CATEGORY

သတင်း

ကျောင်းကားမှောက် ကျောင်းသား ၅ ယောက်သေဆုံးခဲ့သည့်ကျောင်းခွဲ အလက အဆင့်တိုးမြှင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စုတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲအဆင့်မှ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြတောင်းဆိုမှုအား ပညာရေးဝန်ကြီးက အတည်ပြု တိုးမြှင့် ပေးကြောင်း ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် အစည်းအဝေးတွင် ဖြေကြားလိုက်သည်။ ၄င်းအဆိုကို မိုင်းကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ က ဒုတိယအကြိမ် တင်ပြတောင်းဆိုခဲ့ပြီးနောက်...

သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မ ၆၆ မှ ဗိုလ်ချုပ်ကြီးလှဦးအားခန့်အပ်

ယမန်နေ့ကခေါ်ယူသော သျှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးလှဦး အား ခန့်အပ်တာဝန်ပေးခြင်းအခမ်းအနား ပါပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၈ ရက်က ခေါ်ယူသော အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် ၁၁၃ ဦးသာတက်ရောက်ခဲ့ပါသည်။ သျှမ်းအစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် မှာ...

လဲချားတွင် ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမည်ဟုဆို  

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန လွယ်လင်မြို့က လဲချားမြို့ဒေသခံများအတွက် ဒေသအမှတ်ဖြင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက် နေ့တို့တွင် လဲချားမြို့တွင်း ကွင်းဆင်းဆောင်ရွက်မည်ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်လိုင်စင်များလာရောက်ပြုလုပ်ကြရန် ဇွန်လ ၁၃ ရက်နေ့က မြို့နယ်ထွေအုပ်က သက်ဆိုင်ရာအုပ်စု၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ...

သီပေါမြို့က စားသောက်ဆိုင် ပိုင်ရှင်လင်မယား ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွင် ထမင်းဆိုင် ဖွင့်ထားသည့် မြို့ဆင်ခြေဖုံးနေလင်မယားနှစ်ဦး ယမန်နေ့ညသန်းခေါင်ခန့်က ပစ်သတ်ခံရသည်ဟု သိရှိရသည်။ ၂၀၁၈ ဇွန်လ ၁၅ ည ၁၀ နာရီကျော်အချိန် မူစယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ ဝမ့်ဆွန်အွဲ့ (ကြံခင်းရွာ) ညောင်ပင် အနီး စားသောက်ဆိုင်ပိုင်ရှင်လင်မယားဖြစ်သည့် စိုင်းစံညွှန့် နှင့် နန်းရွှေကြည်တို့...

လားရှိုးတွင်နေ့ခင်းကြောင်တောင်ဓါးပြတိုက်မှုဖြစ်ပွါး ဒေသခံများလုံခြုံရေးစိုးရိမ်

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၉ နယ်မြေ ၅ တွင် ပရိဘောဂ ပြုလုပ်သည့်နေအိမ်သို့ ယမန်နေ့ နေ့လည် ၁နာရီ ခွဲ ၌ အမျိုးသားတဦးမှ ဓားဖြင့်ခြိမ်းခြောက်ကာ လုယက်ဓါးပြတိုက်မှု ဖြစ်ပွားရာ ယနေ့ထိ တရားခံ ထွက်ပြေးနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါ...

လယ်ယာစိုက်ပျိုးရေးအတွက်ရေပေးဝေသည့် လဲချားမြို့ ရေကန်ကြီးပြုပြင်ပေးရန် လွှတ်တော်တွင်တောင်းဆို

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့တွင် လယ်ယာမြေဧက ၁၀၀ နီးပါးခန့်အား ရေပေးဝေလျှက်ရှိသော နောင်ခမ်းရေကန်အား နိုင်ငံတော်မှ ပြန်လည်ပြုပြင်ပေးနိုင်ရေးအတွက် လွယ်လင်ခရိုင် အမျိုး သား လွှတ်တော်ကိုယ်စားလှယ် က အမျိုးသားလွှတ်တော်အစည်းအဝေးတွင်တင်ပြခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် စိုင်းထွန်းအောင်က -...

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသောလုပ်ငန်း ၁၁ မျိုးထိုင်းအစိုးရ ပြန်ခွင့်ပြု

ထိုင်းနိုင်ငံအစိုးရသည် ၄င်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသော လုပ်ငန်းများ အနက် ၁၁ ခုကိုခွင့်ပြုပေးကြောင်းသိရသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသော လုပ်ငန်းများမှာ ၃၉ မျိုးရှိသည့်အနက်ယခု ဇွန်လ ဆန်းပိုင်းက ၁၁ ခုအားပြန်လည်လမ်းဖွင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံအလုပ်ရှင်များအသင်းက- “အခုအစိုးရက တားမြစ်ထားတဲစည်းကမ်းချက်တွေဖြစ်ကြတဲ့ - အထည် ရောင်း တာတို့၊ ကုန်ပစ္စည်းဆိုင်စောင့်...

တောင်ကြီးမြို့တွင် ရင်ခွင်မဲ့မသန်စွမ်းသူ များ အတွက် ကူညီထောက်ပံ့ပွဲကျင်းပ

ရင်ခွင်မဲ့ နှင့် မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးအဖွဲ့ တောင်ကြီးမြို့နယ် အနေဖြင့် သျှမ်းပြည်နယ် တွင်စတင်လှုပ်ရှား ဆောင် ရွက်သည့်ကူညီ ထောက်ပ့ံရေးတေးဂီတ နှင့် စျေးရောင်းပွဲတော်ကို မြို့တော် ခန်းမတွင် ဇွန်လ (၁၄) ရက်နေ့က ကျင်း ပခဲ့သည် ။ သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မသန်စွမ်းအသင်းအဖွဲ့ (၄)...

နမ့်လန်ရေဘေးသင့်ဒေသခံတွေကို ကူညီဖို့ ပင်လုံလူငယ်များ ထောက်ပံ့မှုပစ္စည်းတွေကောက်ခံ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့က သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ  ၊ ဆရာတော်သံဃာတော်တွေ၊ သျှမ်းလူငယ်တွေစုပေါင်းအင်အားနဲ့ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့က ရေဘေးသင့်လူထုတွေကိုကူညီထောက်ပံ့ မှုတွေသွားပေးကြမယ်လို့သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့မနက်ပိုင်းက ပင်လုံမြို့ သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့နဲ့ ဒေသခံ ရပ်မိရပ်ဖတွေ လွှတ်တော်ကိုယ်စားလှယ်တွေက...

လိုင်စင်မဲ့ without ကားများ သိမ်းဆည်း ခြင်းမရှိ ဟု ဆို

သျှမ်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ without ကားများအား သိမ်းဆည်းခြင်းမှာ မဟုတ်ဘဲ မော်တော်ယာဉ် ဥပဒေအရ အရေးယူ တရားစွဲဆိုခြင်းသာဖြစ်ကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးဇော်အောင်က ဇွန်လ ၁၂ ရက်က မီဒီယာ များသို့ပြောသည် ။ "ကျနော်တို့ရှောင်တခင်စစ်တဲ့အခါကျတော့ သျှမ်းပြည်နယ်မှာက...

Latest news