Tuesday, January 27, 2026

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဟု သျှမ်းပြည်နယ်ရွေးကော်ပြော

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများစာရင်း ယခုလနောက်ဆုံးအပတ်မှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်က ပြောသည်။

သျှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်

လက်ရှိအချိန်ထိ သျှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းထားသော ကိုယ်စား လှယ်လောင်း မည်မျှရှိနေသည်လဲဟု ဆက်သွယ်မေးမြန်းမှုအပေါ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သတ်မှတ်ရက်မ ပြည့်သေးသည့်အတွက် ဖြေကြားရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“လာမတင်သေးတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ တရားဝင်ပြောလို့ မရသေးဘူး။ သတ်မှတ်ရက် မတိုင်ခင်ပြော လိုက်ရင် မတင်ရသေးတဲ့ ကိုယ်စားလှယ်တွေက ကျွန်တော်တို့ကိုပြောလာမှာပေါ့။သတ်မှတ်ရက်တောင် မပြည့် သေးတာ။ ဒီဇင်ဘာ ၂၀ ရက်လောက်မှ ထုတ်ပြန်နိုင်မယ်” ဟု ဦးဇော်မြင့်ကပြောသည် ။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်ပြမှုနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း ၁၃၂ ဦးစလုံး တင်သွင်းပြီးဖြစ်ကြောင်း တောင်ကြီးမြို့ နယ် SNLD အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းယမင်းက ပြောသည်။

“ကျွန်မတို့ပါတီကတော့ သိရသလောက် အကုန်လုံးနီးပါး တင်သွင်းပြီးပြီ။ ကော်မရှင်က အနိုင်ရတဲ့ကိုယ်စားလှယ်တွေကို ပဲအဓိကထားစီစစ်တာတွေ့ရတယ်။ ကိုယ်စားလှယ်တစ်ဦးကို သိန်းတစ်ရာသုံးခွင့်ရှိပေမဲ့ ကျွန်မအနေနဲ့ကတော့ သိန်း ၇၀ ကျော် လောက်ပဲသုံးခဲ့ပါတယ်” နန်းယမင်းကပြောသည်။

ကိုယ်စားလှယ်အသုံးစာရိတ် တင်သွင်းရာတွင် စာရင်းစာရွက်မိတ္တူ ၊ စာအုပ်များ အလွန်များပြားသဖြင့် စာရွက်စာရင်းများကို Softcopy များဖြင့် တင်သွင်းလျှင် အချိန်ကုန်ပိုမိုသက်သာနိုင်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ခံရသည့် ကိုယ်စား လှယ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း တင်တွင်းရမည်ဖြစ်ပြီး တင်သွင်းရန်ပျက်ကွက်ပါက ဥပဒေပုဒ်မ ၈၈ (ဂ) အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ကာ ထိုသို့သက်မှတ်ခံရပါက လာမည့်လွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်မဟုတ်ဘဲ နောက်တစ်ကြိမ်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

သျှမ်းပြည်နယ် မြို့နယ် ၄၉ ခုတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယင်းရွေးကောက်ပွဲအား တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ၂၂ ဦးအပါအဝင် နိုင်ငံရေးပါတီ ၃၁ခုမှ  ကိုယ်စားလှယ်လောင်း ၁၀၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် မဲဆန္ဒရှင်ဦးရေ ၃၆၃၄၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၃၅၉၁ ရုံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...

သျှမ်းပြည်မြို့တော်တောင်ကြီး ကိုဗစ်ကာကွယ်ကုသရေး လူအင်အား ပစ္စည်းအင်အားလိုအပ်နေ

0
ဧပြီလကစပြီး သျှမ်းပြည်ထဲကို ကိုဗစ်-၁၉ ရောဂါပိုးစတင်ရောက်လာကတည်းကစပြီးကနေ့ချိန်အထိ် ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီအနက်သျှမ်းပြည်တောင်ပိုင်းက ၃၀၀ ကျော်နဲ့အများဆုံးကူးစက်ခံနေရပါတယ်။ အဲဒီ ၃၀၀ အနက်မှာ တောင်ကြီးမြို့က ၁၁၁ ဦးရှိနေပါတယ်။ သျှမ်း/တောင်ထဲကို ကိုဗစ်စဝင်လာတုန်းက သျှမ်းပြည်နယ်အစိုးရက ကိုဗစ်ကာကွယ်ရေးအတွက်ဘ တ်ဂျတ်သီးသန့်မရှိတဲ့အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ထဲကခွဲဝေသုံးစွဲရတယ်လို့ သျှမ်းသံတော်ဆင့်ကိုပြောပြဖူးပါတယ်။ ဒါမယ့်ခုချိန်အထိ...

လက်ရှိသယံဇာတထိန်းသိမ်းရေးဝန်ကြီးအား လာမည့်အစိုးရသက်တမ်း တာဝန်ထပ်မပေးစေလိုကြောင်း အင်းလေးဒေသအရပ်ဖက်အဖွဲ့အစည်းတောင်းဆို

0
သျှမ်းပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို အင်းလေးဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဒီဇင်ဘာ(၆) ရက် ရက်စွဲဖြင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် သျှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ အင်းလေးကန်ဒေသနှင့် အင်းလေးကန် ရေဝေရေလဲဒေသမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ လူထု...