Tuesday, January 27, 2026

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ ရှိလာပြီဖြစ်သည်။

အဆိုပါမြို့နယ်များမှာ သျှမ်းမြောက်တွင် လောက်ကိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါနှင့် နောင်ချိုမြို့နယ်၊ သျှမ်းရှေ့တွင် တာချီလိတ်မြို့နယ်၊ သျှမ်းတောင်တွင် တောင်ကြီး၊ ညောင်ရွှေနှင့် ရပ်စောက်မြို့နယ်တို့ဖြစ်သည်။

သျှမ်းမြောက် လောက်ကိုင်မြို့နယ်တွင် ကိုဗစ်ကူးစက်လူနာ (၃၀၀၀)နီးပါး ရှိနေပြီး သေဆုံးသူ (၇)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၀၀၀)နီးပါး ရှိနေသည်။

မူဆယ်မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ (၆၀၀)ကျော်နှင့် သေဆုံးသူ (၃၀)နီးပါး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၀၀)ကျော်ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူလူနာ (၁၅၀၀)နီးပါးနှင့် သေဆုံးသူ (၈၀)ဝန်းကျင်ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ (၈၀၀)ကျော် ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဇူလိုင်(၂၇)ရက် ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ (၆၈၀)ဦးရှိပြီး သေဆုံးသူ (၂၉)ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ (၃၄၈)ဦး ရှိနေကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ဇူလိုင် (၂၇)ရက် ယနေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၈၀၄)ဦး ရှိပြီး သေဆုံးသူ (၂၂)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၅၇၅)ထိ ရှိကြောင်း သိရသည်။

သျှမ်းတောင် တောင်ကြီးမြို့နယ်တွင် ဇူလိုင် (၂၆)ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၅၀၀)နီးပါး ရှိပြီး သေဆုံးသူ (၆၀)ခန့်နှင့် ဆေးရုံဆင်းခွင့်ရသူ (၄၆၀)ကျော်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ဇူလိုင် (၂၇)ရက် ယနေ့ထိ ကိုဗစ်ကူးစက်ခံရသည့်လူနာ (၈၀၀)နီးပါး ရှိနေပြီး သေဆုံးသူ (၂၉)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၃၀၀)ကျော် ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ယမန်နေ့ထိ ကိုဗစ် ကူးစက်ခံရသည့် လူနာ (၃၂၈)ဦးရှိပြီး သေဆုံးလူနာ (၄)ဦး ဆေးရုံဆင်းခွင့်ရသူ (၁၉၉)ဦးရှိကြောင်း၊ ဗထူးတပ်အတွင်း ကိုဗစ်ကူးစက်လူနာ မည်မျှရှိသည်ကို မသိရှိရပါ။

သျှမ်းရှေ့ တာချီလိတ်မြို့နယ်တွင် ကိုဗစ်ကူးစက်လူနာ (၁၀၀၀)ကျော်ရှိနေပြီး၊ သေဆုံးလူနာ (၆)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၃၀၀)ကျော်ရှိနေကြောင်း သိရှိရသည်။

ယခု စာရင်းများသည် ကိုဗစ်တတိယလှိုင်း သျှမ်းပြည်အတွင်း ကူးစက်၊ သေဆုံးနှင့်ဆေးရုံဆင်းခွင့်ရရှိသည့် လူနာ စာရင်းများဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...