သျှမ်းပြည်အတွင်းနိုင်ငံသားစိစစ်ရေး ကဒ်ပြား(မှတ်ပုံတင်)မရှိသေးသး ၅သိန်း ၇ သောင်းကျော်ရှိ နတလ ပြော

0

 

သျှမ်းပြည် အတွင်း မှတ်ပုံတင် ကဒ် မကိုင်ဆောင် နိုင်သေးသူ ၅ သိန်း ရ သောင်း ကျော်ရှိကြောင်း သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ (နတလ) ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြော သည်။

သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ (နတလ) ဝန်ကြီး ဗိုလ်မှူးကြီး လှဦး

ဒုတိယ အကြိမ်မြောက် သျှမ်းပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ဖြစ်သည့် ဇွန်လ ၁၂ ရက်နေ့က ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ၏ “ သျှမ်းပြည် အတွင်း နိုင်ငံသား စိစစ်ရေး ကဒ်ပြား၊ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများ အား စီမံချက် နှင့် ဆောင်ရွက်နေမှု အခြေအနေများ” နှင့်ပတ်သတ်သည့် မေးခွန်း အပေါ် ဗိုလ်မှူးကြီး လှဦး ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

သျှမ်းပြည် အတွင်း မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများ၊ ထုတ်ပေးသည်နှင့် ပတ်သတ်ပြီး အချိန်ကာလ သတ်မှတ်ဆောင်ရွက်ပုံ များသိရှိလိုသည်ဟု ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း က မေးမြန်းခဲ့ပါသည်။

ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း

အသက်၁၀ နှစ်ပြည့်ပြီး ၊ အသက် ၁၈နှစ်ပြည့်ပြီးသော်လည်း ဒေသခံတိုင်းရင်းသားများသည် တဖက်နိုင်ငံ သို့ ရောက်ရှိနေခြင်း၊ ပြည်ထဲရေး အမည်ပေါက် ဒေသတွင် နေထိုင်ခြင်း၊ အထူးဒေသတွင် နေထိုင်ခြင်း၊ ခရီးလွန်နေခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် နိုင်ငံသား စိစ်ရေး ကဒ်ပြား မရှိသေးသည့် လူဦးရေ ၅ သိန်း ၇ သောင်း ကျော် ရှိဟု ဗိုလ်မှူးကြီး လှဦး က ပြောသည်။

ဆက်လက်ပြီး သျှမ်းပြည် အတွင်း တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြား ကိုင်ဆောင်သူ လူဦးရေ စုစုပေါင်း ၃ သန်း ၈သိန်း ကျော်ရှိကြောင်းလည်း ဗိုလ်မှူးကြီး လှဦး က ထပ်လောင်း ပြောကြားခဲ့သည်။

ထို့အတွက် နိုင်ငံသား စိစစ်ရေး ကဒ်ပြား မရှိသေးသည့် ပြည်သူများအနေဖြင့် နေရပ်ရင်းပြန်ကာ မှတ်ပုံတင်လုပ်ဖို့ တိုက်တွန်းကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ဘာသာစကားအခက်အခဲများရှိခဲ့ပါက ဒေသတွင်းနိုင်ငံရေးပါတီ များ၊ ပြည်နယ်လွှတ်တော် အမတ်များထံ အကူအညီတောင်းခံ ရန်လည်း လားရှိုးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တချို့ ကမှတ်ပုံတင် မရှိဘူး။ မှတ်ပုံတင် ပါမှ သွားရ၊ လာရတာ လွယ်တယ်။ သူများနိုင်ငံမှာ နိုင်ငံသားတွေက မှတ်ပုံတင် မကိုင်ရင်မရဘူး။ ဒါက အရေးကြီးတယ်။ အားလုံးလုပ်ဖို့ လိုတယ်။ မရရင် ပါတီ တွေကိုဆက်သွယ်ပါ။ အမတ်တွေကို ဆက်သွယ်ပါ။ အချိန်တိုင်းဆက်သွယ်နိုင်ပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်းက ဆိုသည်။

တခြားနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီး မွေးသက္ကရာဇ် မရှိ ပါက မှတ်ပုံတင် လုပ်ဆောင်ရန် ခက်ခဲနိုင်ကြောင်း လည်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE