Wednesday, January 28, 2026

သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မ ၆၆ မှ ဗိုလ်ချုပ်ကြီးလှဦးအားခန့်အပ်

ယမန်နေ့ကခေါ်ယူသော သျှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးလှဦး အား ခန့်အပ်တာဝန်ပေးခြင်းအခမ်းအနား ပါပြုလုပ်ခဲ့ကြောင်းသိရသည်။

သျှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် သျှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသစ် တပ်မ ၆၆ မှ ဗိုလ်ချုပ်ကြီးလှဦးအား ကျမ်းသစ္စာဆိုနေစဉ်

ဇွန်လ ၁၈ ရက်က ခေါ်ယူသော အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် ၁၁၃ ဦးသာတက်ရောက်ခဲ့ပါသည်။

သျှမ်းအစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် မှာ တပ်မမှူးအဖြစ်ရာထူးတိုးပြီး စစ်ကိုင်းသို့ပြောင်းရွှေ့ခဲ့ရပြီး ၄င်းနေရာအား တပ်မ ၆၆ မှ ဗိုလ်ချုပ်ကြီးလှဦးက ရောက်ရှိလာခြင်းဖြစ်သည်။

အစိုးသစ်လက်ထက်တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပြောင်းအလဲပြုလုပ်သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိနေ

သျှမ်းပြည်နယ်တွင် ယခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းမတင်သွင်းသူ လေးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၅၀ နှင့် ကျန်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကျပ်သိန်း ၁၀၀ ထိ အသုံးပြုခွင့်ရရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၇ အရ...

သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ၂ ရက် လာမည့်နှစ်အတွက် ဘတ်ဂျက် အတည်ပြု

0
၂၀၂၀ -၂၀၂၁ ခုနှစ် ဘတ်ဂျက်အတည်ပြုပြီး ဘတ်ဂျက် ခွဲဝေ သည့်နေရာတွင် မြို့နယ်အလိုက် မျှတစွာ ခွဲဝေသင့်ကြောင်း ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ အဖွဲ့ဝင်က သုံးသပ် ခဲ့သည်။ မေလ ၁၈ ရက် ယမန်နေ့က ပြန်လည်ခေါ်ယူသည့် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်...

သျှမ်းပြည်အတွင်းနိုင်ငံသားစိစစ်ရေး ကဒ်ပြား(မှတ်ပုံတင်)မရှိသေးသး ၅သိန်း ၇ သောင်းကျော်ရှိ နတလ ပြော

0
  သျှမ်းပြည် အတွင်း မှတ်ပုံတင် ကဒ် မကိုင်ဆောင် နိုင်သေးသူ ၅ သိန်း ရ သောင်း ကျော်ရှိကြောင်း သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ (နတလ) ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြော သည်။ ဒုတိယ အကြိမ်မြောက် သျှမ်းပြည်နယ်လွှတ်တော်...

၀ှစ်သောက်ကားများ လိုင်စင်ရရေးအတွက် ကျားဖြူကိုယ်စားလှယ်၏အဆို မအောင်မြင်

0
သျှမ်းပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ လိုင်စင်ပြုလုပ်ပေးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုး ရထံတင်ပြပေးရန် မိုင်းပန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းရာ တရားမဝင် ကားများသွင်းခြင်း ကိုအားပေးရာရောက်စေမည်ဖြစ်သဖြင့် တရားဝင်မှတ်ပုံတင်လုပ်ပေးခြင်းကို နိုင်ငံတော်မှ ဆောင်ရွက် ခွင့်ပြု မှသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့...

မိုင်းရှူးရှိကျေးလက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသေး မိုင်းရှူးပြည်နယ်ကိုယ်စားလှယ် လွှတ်တော်တွင်ဆွေးနွေး

0
မိုင်းရှူးမြို့နယ်၊ မိုင်းစံဒေသအတွက် ထိရောက်သောကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်ကြောင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြန်လည်စတင်သော စက်တင်ဘာ ၁၇ နေ့ တွင်ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မိုင်းစံမှာ တိုက်နယ်ဆေးရုံရှိတယ်။ အဲ့ဆေးရုံက စဆောက်ကတည်းက ပိတ်ထားတယ်...