ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသ

အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း သတင်းအချက်အလက် များကို အခြားသူများသို့ ပို့ဆောင်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ဧပြီလ (၁၄) ရက်၌ နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

“အခုညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ မိသားစုဝင်တွေတော့ တွေ့ခွင့်ပေးတယ်ပြောတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့ကျရင် ရုံးချိန်းမယ်လို့တော့ ပြောတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် မမြင့်ကြည်သည် မွေးရာပါ ဦးနှောက်အနည်းငယ်ချို့ယွင်းနေသူဖြစ်ပြီး ဘေးပတ်ဝန်းကျင်၏ ပြောပြချက်အရ ဆင်းရဲချို့တဲ့သူတစ်ယောက်ဖြစ်သကဲ့သို့ ကျေးရွာအတွင်း စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးငွေ ကောက်ခံရာတွင်လည်း မမြင့်ကြည်အနေဖြင့် ထည့်ဝင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အင်းလေးဒေသ လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Justic Movement For Community-Innlay (JMC-Innlay) က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယမန်နေ့ ဧပြီလ ၁၈ ရက်၌ ထုတ်ပြန်ထားသည်။

မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့သည် မည်သူနှင့်မျှ အဆက်အသွယ်မရှိ၊ သတင်းပေးပို့ခြင်းမရှိဘဲ။ မတရားစွပ်စွဲအမှုဆင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ပြစ်မှုတစ်စုံတစ်ရာ တိတိကျကျ မပြနိုင်ပါဘဲ ထို နှစ်ဦးကို လာရောက်ဖမ်းဆီးသွားခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတစ်ဝှမ်း ဖမ်းဆီးခံရသူ ၂၆,၅၃၄ ရှိပြီး သတ်ဖြတ်ခံရသူပေါင်း ၄,၈၉၇ ဦးအထိ မြင့်တက်လာနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ ဧပြီလ ၁၈ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...