Wednesday, January 28, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သျှမ်းပြည်တက္ကသိုလ်ဝင်တန်းအောင်ချက် အဆင့် ၁၂ ရှိ သျှမ်းပြည်နယ် ပညာရေးမှူးရုံးထုတ်ပြန်  

မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် သျှမ်းပြည် နယ်မှ တက္ကသိုလ်ဝင်တန်းစာမေး ပွဲအောင်ချက် အဆင့် (၁၂) နေရာတွင်ရှိနေကြောင်း သျှမ်းပြည်နယ် ပညာရေးမှူးရုံး ၊ ဒုတိယညွှန်ကြားရေးမှူး ဦစိန်လှိုင် ထံမှသိရသည် ။


၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း သျှမ်းပြည်နယ် တစ်ပြည်နယ်လုံး အနေဖြင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅ သောင်းကျော်ရှိသည့်အနက် တစ်သောင်း ငါးထောင်ကျော်သာ အောင်မြင်ခဲ့ ပြီး ယခင်နှစ်က ထက် အောင်ချက်လျော့နည်း သွားကြောင်းသိရသည် ။

သျှမ်းပြည်နယ် တောင်ပိုင်းအနေဖြင့် တက္ကသိုလ် ဝင်တန်း ဝင်ရောက်ဖြေဆိုသူ သုံးသောင်းကျော် ရှိသည့် အနက် အောင်မြင်သူ ကိုးထောင်ကျော် ရှိသည် ။

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် ဝင်ရောက်ဖြေဆိုသူ တစ်သောင်းခြောက်ထောင်ကျော် ရှိသည့်အနက် အောင် မြင်သူငါးထောင်ကျော်ရှိပြီး သျှမ်းရှေ့တွင် ဝင်ရောက်ဖြေဆိုသူ ၅ ထောင် နီးပါးရှိသည့်အနက် ကိုးရာကျော်သာ အောင်မြင်ကြောင်းနှင့် သျှမ်းပြည်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၉.၅၉% ခန့် ရှိသည်ဟု သျှမ်းပြည်နယ် ပညာရေးမှူး ရုံးမှ သိရသည် ။

သျှမ်းပြည်နယ်အတွင်း ဘာသာစုံဂုဏ်ထူးကို အမှတ်ပေါင်း ၅၄၄ မှတ်ဖြင့် အမှတ်အများဆုံးရရှိသူမှာ သျှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ အ.ထ.က (၄) ကျောင်းမှ ကျောင်းသား ဖြစ်ကြောင်းသိရသည် ။

သျှမ်းပြည်နယ်အနေဖြင့် ယခင်နှစ်က မြန်မာတစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းမှာ ၃၃.၈၇ % ရှိပြီး ယခုနှစ်အောင်ချက်မှာ ၃၃.၈၂% သာရှိသဖြင့် တနိုင်ငံလုံးအောင်ချက် ၅ % ခန့်ကျဆင်းသွားကြောင်း ဆက်လက်သိရှိရပါသည် ။

မြန်မာတနိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ ရန်ကုန်မြို့ ဒဂုံ အထက ၁ မှကျောင်းသူတဦးဖြစ်ပြီး ရမှတ်မှာ ၅၅၃ မှတ်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဟု သျှမ်းပြည်နယ်ရွေးကော်ပြော

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းထားသော ကိုယ်စား လှယ်လောင်း မည်မျှရှိနေသည်လဲဟု ဆက်သွယ်မေးမြန်းမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သတ်မှတ်ရက်မ ပြည့်သေးသည့်အတွက် ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ “လာမတင်သေးတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ တရားဝင်ပြောလို့ မရသေးဘူး။ သတ်မှတ်ရက်...

သျှမ်းပြည်မြို့တော်တောင်ကြီး ကိုဗစ်ကာကွယ်ကုသရေး လူအင်အား ပစ္စည်းအင်အားလိုအပ်နေ

0
ဧပြီလကစပြီး သျှမ်းပြည်ထဲကို ကိုဗစ်-၁၉ ရောဂါပိုးစတင်ရောက်လာကတည်းကစပြီးကနေ့ချိန်အထိ် ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီအနက်သျှမ်းပြည်တောင်ပိုင်းက ၃၀၀ ကျော်နဲ့အများဆုံးကူးစက်ခံနေရပါတယ်။ အဲဒီ ၃၀၀ အနက်မှာ တောင်ကြီးမြို့က ၁၁၁ ဦးရှိနေပါတယ်။ သျှမ်း/တောင်ထဲကို ကိုဗစ်စဝင်လာတုန်းက သျှမ်းပြည်နယ်အစိုးရက ကိုဗစ်ကာကွယ်ရေးအတွက်ဘ တ်ဂျတ်သီးသန့်မရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ထဲကခွဲဝေသုံးစွဲရတယ်လို့ သျှမ်းသံတော်ဆင့်ကိုပြောပြဖူးပါတယ်။ ဒါမယ့်ခုချိန်အထိ...