တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ယမန်နေ့ (ဧပြီ ၂၄)ရက်တွင် ထုတ်ပြန်လာခဲ့သည်။

ထို တရုတ် ကျားဖြန့် သမား (၅၂)နှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးလည်း ပါဝင်သည်။

အဆိုပါ တရုတ်နိုင်ငံသားကျားဖြန့်သမားများ၏ နောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ အာဏာပိုင်များရှိနိုင်ကြောင်း၊ ထိုသူများမရှိလျှင် မိုင်းပန်မြို့နယ်ထိ ဝင်ရောက်လာနိုင်စရာ အကြောင်းမရှိကြောင်းလည်း မိုင်းပန်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုင်းပန်မှာ ကျားဖြန့်ရှိနေတဲ့ နေရာနဲ့ ထိုင်နယ်စပ်ကလည်းဝေးတယ်။ လာအိုနဲ့ ထိုင်းကနေ လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။အဲ့လောက် အစစ်ဆေးကြမ်းတာကို။လဲချား၊ ခိုလမ်ဘက်နေ ဆင်းလာတာ ပိုတောင် လွယ်တယ်။ အဖွဲ့အစည်းနဲ့ လာလို့ လွတ်လွတ်လပ်လပ်လာနေနိုင်တာပေါ့။”ဟု မိုင်းပန်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျားဖြန့်သမားများဖမ်းဆီးရမိသည့် နေရာသည် မိုင်းပန်မြို့နယ် မှ ကျိုင်းတောင်းသို့ သွားရာလမ်းဘက်ဖြစ်ပြီး၊ ထိုနေရာတွင် စစ်ကော်မရှင်တပ်၊ SSS မဟာဂျာ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ သွားလာလှုပ်ရှားသည့် နယ်မြေဒေသများလည်း ဖြစ်သည်။

“သူတို့ဖမ်းတာ တောထဲမှာ ဖမ်းတာဆိုတော့မြို့က ဒေသခံဘယ်သူမှမသိဘူး။ တောထဲမှာက လက်နက်ကိုင်တွေ နဲ့ အချိတ်အဆက် မရှိဘဲနေရင်လည်း မဖြစ်နိုင်ဘူး။သူတို့နောက်မှ လက်နက်ကိုင်ရော စစ်တပ်ရောရှိမှာပဲ”ဟု ၎င်းက ဆိုပြန်သည်။

ထိုတရားမဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်နေရာကို အဆောက်အုံးများရှိရာထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလုပ်ရုံ ၃ ရုံ ၊ လူနေတဲ ၈ လုံး ၊ All In One ၁ လုံး ၊ Laptop ၁၂ လုံး ၊ Starlink ၄ လုံး ၊ ပါဝါစတေရှင် ၄ လုံး၊ မီးစက် ၂ လုံး နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဝင်ရောက်စီးနင်းမှုအတွင်း စုစုပေါင်း ဖမ်းဆီးရမိသူ ၅၂ ဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော်လည်း စစ်ကော်မရှင်တပ်မှ တရုတ်နိုင်ငံသားကျားဖြန့်သမားများကို အမှန်တကယ်နှိမ့်နင်းလျှင် ကျားဖြန့်သမားများသည် ယနေ့ချိန်တွင် မြန်မာပြည်အတွင်း ပပျောက်နေပြီးဖြစ်ကြောင်း မိုင်းပန်မြို့ဒေသခံများကဆိုသည်.

ထို့ကြောင့် မိုင်းပန်မြို့နယ်အတွင်း လက်ရှိ ကျားဖြန့်ဖမ်းဆီးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ စစ်ကော်မရှင်တပ်အနေဖြင့် ဟန်ပြ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။

မိုင်းပန်ဒေသခံ တစ်ယောက်အနေဖြင့် ယခုဖမ်းဆီးမှုသည် ဟန်ပြတာ ဖြစ်နိုင်ပြီး မိုင်းပန်မြို့နယ်အတွင်း ပထမဆုံး ဖမ်းဆီးမှုကြောင်းကို ၎င်းက ဆက်လက်ရှင်းပြသည်။

“စစ်တပ်က ပြည်သူ့စစ်လမ်းကြောင်းကနေ ခေါ်လာပြီးမှ သူတို့ဟန်ပြဖမ်းတာလည်း ၅၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်။ မိုင်းပန်တောထဲမှာ ရောက်လာတာ အံ့သာတာပေါ့။ ဒေသခံတွေက မသိဘူး။ သတင်းတက်လာမှ သိတာ” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား ကျားဖြန့်သမားများသည် မိုင်းပန်မြို့ပေါ်သို့ သွားလာ လှုပ်ရှားခြင်းမရှိသကဲ့သို့ မြို့ထဲသို့ စျေးဝယ်လာခြင်းလည်းမရှိကြောင်း၊ ထို့ကြောင့် ၎င်းကျားဖြန့်များနေထိုင်ရန် စာနပ်ရိက္ခာနှင့် အဆောက်အဉီး အခိုင်အမာ တည်ဆောက်ထားပုံကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင်များနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း လည်း မိုင်းပန် ဒေသခံများက မှတ်ချက်ပြုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) မှ ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI) က ကျားဖြန့်လုပ်ကိုင်နေသည့် နိုင်ငံများကို ဝင်ရောက်ပြီး ကျားဖြန့်အရေး နှိမ်နင်းမည်ဟု ကြွေးကြော်မှုကြောင့် စစ်ကော်မရှင်မှ ကျားဖြန့်လုပ်ကိုင်သူများကို ပိုပြီး ဖမ်းဆီးပြ နေခြင်းသာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၇ရက်တွင်လည်း တာချီလိတ်မြို့တွင် အွန်လိုင် လိမ်လည်မှု (ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားစုစုပေါင်း ၅၂ဉီးကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဧပြီလ ၂၉ ရက်တွင်လည်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် နှင့် တော်ရွက်ရပ်ကွက်တို့တွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၈ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ထိုင်းနိုင်ငံသား ၂၄ ဦးကို ကျားဖြန့်ဆက်နွှယ်မှုဖြင့် ထိုင်းတာဝန်ရှိသူများ လာရောက်စစ်ဆေး

0
သျှမ်းပြည် တာချီလိတ်မြို့တွင် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၂၄ ဦးတို့ကို လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း ဆက်စပ်မှုများအတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၂၄) ဦးတို့ကို လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်...

သျှမ်းပြည်တွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးရမိ

0
သျှမ်းပြည်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဆက်တိုက် ဖမ်းဆီးရမိနေကြောင်း စုံစမ်းသိရသည်။ ယခု မတ်လဆန်းပိုင်းတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုံးခွဲ အခြေစိုက်ပြီး ထိုင်းအာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့်...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

0
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။  ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy...

ငွေသိန်းသောင်းချီ အွန်လိုင်း ငွေကြေးလိမ်လည်မှုများ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွား

0
မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဂိမ်းကစားရုံ၊ ရင်းနှီးမြုပ်နှံရုံဖြင့် နေ့စဉ် အမြတ်ငွေများ ရရှိမည်ဆိုပြီး KLFB၊ I Wealth၊ Miami၊ CFATI နှင့် FCFB စသည့် Online Application များတွင် ရင်းနှီး မြုပ်နှံကြသူများမှာ အများအားဖြင့် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး...