Tuesday, January 27, 2026

လက်ရှိသယံဇာတထိန်းသိမ်းရေးဝန်ကြီးအား လာမည့်အစိုးရသက်တမ်း တာဝန်ထပ်မပေးစေလိုကြောင်း အင်းလေးဒေသအရပ်ဖက်အဖွဲ့အစည်းတောင်းဆို

သျှမ်းပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို အင်းလေးဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သယံဇာတ၀န်ကြီးနှင့်ပတ်သက်ပြီး အင်းလေးဒေသခံများ ပေးပို့သောစာ

ဒီဇင်ဘာ(၆) ရက် ရက်စွဲဖြင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် သျှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ အင်းလေးကန်ဒေသနှင့် အင်းလေးကန် ရေဝေရေလဲဒေသမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ လူထု ကိုယ်စားလှယ်များအား စက်တင်ဘာ ၁ ရက်နေ့ တစ်ကြိမ် နှင့် ဒီဇင်ဘာ ၁ ရက်နေ့ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဖိတ်ကြားခဲ့ပေမယ့် သျှမ်းပြည်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် နှစ်ကြိမ်စလုံး ဆွေးနွေးပွဲ နီးကပ်ချိန်ရောက်မှ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံ လူထုကို်ယ်စားလှယ်များ တက်ရောက်ရန်မလိုကြောင်း အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“ဒီကိစ္စမှာလည်းပဲ အကြိမ်ကြိမ်ပေါ့နော်။ ၁ နာရီမှာ စည်းဝေးဖိတ်ထားတယ်။ ၁၂ နာရီထိုးဖို့ ၁၀ မိနစ်အလိုမှာ ကျနော်တို့ CSO တွေကို အဲ့အစည်းအဝေးကို နောက်မှပြန်ခေါ်မယ်ဆိုတာ။ ပြောလာတာရှိတယ်။ အစတုန်းကတော့ ကံတရားပေါ့ဗျာ။ ဒီပုဂ္ဂိုလ်တွေဟာ ကျနော်တို့ လက်တွဲပြီးတော့မှ လုပ်ငန်းအောင်မြင်ဖို့ အပြင်ကနေ ဝန်းရံပေးတဲ့သူတွေပါ။ ဒါမယ့် ကြည့်ရတာက ကျနော်တို့ကို ရဲဘော်ရဲဘက်အနေနဲ့ လက်မတွဲပဲနဲ့ ကျနော်တို့ လုပ်ငန်းမှာ ပါနေတဲ့ ပုဂ္ဂိုလ်မျိုးများ မြင်နေလား မသိဘူးပေါ့နော်။ နုတ်ထွက်တာကတော့ CSO တွေ အားကောင်းအောင်ပေါ့ ကျနော်တို့ အားကို အသုံးပြုမယ်ဆိုတာထက် ကျနော်တို့ သူတို့ကို အတိုက်အခံ လုပ်ဖို့ အကြောင်းမရှိပါဘူး။ သူတို့ကောင်းအောင်လည်း ကျနော်တို့ ပူးပေါင်းပြီး တတ်နိုင်တဲ့ဘက် ဝန်းရံပေးမှာပဲ အဲ့ဒါပါပဲ။” ဟု အင်းစာပေ ယဉ်ကျေးမှု အသင်း ဦးသက်ထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့သို့ လုပ်ဆောင်မှုမျိုးသည် အင်းလေးဒေသအရပ်ဘက် အဖွဲ့အစည်းများပေါ်တွင်လည်းကောင်း၊ အင်းလေးဒေသခံ ပြည်သူများအပေါ်တွင်လည်းကောင်း လေးစားမှုမရှိသော လုပ်ရပ် အဖြစ်ပေါ်လွင်ပြီး ဂုဏ်သိက္ခာ အားဖြင့် ထိခိုက်စေကြောင်း ဖော်ပြထားပါသည်။

အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေး ဥပဒေ ရေးဆွဲရာတွင်လည်းကောင်း၊ အင်းလေးကန်ထိ န်းသိမ်းရေး ကိစ္စများတွင်လည်းကောင်း၊ အင်းလေးဒေသအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ချစ်စိတ်၊ ဒေသချစ်စိတ်အပြည့်ဖြင့် ပါဝင်ပူူးပေါင်းကူညီပေးခဲ့သော်လည်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတ ဝန်ကြီးသည် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လို စိတ် အားနည်းလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး၏ လုပ်ကိုင်ပြုမှုဆောင်ရွက်နေခြင်းများသည် ဖော်ပြပါ အခြေအနေများနှင့် ဆန့်ကျင်လျှက်ရှိသောကြောင့် ယင်းဝန်ကြီး၏ စီမံညွှန်ကြားဆောင်ရွက်နေမှုများ ကို အင်းလေးဒေသ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအား ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများ အနေဖြင့်လည်းကောင်း၊ အဆိုပါ ဝန်ကြီးကို ၄င်း၏ဆောင်ရွက်မှုများအတွက် ပြည်လည်တောင်းပန်စေခြင်း၊ လာမည့် အစိုးရသက်တမ်းအတွင်း ထပ်မံတာဝန်ပေးခြင်းများ မပြုလုပ်စေခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာထားသည်။

သျှမ်းပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲကအနိုင်ရရှိခဲ့သည်။ ၄င်းသည် ယခုနှစ် ဧပြီလ တုန်းကလည်း ရှမ်းပြည်တောင်ပိုင်းအရှေ့ပိုင်းခရီးစဉ်များတွင် လင်းခေးဒေသခံများ၏ သျှမ်းခေါက်ဆွဲနှင့်ပတ်သက်ပြီး လူမျိုးရေးနှင့်ပတ်သက်သည့် ပြောဆိုခဲ့မှုများ ရှိခဲ့ရာ ပြန်လည်တောင်းပန်ပေးရန် လင်းခေးအမတ်များက စာတင်တောင်းဆိုခဲ့ဖူးပါသည်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဒေါက်တာညီညီအောင်သည် နောင်ချိုမြို့နယ် မဲဆန္ဒနယ်မှ ထပ်မံရွေးကောက်အနိုင်ရခဲ့သူဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသခံများ ငလျင်ထောက်ပံ့ကြေး အပြည့်မရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ပေးအပ်သည့် ငလျင်ထောက်ပံ့ကြေးကို ဒေသခံများ အပြည့်အဝ မရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်သန်းပေါင်း ငါးထောင်ကျော် လာရောက်ထောက်ပံ့ခဲ့ကြောင်း...

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...
တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

အင်းလေးဒေသခံ အစားအသောက်နှင့်ဆေးဝါး ပိုခက်ခဲလာ

0
သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများ အစားအသောက်နှင့် ဆေးဝါးခက်ခဲမှု ရှိနေကြောင်း သတင်းရရှိသည်။ Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားပြီး နောက်ပိုင်း အလုပ်အကိုင်ခက်ခဲမှုကြောင့် အစားအသာက်နှင့်ဆေးဝါး အခက်ခဲတွေ ကြုံတွေ့လာရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျေးရွာအများစုမှာ အခက်ခဲတွေဖြစ်နေကြတယ်၊ ဟဲယာရွာမရွာဆိုရင် သီးနှံ...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...