တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။

ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော UNODC ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဒေသတွင်း ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ အချက်အချာဖြစ်လာရုံသာမက ထိုမူးယစ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများသည် အခြေခံအဆောက်အအုံ၊ လုံခြုံရေးနှင့် ငွေကြေးကွန်ရက်များကို အတူတကွ မျှဝေသုံးစွဲလာကြကြောင်း ဖော်ပြထားသည်။

“မူးယစ်ဆေးဓာတ်ခွဲခန်းတွေနဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေ တစ်နေရာတည်းမှာ အတူရှိနေတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါဟာ သူတို့နောက်ကွယ်က ငွေကြေးစိုက်ထုတ်ပေးသူတွေ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ဥပဒေစိုးမိုးရေး အလှမ်းမမီတဲ့ နယ်မြေတွေကို အတူတူ မျှဝေသုံးစွဲနေကြတာကို ပြနေတာပါ”ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် Delphine Schantz က ပြောကြားသည်။

အစီရင်ခံစာအရ သျှမ်းပြည်မြောက်ပိုင်းတွင် စက်မှုအဆင့်မီ မက်သဖက်တမင်း ဓာတ်ခွဲခန်းများနှင့် ၁ ကီလိုမီတာခန့်အကွာတွင် ကျားဖြန့်လုပ်ငန်းများကို တွေ့ရှိခဲ့ရပြီး၊ ယင်းသည် တရားမဝင် စီးပွားရေးလုပ်ငန်းများ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုကာ ကြီးထွားလာနေသည့် လက္ခဏာဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၏ ပရမ်းပတာ အခြေအနေကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ စံချိန်တင် မြင့်တက်နေပြီး စျေးကွက်အတွင်း စျေးနှုန်းများ သိသိသာသာ ကျဆင်းနေသည်။

၂၀၂၅ ခုနှစ်အတွင်း မက်သဖက်တမင်း ၁ ဂရမ်လျှင် ၅ ဒသမ ၅၅ ဒေါ်လာအထိ စျေးကျသွားခြင်းမှာ ထုတ်လုပ်မှုပမာဏ အဆမတန် များပြားနေခြင်းကို ပြသနေကြောင်း UNODC က ထောက်ပြသည်။

တစ်နှစ်တည်းမှာပင် အရှေ့တောင်အာရှတစ်လွှား မက်သဖက်တမင်း ၃၄၉ တန်နှင့် ကတ်တမင်း ၅၂ ဒသမ ၅ တန် စံချိန်တင် ဖမ်းဆီးရမိခဲ့ရာ ယင်းပမာဏ အများစုမှာ မြန်မာနိုင်ငံမှ လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားလျက်ရှိခြင်းနှင့် အုပ်ချုပ်သူအစိုးရ၏ နယ်မြေစိုးမိုးမှု အားနည်းလာခြင်းတို့ကြောင့် ရာဇဝတ်မှုနှိမ်နင်းရေးထက် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကိုသာ ဦးစားပေး ဆောင်ရွက်နေရသည့် အခြေအနေဖြစ်ရာ၊ ယင်းအချက်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအတွက် မြန်မာနိုင်ငံအား လုံခြုံစိတ်ချရသော ခိုလှုံရာ ဖြစ်သွားစေသည်ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) မှ Richard Horsey က သုံးသပ်ထားပါသည်။

ထို့ပြင် အီတိုမီဒိတ် (Etomidate) ဟုခေါ်သော မေ့ဆေးတစ်မျိုးကို မူးယစ်ဆေးအဖြစ် ထုတ်လုပ်ကာ Vape များအတွင်း ထည့်သွင်းရောင်းချသည့် အန္တရာယ်သစ်မှာလည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် လျင်မြန်စွာ ပျံ့နှံ့လာနေသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါး၊ ဆိုက်ဘာရာဇဝတ်မှုနှင့် တရားမဝင် ငွေကြေးစီးဆင်းမှုများ ပေါင်းစည်းလာခြင်းသည် မြန်မာနိုင်ငံအတွက်သာမက တစ်ဒေသလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကြီးမားစွာ ခြိမ်းခြောက်နေပြီဖြစ်ကြောင်း UNODC အစီရင်ခံစာက သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...