Tuesday, January 27, 2026

အင်းလေးဒေသခံများ ငလျင်ထောက်ပံ့ကြေး အပြည့်မရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ပေးအပ်သည့် ငလျင်ထောက်ပံ့ကြေးကို ဒေသခံများ အပြည့်အဝ မရရှိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်သန်းပေါင်း ငါးထောင်ကျော် လာရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ယူ ခွဲဝေပြီး နှစ်ထပ်အိမ်ဖြစ်လျှင် ငွေကျပ် သိန်း (၁၅၀) ၊ တစ်ထပ်အိမ်နှင့် သစ်သားအိမ်ဖြစ်လျှင် ငွေကျပ် သိန်း (၁၀၀) နှင့် ဝါးအိမ်ဆိုလျှင် ငွေကျပ် သိန်း(၄၀) ထောက်ပံ့မည်ဟု ဆိုသော်လည်း သစ်သားအိမ်နှင့် တိုက်အိမ်များကို ဝါးအိမ်စာရင်းထဲ ထည့်သွင်း၍ ပျှမ်းမျှ ကျပ်ငွေ (၂၅) သိန်းသာ ခွဲဝေပေးကြောင်း အင်းလေးဒေသခံများက ပြောသည်။

“အဲ့တုန်းကတော့ တစ်အိမ်ကို ကျပ် သိန်း ၁၀၀ ကျော်ရမယ်လို့ ကြားလိုက်တာ။ တကယ်ပေးတော့ သစ်အိမ်ရော အုတ်အိမ်ရော အကုန် ဝါးအိမ်စာရင်းထဲ သွင်းပြီး ကျပ် ၂၅ သိန်းလောက်ပဲ ပေးတာ။ ဒါတောင် ငလျင်ဒဏ်ခံရတဲ့အိမ် အကုန်မရကြဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့က ဒီလောက်ရတာတောင် ကံကောင်းနေပြီလို့ ပြောတာ၊ ဘယ်သူမှလည်း အတွန့်မတက်ရဲကြဘူး”ဟု အင်းလေးဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ငွေကြေးထောက်ပံ့ရာတွင်လည်း အင်းလေးထဲရှိ ကေလာရွာ၊ ပုလဲဦးရွာ၊ ဟဲယာရွာမ၊ မြောင်းဝကြီးရွာနှင့် ညောင်ဝန်းကျေးရွာ အတွက်သာ ထောက်ပံ့ငွေစာရင်း ပါရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ် ၄၀၀၀ နီးပါး ပျက်စီးသွားပြီး လူဦးရေ ၄၀ ထက်မနည်း သေဆုံးခဲ့ရသည်။

ထို့အပြင် အင်းလေးဒေသတွင် ရေတက်နေသောကြောင့် ရာသီပေါ်သီးနှံဖြစ်သည့် ပဲ၊ ငရုပ်၊ ဘူးသီး နှင့် ဂေါ်ရခါးသီးများကို မစိုက်ပျိုးနိုင်ကြောင်း၊ ရေကျမှသာ စိုက်ပျိုးရေး လုပ်ကိုင်ရန် အဆင်ပြေမည်ဖြစ်ကြောင်း အင်းလေးဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“အခုက စိုက်ပျိုးရာသီ အချိန်လေ၊ ရေတက်နေတော့ ဘာမှ လုပ်မရဘူး ဝင်ငွေလည်း မရှိဘူး။ ဒီကြားထဲ ပွဲတွေက ဆက်တိုက်လုပ်နေကြတော့ ကူငွေထည့်ဖို့တောင် မနည်း ရုန်းကန်နေရတာ။ အဆင်မပြေပါဘူး၊ စားဖို့တောင် အနိုင်နိုင်နဲ့” ဟု အဆိုပါ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ ခုနှစ်က အင်းလေးဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး မြေဩဇာဈေးတက်၍ သီးနှံများ စိုက်ပျိုးသူ အနည်းငယ်သာရှိခဲ့ပြီး ဈေးကောင်းမရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ငလျင်ဘေးနှင့် ရေဘေးဒဏ် နလန်မထူနိုင်သေးသည့်ကြား အင်းလေး ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNO ပြည်သူ့စစ်များက ဦးစီးပြီး ငလျင်ဘေးဒဏ်နှင့် ရေဘေးဒဏ်ခံနေရသည့် ပြည်သူများထံမှ ပိုက်ဆံကောက်ယူကာ စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...

အင်းလေးဒေသခံ အစားအသောက်နှင့်ဆေးဝါး ပိုခက်ခဲလာ

0
သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများ အစားအသောက်နှင့် ဆေးဝါးခက်ခဲမှု ရှိနေကြောင်း သတင်းရရှိသည်။ Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားပြီး နောက်ပိုင်း အလုပ်အကိုင်ခက်ခဲမှုကြောင့် အစားအသာက်နှင့်ဆေးဝါး အခက်ခဲတွေ ကြုံတွေ့လာရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျေးရွာအများစုမှာ အခက်ခဲတွေဖြစ်နေကြတယ်၊ ဟဲယာရွာမရွာဆိုရင် သီးနှံ...

လက်ရှိသယံဇာတထိန်းသိမ်းရေးဝန်ကြီးအား လာမည့်အစိုးရသက်တမ်း တာဝန်ထပ်မပေးစေလိုကြောင်း အင်းလေးဒေသအရပ်ဖက်အဖွဲ့အစည်းတောင်းဆို

0
သျှမ်းပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို အင်းလေးဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဒီဇင်ဘာ(၆) ရက် ရက်စွဲဖြင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် သျှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ အင်းလေးကန်ဒေသနှင့် အင်းလေးကန် ရေဝေရေလဲဒေသမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ လူထု...