Tuesday, January 27, 2026

အင်းလေးဒေသခံ အစားအသောက်နှင့်ဆေးဝါး ပိုခက်ခဲလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများ အစားအသောက်နှင့် ဆေးဝါးခက်ခဲမှု ရှိနေကြောင်း သတင်းရရှိသည်။

Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားပြီး နောက်ပိုင်း အလုပ်အကိုင်ခက်ခဲမှုကြောင့် အစားအသာက်နှင့်ဆေးဝါး အခက်ခဲတွေ ကြုံတွေ့လာရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျေးရွာအများစုမှာ အခက်ခဲတွေဖြစ်နေကြတယ်၊ ဟဲယာရွာမရွာဆိုရင် သီးနှံ မစိုက်ပျိုးကြဘူး၊ ပန်းထိမ်လုပ်ငန်းပဲ လုပ်ကိုင်တာ၊ ကိုဗစ်ဖြစ်တော့ ပန်းထိမ်လုပ်ငန်းလည်း မလုပ်ရတော့ဘူး၊ ဝင်ငွေလည်း မရှိကြတော့ဘူး၊ စက်လှေမောင်းတဲ့သူတွေလည်း အခက်ခဲဖြစ်နေကြတာ” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဒေသတွင် အစားအသောက် ခက်ခဲမှုအပြင် ဆေးဝါးခက်ခဲမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သွေးတိုး၊ ဆီးချိုဆေးတွေလို ဆေးကို ရေရှည်စွဲပြီး သောက်နေရတဲ့သူတွေအတွက် ခက်ခဲသွားတာပါ၊ ကုန်ဈေးနှုန်းက တက်၊ အလုပ်အကိုင်က မရှိ၊ ဝင်ငွေက မရှိ တော့ ဆေးတွေ မဝယ်သောက်နိုင်တော့ဘူး၊” ဟု အင်းလေးဒေသမှ ပရဟိတ အသင်းဝင်တစ်ဦးက ပြောသည်။

အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှု လျော့ကျသွားခြင်းမရှိသေးဘဲ ယခုရက်ပိုင်းအတွင်း အင်းလေး တောင်ဘက်ပိုင်းရှိ စံကားဒေသတွင် ကူးစက်မှုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

ထိုအပြင် ကာကွယ်ဆေးထိုးပေးသည့် ဟဲယာရွာမတွင်လည်း လူစုလူဝေးဖြစ်ပေါ်နေသည့်အတွက် ကိုဗစ်ပိုမိုကူးစက်မှာကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာ (၂၂)ရက် ယမန်နေ့အထိ ကိုဗစ် − ၁၉ ကူးစက်ခံရသူ (၃၀၂၃)ဦးရှိပြီး သေဆုံးသူ (၁၀၁)ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၂၁၅၃)ဦးရှိနေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသခံများ ငလျင်ထောက်ပံ့ကြေး အပြည့်မရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ပေးအပ်သည့် ငလျင်ထောက်ပံ့ကြေးကို ဒေသခံများ အပြည့်အဝ မရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်သန်းပေါင်း ငါးထောင်ကျော် လာရောက်ထောက်ပံ့ခဲ့ကြောင်း...

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...