Wednesday, January 28, 2026

၀ှစ်သောက်ကားများ လိုင်စင်ရရေးအတွက် ကျားဖြူကိုယ်စားလှယ်၏အဆို မအောင်မြင်

သျှမ်းပြည်နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ လိုင်စင်ပြုလုပ်ပေးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုး ရထံတင်ပြပေးရန် မိုင်းပန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းရာ တရားမဝင် ကားများသွင်းခြင်း ကိုအားပေးရာရောက်စေမည်ဖြစ်သဖြင့် တရားဝင်မှတ်ပုံတင်လုပ်ပေးခြင်းကို နိုင်ငံတော်မှ ဆောင်ရွက် ခွင့်ပြု မှသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။

Photo by SHAN/ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ကျားဖြူပါတီ SNDP ကိုယ်စားလှယ် စိုင်းနောင့်

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ က မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ကျားဖြူပါတီ SNDP ကိုယ်စားလှယ် စိုင်းနောင့်က သျှမ်းပြည်နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်သူလူထု မနစ်နာစေရေးအတွက် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ပြည် ထောင်စုအစိုးရသို့ တင်ပြပေးရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ အခုလိုင်စင်မဲ့မော်တော်ယာဉ်တွေ နေရာတိုင်းမှာ ပေါများနေတယ်။ လိုင်စင်မဲ့ မော်တော်ယာဉ်ကို ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြည်သူလူထုကြား ရုတ်ရုတ် သဲသဲသတင်းအမျိုးမျိုးတွေမကြာခန ထွက်ပေါ်နေတာကြောင့် လူထုတွေဟာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ လူထုရဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင် လူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို သွယ်ဝိုက်သောနည်းလမ်းနဲ့ ဖျက်ဆီး နေသလိုဘဲဖြစ်တယ် ။ လူထု နစ်နာ ဆုံးရှုံးမှုအကြိမ်ကြိမ်ဖြစ် ရမှာကိုစိုးရိမ်ရပါတယ် ။ ဒါကြောင့်ပြည်သူလူထု မနစ်နာစေရေးအတွက် အခြားနည်းလမ်း တရပ်ရပ် နဲ့ လိုင်စင်တွေလုပ်ပေးနိုင်မလား ပေါ့နော် ” – ဟု စိုင်းနောင့်က သျှမ်းသံတော်ဆင့် အားပြောပြသည်။

ဦးစိုင်းနောင့်၏ အဆိုအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လက်ရှိအခြေနေမှာ လိုင်စင်မဲ့ ယာဉ်များကို နည်းလမ်းတမျိုးမျိုးဖြင့် လိုင်စင်ရရှိအောင် ဆောင်ရွက်ပေး မည်ဆိုပါက ဥပဒေကို လိုက်နာသော တရားဝင် လိုင်စင်ဖြင့်တင်သွင်းသော ယာဉ်များနှင့် မလိုလားအပ် သောပြဿနာ များဖြစ်ပေါ်လာနိုင်သဖြင့် ပြည်တွင်းကားစျေးကွက်လည်း ကမောက်ကမဖြစ်ပေါ်လာနိုင်ကြောင်း၊ တဖက်ကလည်း တရားမဝင် ကားမှောင် ခိုသွင်းခြင်းကို အားပေးရာ ရောက်စေကြောင်း ၊ ထို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နည်းဥပဒေလုပ်ထုံးလုပ်နည်းများမရှိပါသဖြင့် မော်တော်ယာဉ်များ အား တခြားနည်းလမ်းတရပ်ရပ်ဖြင့် တရား ၀င်မှတ်ပုံတင်လုပ်ပေးခြင်း မရှိကြောင်း၊ နိုင်ငံတော်မှအထူးကိစ္စအဖြင့် ဆောင်ရွက်ခွင့်ပြုမှသာ ပါ၀င်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

စိုင်းနောင့်၏ အဆိုအား ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးခိုင်ညီညီကျော် နှင့် လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကျားခေါင်းပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်တို့က ထောက်ခံဆွေးနွေးခဲ့သည်။

ရပ်စောက်မြို့မှ ကိုယ်စားလှယ်ဦးခိုင်ညီညီကျော်က – “ လိုင်စင်မဲ့ယာဉ်များကို သုံးစွဲနေသော ပြည်သူများသည်လည်း ရိုးရိုးသားသားဖြင့် သွားလာရေးနှင့်မိမိတို့ ၏စီးပွားရေးအတွက် မဖြစ်မနေသုံးစွဲ နေရသကဲ့သို့ ၊ တဖက်တွင်လည်း ထိုသို့သောလိုင်စင်မဲ့ယာဉ်များဖြင့် ဥပဒေနှင့်မညီသော တရားမဝင်သစ်မှောင်ခို ကူးခြင်း မူးယစ်ဆေးဝါးသယ်ယူခြင်း တို့တွင် စောင့်ကြပ်စစ်ဆေး မှုမျာနှင့်ကြုံရပါက တရားခံမှာ ယာဉ်ကိုပစ်ထား၍ တိမ်းရှောင်ထွက်ပြေးခြင်း စသည့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပြီး တရားဥပဒေစိုးမိုးရေးတွက် စိန်ခေါ် မှုတရပ်ဖြစ်နိုင်ကြောင်း ” ထောက်ခံဆွေးနွေးခဲ့သည်။

“တကယ်တော့ သျှမ်းပြည်မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ပေါများနေတယ်ဆိုတာ လူထုရဲ့အမှား မဟုတ်ဘူး။ ခေတ်အဆက်ဆက်အစိုးရလက်ထက်မှာ နယ်စပ် ဒေသ တရားဥပဒေစိုးမိုးရေးအားနည်း တာကြောင့် ဖြစ်တယ်” ဟု ဦးစိုင်းနောင့်က ရှင်းပြသည်။

တဖက်တွင်လည်း အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၁၈ ဦး တက်ရောက်ရာ စိုင်းနောင့်၏ အဆိုမှာ ထောက်ခံသူ ၅၃ ဦး၊ ကန့်ကွက်သူ ၅၈ ဦးဖြင့် အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ် တပ်မတော် အစိုးရလက်ထက်တွင် တနိုင်ငံလုံးအတိုင်းအတာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို သိမ်းဆည်းဖူးခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ်များ သိသိသာသာ လျော့နည်းသွားသော်လည်း ပြည်သူလူထုမှာ များစွာ နစ်နာဆုံးရှူံးခဲ့ဖူးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

0
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။  ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...