ရေဘေးသင့် သီပေါ – နမ့်လန် ဒေသခံ ၃၀၀၀ ကျော် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်သည့်အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၃ ထောင်ကျော် အတွက် ကျန်းမာရေးဆိုင်ရာ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာအတွက် အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေစီးဝင်မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၂၁၄ အိမ်၊ လူဦး ရေ ၃၄၄၅ ဦး တို့၏နေအိမ်များ၊ အုတ်တံတိုင်းခြံစည်းရိုးများ ပျက်စီးပြိုလဲခြင်းနေအိမ် ပရိဘောဂ ပစ္စည်းများ ရေနှင့် အတူမျှောပါခြင်း၊ ကောက်ပဲသီးနှံများရေနစ်မြှုပ်ခြင်းနှင့် လမ်းများ၊ တံတားများလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သက်ဆိုင်ရာ ဌာနများ သတင်းထုတ်ပြန်ချက်များအရသိရသည်။

“ရေကတော့ ကျသွားပြီ ဒါပေမယ့် ရေတိုက်စားမှုကြောင့် ပြန်လည်ထူထောင်ဖို့က ပြန်လုပ်ယူရအုံးမယ်၊ အပျက် အစီးလဲများတယ်။ အိမ်အလုံးလိုက်ပျက်စီးတာတွေ တစ်ချို့အိမ် အိုးခွက် ပန်းကန်တွေ အိမ်ယာ ခင်းတွေ ဘာမှ မကျန်တဲ့အိမ်တွေလဲ ရှိတယ်။ ပြန်လည်ထူထောင်ရေး တော်တော်လုပ်ယူရမယ့် သဘော ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးလဲ အရမ်းပျက်စီးသွားတယ်၊ လမ်းတွေက ရေတိုက်စားတော့ အရမ်း ပျက်စီးတယ်” ဟု နမ့်လန်ဒေသခံလည်းဖြစ် သျှမ်းလူငယ်ကွန်ယက် TYN ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင် ကပြောသည်။


ဂျွန်လ ဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီပေါမြို့နယ် နမ့်လန်တိုက်နယ် ကျေးလက်ဒေသခံများ ရေကြီးမှုဒဏ်ဆက်တိုက်ခံနေရသည်ဟု ဒေသခံများပြောချက်အရသိရသည်။

“လမ်းပြုပြင်ရေး အထူးအဖွဲ့ ၆ က လာပြီးတော့ ရေလမ်းကြောင်းလွှဲဖို့ လာတိုင်းတာပြီး သွားပြီ လုပ်ငန်းစဖို့ပဲ လိုတော့တယ်၊ မနေ့က ရေလမ်းကြောင်းလွှဲဖို့ သူတို့က လမ်းကြောင်းသွားရှာတယ် ” ဟု စိုင်းနော်ဆိုင် က ဆက်ပြောသည်။

ယခုကဲ့သို့အခြေနေမျိုး ထပ်မံမကြုံရစေရန် ရေတိုစီမံကိန်း နှင့် ရေရှည်စီမံကိန်း ခုချမှတ်သွားမည်ဖြစ် ကြောင်း၊ ရေတိုစီမံကိန်းတွင် ရေကြီးလာလျှင် ရေလမ်းကြောင်းလွှဲထုတ်နိုင်ရန်၊ ရေရှည်စီမံကိန်းတွင် ပြုန်းတီးသွားသည့် သဘာဝသစ်တောများ ပြန်လည်စိမ်းလန်းစိုပြေရန်အတွက် သစ်တောထိန်းသိမ်းရေး ၊ သစ်ပင်စိုက်ပျိုးရေးများ လုပ်ဆောင်သွားရန် လိုအပ်သည်ဟုလည်း စိုင်းနော်ဆိုင် ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...