ တင်ဆောင်လာသည့် ကားများအား အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ ပစ်ခတ်သဖြင့် ကားဆရာ ၂ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၁ ရက် မနက် ၁ နာရီ ခွဲ ဝန်းကျင်က...

သျှမ်းပြည်နယ်အတွင်းလိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးနေ လူထုအခက်တွေ့

သျှမ်းပြည်နယ်တောင်ကြီး၊လွယ်လင် ၊ တာချီလိတ်နဲ့ မြို့ကြီးတချို့တွေမှာ လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းဆီး နေမှုကြောင့် ဒေသခံလူထု စိုးရိမ်ထိတ်လန့်မှုများခံစားနေရကြောင်း သိရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောင်ကြီးမြို့ အေးသာယာ၊ မြို့အဝင်အထွက်၊ လွယ်လင်မြို့ ပန်ခေါက်ဝိုး နမ့်စန်မြို့အဝင်အထွက်၊ ကျိုင်းတုံမြို့အဝင်အထွက်ဂိတ်၊ တာချီလိတ်စတဲ့ မြို့ကြီးတွေနဲ့ မြို့ငယ်တချို့တွေမှာစတင် ဖမ်းဆီးနေတာ ဖြစ်တယ်လို့သိရပါတယ်။ “တောင်ကြီးမှာ...

ရေဘေးသင့် သီပေါ – နမ့်လန် ဒေသခံ ၃၀၀၀ ကျော် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်သည့်အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၃ ထောင်ကျော် အတွက် ကျန်းမာရေးဆိုင်ရာ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာအတွက် အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။ မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေစီးဝင်မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၂၁၄ အိမ်၊ လူဦး...

သီပေါ-နမ့်လန်ရေကြီးမှု ကွင်းဆင်းကြည့်ရှုသည့် အုပ်ချုပ်ရေးမှူး ဓါးဖြင့်လိုက်ခုတ်ခံရ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ရွာ နေအိမ်များအတွင်း တောင်ကျရေစီးဝင်ရာတွင် ရပ်ကွက်တွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးမှူးများအဖွဲ့အား ကျေးရွာတွင်းလာရောက်မှီခိုနေထိုင်သူတဦးက ဓါးဖြင့်လိုက်ခုတ်ရာ ၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ရပ်ရွာလူကြီး၊ နယ်မြေမှူးများပါ၀င်သည့် အဖွဲ့က ရေဘေးသင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သျှမ်းပြည်တက္ကသိုလ်ဝင်တန်းအောင်ချက် အဆင့် ၁၂ ရှိ သျှမ်းပြည်နယ် ပညာရေးမှူးရုံးထုတ်ပြန်  

မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် သျှမ်းပြည် နယ်မှ တက္ကသိုလ်ဝင်တန်းစာမေး ပွဲအောင်ချက် အဆင့် (၁၂) နေရာတွင်ရှိနေကြောင်း သျှမ်းပြည်နယ် ပညာရေးမှူးရုံး ၊ ဒုတိယညွှန်ကြားရေးမှူး ဦစိန်လှိုင် ထံမှသိရသည် ။ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း သျှမ်းပြည်နယ် တစ်ပြည်နယ်လုံး အနေဖြင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅ သောင်းကျော်ရှိသည့်အနက်...

တောင်ကြီးမြို့တွင် ပအိုဝ်းလူထုမှ တပ်မတော် ထောက်ခံပွဲပြုလုပ်

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် ပအို၀်းလူထုစုပေါင်းကာ တပ်မတော် ထောက်ခံပွဲတရပ် ပြုလုပ်ခဲ့ကြောင်း သိရသည် ။ ဇွန်လ ၈ ရက်နေ့ နေ့လည် ၁၁ နာရီ ခန့်က ပအိုဝ်းတိုင်းရင်းသားများ မင်းကွန်းကျောင်းတွင် စုဆုံကာ မိန်းလမ်းအတိုင်း ချီတက်၍ ကျောက်တိုင်ကွင်းတွင် ဟောပြောပွဲဆက်လုပ်မည်ဟု သိရသည် ။ ယင်းထောက်ခံပွဲတွင် ပအိုဝ်းတိုင်းရင်းသား...

မူစယ် ပုဂ္ဂလိက ကျောင်းများထံ ကချင် လက်နက်ကိုင် အခွန်ကောက်

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ကျောင်း များထံ ကချင် လွတ်မြောက်ရေး အဖွဲ့ မှ တကျောင်းလျှင် အခွန် ၁၀ သိန်းကျပ် ကောက်သည့် စာပို့ထားကြောင်း သတင်းရရှိသည်။ ၂၀၁၇ - ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်အတွက် ပုဂ္ဂလိက မူလတန်းတကျောင်းလျှင်...

ကျောက်မဲဒေသခံများ၏ လယ်ယာမြေတွင် စစ်တပ်မှ ခြံခတ်ပျိုးကြဲမှု ဒေသခံများ အလိုမရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာအတွင်း တောင်သူ လယ်ယာမြေများ တွင် ကျောက်မဲအခြေစိုက် ခမရ ၅၀၁ မှ တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်သည့်အပေါ်တပ်နှင့် တောင် သူကြား မြေယာ အငြင်းပွားမှုများဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။ ဇွန်လ ၅ ရက်နေ့က အဆိုပါ စစ်တပ်မှ ခြံစည်းရိုးခတ်သည့်...

မိုးနဲမြို့နယ် ကားလမ်းဘေးရှိပြောင်းခြံဧက ၁၀၀ ကျော်အား တပ်သိမ်းမြေ၊ သစ်ပင်မခုတ်ရဟုဆိုကာ ယာမြေပိုင်ရှင်များအား တပ်မှ လက်မှတ်ရေးထိုးခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် နမ့်မော်ဆွန်ရွာသားများ၏ ကားလမ်းဘေးတဖက်တချက်ရှိ ဘိုးစဉ်ဘောင် ဆက်ပြောင်းခြံ ဧက ၁၀၀ ခန့်အား တပ်ပိုင်မြေဖြစ်သောကြောင့် သစ်ပင်မခုတ်ရန် သဘောတူ လက်မှတ် ရေးထိုးခိုင်းသဖြင့် ရွာသားများစိုက်ပျိုးရေးအတွက် အခက်အခဲရှိနေကြောင်းသိရသည်။ မိုးနဲအခြေစိုက် ခလရ ၂၄၈ မှ ၂၀၁၈ အတွင်းသိမ်းယူမည့်မြေများမှာ မိုးနဲမြို့အထွက် မြို့မြောက်ဘက် ၃...

Latest news